





unicode

ချစ်သူငယ်ချင်း မြင့်မြတ်တို့ သားအဖရဲ့မွေးနေ့ကိုအမှတ်တရပုံလေးတွေ နဲ့ ဆုမွန်ကောင်းတောင်းပေး လိုက်တဲ့ “ယုန်လေး”

ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောက မှာ အောင်မြင်မှုတွေ ရရှိထားသူကတော့ အဆိုတော် ယုန်လေးပဲ ဖြစ်ပါတယ်။ သူဟာ အလွမ်းအဆွေး သီချင်းလေးတွေသာမက ခပ်မြူးမြူးသီချင်းလေးတွေကိုပါ ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ်။ ယုန်လေးဟာ ဂီတလောကမှာသာမဟုတ်ဘဲ သရုပ်ဆောင်ဘက်မှာပါ ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုတွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

သူဟာ လတ်တလောမှာတော့ စိတ်ဓာတ်ကျစရာ ကိစ္စတွေနဲ့ တွေ့ကြုံ နေရတာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ မြင့်မြတ်၊ K ညီ ၊ ထူးခြားနဲ့ တို့ သူငယ်ချင်း တစ်စုဟာ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းကူညီပေးရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးကို သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်နေချိန်မှာ ရှေ့ဆုံးကနေ ကူညီပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း ယုန်လေးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကျေးဇူးတင်ကြောင်း ရေးသား ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ သားလေး မြတ်သူတို့ရဲ့မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ မွေးနေ့ကို ယုန်လေးက အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ” Happy Birthday..ချစ်ဆုံး နှစ်ယောက်..မြင့်မြတ် & သားသားလေး မြတ်သူ..အရာရာအဆင်ပြေပြီး . ဘာလုပ်လုပ် အဆင်ပြေပါစေ .။

မိသားစု နှင့် ရာသက်ပန် အပျော်ရွှင်ဆုံးဘဝ ကို ဖြတ်သန်းနိုင်ပါစေ ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Yone Lay’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

five × one =