Emirates ေလေၾကာင္းလိုင္းက ခရီး သြားရင္း COVID-19 ေရာဂါကူးစက္ခံခဲ့ရပါက ေဆးဖိုးႏွင့္အသုဘစရိတ္ေပးရန္ကမ္းလွမ္း

ယူေအအီးပိုင္ Emirates ေလေၾကာင္း လိုင္းက ခရီးသြားရင္း COVID- 19 ေရာဂါကူးစက္ခံခဲ့ရပါက ေဆးဖိုး၊ Quarantine စရိတ္ႏွင့္ အသုဘစရိတ္အ ထိအကုန္အက်ခံေပးရန္ ကမ္းလွမ္းထား သည္ဟု သိရသည္။

Emirates က ေဆးဖိုးေဒၚလာ ၁၇၆၀၀၀ ၊ Quarantine ဝင္စရိတ္ ၁၁၈ ေဒၚလာအျပင္ အေျခအေန ဆိုးလာၿပီး ေသဆုံးသြားခဲ့ပါကလည္း အသုဘ စရိတ္ ၁၇၆၅ ေဒၚလာထပ္ေပးဦးမည္ျဖစ္သည္။ Emirates အုပ္စု၏ဥကၠ႒ Sheikh Ahmed bin Saeed Al Maktoum က ” Emiratesအေနနဲ႔ ခရီးစဥ္တစ္ေလွ်ာက္ လုံးမွာ အႏၲရာယ္ ကင္းေအာင္ လုပ္ေဆာင္ ေပးထားပါတယ္။

ဘြတ္ကင္တင္ၿပီး လက္ မွတ္ဝယ္ယူရာ မွာလည္း စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြေလွ်ာ့ေပး ထားတာေၾကာင့္ အဆင္ေျပလြယ္ကူေစပါတယ္။ အခုဆို ရင္ ေလယာဥ္နဲ႔ လိုက္လာရင္း ေရာဂါအ ကူးခံရတာနဲ႔ ေဆးဖိုးအထိပါေပးဖို႔ လုပ္ ေဆာင္ထားပါၿပီ” ဟု ဆိုခဲ့သည္။ ကပ္ေရာ ဂါေၾကာင့္ ကမာၻေပၚတြင္ ခရီးသြားလုပ္ငန္း မ်ားအထိနာခဲ့ရၿပီး အထင္ကရေလ ေၾကာင္းလိုင္းႀကီးမ်ားမွစတင္ကာ မူဝါဒ ေျပာင္းလဲမႈမ်ား၊ စည္းမ်ဥ္းသတ္မွတ္ခ်က္ အသစ္မ်ား လုပ္ေဆာင္လာၾကရၿပီး ေလယာဥ္ေပၚတြင္ ႏွာေခါင္းစည္းမတပ္မေနရ စည္းမ်ဥ္းလည္း ထုတ္ျပန္ထားၾကရသည္ ဟု သိရသည္။

ျပည္ျမန္မာ

unicode

Emirates လေကြောင်းလိုင်းက ခရီး သွားရင်း COVID-19 ရောဂါကူးစက်ခံခဲ့ရပါက ဆေးဖိုး နှင့် အသုဘစရိတ်ပေးရန်ကမ်းလှမ်း

ယူအေအီးပိုင် Emirates လေကြောင်း လိုင်းက ခရီးသွားရင်း COVID- 19 ရောဂါကူးစက်ခံခဲ့ရပါက ဆေးဖိုး၊ Quarantine စရိတ်နှင့် အသုဘစရိတ်အ ထိအကုန်အကျခံပေးရန် ကမ်းလှမ်းထား သည်ဟု သိရသည်။

Emirates က ဆေးဖိုးဒေါ်လာ ၁၇၆၀၀၀ ၊ Quarantine ဝင်စရိတ် ၁၁၈ ဒေါ်လာအပြင် အခြေအနေ ဆိုးလာပြီး သေဆုံးသွားခဲ့ပါကလည်း အသုဘ စရိတ် ၁၇၆၅ ဒေါ်လာထပ်ပေးဦးမည်ဖြစ်သည်။ Emirates အုပ်စု၏ဥက္ကဋ္ဌ Sheikh Ahmed bin Saeed Al Maktoum က ” Emiratesအနေနဲ့ ခရီးစဉ်တစ်လျှောက် လုံးမှာ အန္တရာယ် ကင်းအောင် လုပ်ဆောင် ပေးထားပါတယ်။

ဘွတ်ကင်တင်ပြီး လက် မှတ်ဝယ်ယူရာ မှာလည်း စည်းမျဉ်းသတ်မှတ်ချက်တွေလျှော့ပေး ထားတာကြောင့် အဆင်ပြေလွယ်ကူစေပါတယ်။ အခုဆို ရင် လေယာဉ်နဲ့ လိုက်လာရင်း ရောဂါအ ကူးခံရတာနဲ့ ဆေးဖိုးအထိပါပေးဖို့ လုပ် ဆောင်ထားပါပြီ” ဟု ဆိုခဲ့သည်။ ကပ်ရော ဂါကြောင့် ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်း များအထိနာခဲ့ရပြီး အထင်ကရလေ ကြောင်းလိုင်းကြီးများမှစတင်ကာ မူဝါဒ ပြောင်းလဲမှုများ၊ စည်းမျဉ်းသတ်မှတ်ချက် အသစ်များ လုပ်ဆောင်လာကြရပြီး လေယာဉ်ပေါ်တွင် နှာခေါင်းစည်းမတပ်မနေရ စည်းမျဉ်းလည်း ထုတ်ပြန်ထားကြရသည် ဟု သိရသည်။

ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *

14 − eight =