






crd : whitesone

unicode

မလေးရှားထောင်ထဲ က မြန်မာ (၁၇) ဦး မှာ ကိုရိုနာ ဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးတွေ့ရှိ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းတခုမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေ ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၅ ဦးတွေ့ရတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲကြေညာပါတယ်။

အဲဒီလူတွေ ထဲမှာ မြန်မာနိုင်ငံသားက ၁၇ ဦး ပါဝင်ပြီး အိန္ဒိယနိုင်ငံ သားက ၁၅ယောက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ အီဂျစ်နိုင်ငံ သားတွေက တယောက်စီ ပါဝင်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်တဲ့အခါမှာ အခုလိုတွေ့ရှိတာဖြစ်ပါတယ်။

This screengrab from video taken on April 20, 2020 shows released Rohingya prisoners, wearing face masks amid concerns of the COVID-19 coronavirus pandemic, arriving in Sittwe jetty in Rakhine State after being transported by a military boat. – Myanmar sent more than 800 Rohingya back to its restive Rakhine state April 20 after releasing them from various overcrowded jails as the country, accused of genocide against the minority, tries to grapple with the coronavirus crisis. (Photo by STR / AFP) (Photo by STR/AFP via Getty Images)

လတ်တလော မလေးရှားနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရက ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်နေပါတယ်။

မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို လက်ရှိအချိန်ပြန်လာခဲ့တဲ့သူတွေ ထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတချို့ကို စစ်ဆေးတွေ့ရှိထားပါတယ်။ မေလ ၂၀ ရက်တုန်းကလည်း မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေသူတွေထဲက ၁၀၇ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာဘက်ကသွားရောက်ခေါ်ဆောင်ခဲ့ပြီး သူတို့ကို ၂၁ ရက်ကြာ အသွားအလာစောင့်ကြည့်မယ် လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

three × 3 =