






#သာဂိ

unicode

အနုပညာသမား အချင်းချင်း ရေနစ်သူ ကို ဝါးကူထိုး လိုက်တဲ့ ဖိုးထောင် ရဲ့ ရုပ်သံ ဇာတ်လမ်း

ဝေဖန်မှုတွေမြင့်တဲ့ခဲ့တဲ့ ယုန်လေးရဲ့ MTVကို ဟာသတစ်ပုဒ်လုပ်ပစ်လိုက်တဲ့ အရာတော် သားဖိုးထောင်

ယုန်လေးရဲ့ MTV ဟာဆိုရင်တော့ လတ်တလော့ လူအများစိတ်ဝင် အစားမှုအမြင့်ဆုံးနဲ့ ဝေဖန်မှုတွေမြင့်တက်ခဲ့သလို ပြသနာတွေလည်း တပုံကြီးတက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဗွီယိုဖိုင်ကို ရိုက်ကူးခဲ့တဲ့ယုန်လေးကတော့ အားလုံးကိုစည်းလုံးစေချင်လို့ ဆိုပီး ဝန်ချတောင်းပန်ထားပါတယ်။

အခုအခါမှာတော့ ဟာသတွေဖန်တီးတတ်တဲ့ အရာတော်သား ဖိုးထောင်ကတော့ ဟာသဗွီယိုဖိုင်တစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ ဒီဖန်တီးလိုက်မှုဟာ ယုန်လေးကို တမင်သက်သက် ဖဲ့ရာရောက်နေတယ်လို့ တစ်ချို့ကလည်းဝေဖန်ကြသလို၊ စည်လုံးစေချင်လို့ ဗွီယိုဖိုင်လုပ်လိုက်မှ အနီအစိမ်း အဝါအပြာကွဲကြ ပြဲကြ သတ်ကြ တဲ့ လက်တွေ့သရုပ်ကို ဟာသလုပ်တာလို့လည်း မှတ်ချက် ပြုကြပါတယ်။

ဒါနဲ့ပတ်သက်လို့ မိတ်ဆွေရော ဒီဗွီယိုဖိုင်ကို ဘယ်လိုမှတ်ချက်များပေးချင် ပါသလဲ။ ယုန်လေးကတော့ သူဗွီယိုနဲ့ပတ်သက်ပီး အတူလက်တွဲလုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်အချင်းချင်းတောင် မညှာမတာပြောဆိုဝေဖန်တာတွေရှိခဲ့ပါတယ်။

တစ်ချို့လည်း ဒါနဲ့ပတ်သက်လို့ ဘာမှမသိပါကြောင်း၊ စေတနာတွေ မေတ္တာတွေ အပြည့်နဲ့ အခမဲ့ကူညီခဲ့ခြင်းသာဖြစ်ကြောင်း နဲ့ ယုန်လေးဟာ သူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ခြင်းမျိုးသာဖြစ်ကြောင်း မျက်နှာပြောင်တိုက်ပြောဆိုကြတာကိုလည်း အားလုံးကြားသိပီးဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပါ လူဆိုတာ အမှားနဲ့မကင်းနိုင်ကြပါဘူး။ ယုန်လေးအနေနဲ့ မှားခဲ့တယ် ဆိုရင်တောင် စေတနာအမှားဖြစ်ကြောင်းနဲ့ အဲဒီအမှားအတွက် အားလုံးကို ရှိခိုးတောင်းပန်ခဲ့ပါတယ်။ အားလုံးစည်းလုံးကြပါစို့ဗျာ။ မစည်းလုံးကြလို့ ယနေ့အချိန်ထိ မွဲနေကြတာအားလုံးလက်တွေပါပဲလို့ ပြောကြားရင်း …..။

#သာဂိ

Add a Comment

Your email address will not be published. Required fields are marked *

nine − one =