




unicod

အသစ် ဖန်တီးချင်ရင် စာများများ ဖတ်ကြပါ နိုက်ကလပ်တွေပဲစွတ်တက်မနေကြ ပါနဲ့လို့ ယုန်လေးရဲ့ လာရောက်ရှင်းပြမှုအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ရုပ်ရှင် အစည်းအရုံးဥက္ကဌ ညီညီထွန်းလွင်(ရုပ်သံ)

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ညီညီထွန်းလွင် တချိန်က နာမည်ကျော် ဒါရိုက်တာ တစ်ဦးဖြစ်သလို ယခုထက်ထိ ရုပ်ရှင်လောကသားများရဲ့ လေးစားမှု ကို ရရှိနေသူတစ်ဦးဖြစ်ပါတယ်ယခုရက်ပိုင်းမှာ ဝေဖန်မှုတွေခံနေရတဲ့ ယုန်လေးရဲ့ Music Video နဲ့ပတ်သတ်ပြီး ယနေ့မှာ ယုန်လေးကရုပ်ရှင်အစည်းအရုံး ကိုသွားရောက် ရှင်းပြခဲ့တယ်လို့ သိရပါတယ် ဒီလို လာရောက်ရှင်းပြမှုနဲ့ပတ်သတ်ပြီး ညီညီထွန်းလွင်က ယခုလို ဖွင့်ဟလာခဲ့တာပါ

“ဒီနေ့သူတို့လာတာက တောင်းပန်ဖို့မဟုတ်ပါဘူး လာရှင်း ပြတာပေါ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လာရှင်းပြတဲ့သဘောပါ အရေးယူတယ်တို့ဘာတို့ဆိုတာ ကောလဟာလတွေပါ ဦးညီတို့အစည်းအဝေး ကမနက်ဖြန်ညမှပါ ” လို့ ယုန်လေးကို အစည်းအရုံးမှထုတ်ပယ်လိုက်ပြီ လို့ဆိုနေကြတဲ့အပေါ် ပြောလာခဲ့တာဖြစ်ပါတယ်

“သူပြောသွားတဲ့အချက်ထဲမှာတော့ ၈၈ အရေးအခင်းဖြစ်တုန်းက သူ ၃ နှစ်သားပဲရှိသေးတာ သူဘာမှနားမလည်ဘူးပေါ့ သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေအရဆိုရင်လည်း သူကထူးခြားတာတွေရိုက်တာဆိုတော့ ထူးခြားမယ်ထင်ပြီး သူရိုက်လိုက်တယ်ပေါ့ ဒီလိုလေးလာရှင်းပြတာပါ ယုန်လေးအစည်းအရုံးဝင်မဟုတ်တဲ့အတွက်ထုတ်ပယ်တယ် ဆိုတာ တကယ့်ကောလဟာလပါသူ့လိုပဲဖန်တီးချင်တဲ့သူတွေကတော့ ယုန်လေးသာကြည့်ထားကြပါ နိုက်ကလပ်တွေကြီးတက်မနေပါနဲ့စာများများဖတ်ကြပါလို့ပဲ ပြောချင်ပါတယ် လို့ ထပ်ဆောင်းပြောပြသွားခဲ့တာပါဒါကတော့ ယုန်လေးနဲ့ မြင့်မြတ်တို့ လာရောက်ရှင်းလင်းတဲ့အပေါ် ဦးညီညီထွန်းလွင်ကပြန်လည်ပြောပြ ခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ အားလုံးပဲ အမြင်လေးတွေကို ဝေမျှခဲ့ကြပါအုန်းနော်

Credit Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *

thirteen + twelve =