အိမ္ေထာင္ မျပဳတာ ကိုယ့္အတြက္ ပိုေကာင္းတယ္ ဆိုတဲ့ ေဖြးေဖြး

ငယ္ငယ္တုန္းက Single ျဖစ္တာ အရမ္း ရွားတယ္။ ေဖြးေဖြးကေတာ့ ငယ္စဥ္တုန္းက ျဖတ္သန္းခဲ့တဲ့ သူမရဲ႕ အခ်စ္ေရး အေၾကာင္းေတြကို အခုလို ေျပာျပလာပါတယ္။

ေဖြးေဖြးကေတာ့ သူမရဲ႕ အခ်စ္ေရး နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို ေျပာျပေလ့မရွိတဲ့သူတစ္ေယာက္ပါ။ ဒါေပမယ့္ သူမကို အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ ၈ မီလီယံ ျပည့္သြားတဲ့ အထိမ္းအမွတ္အျဖစ္ သူမရဲ႕ အခ်စ္ေရးအေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာျပလာခဲ့ပါတယ္။

“ ၈ မီလီယံျပည့္သြားတာနဲ႔ တန္ေအာင္ လို႔ အခ်စ္ေရးအေၾကာင္း နည္းနည္းေျပာျပမယ္ေနာ္။ ဒီစကားကို ေျပာေလ့ ေျပာထ မရွိပါဘူး။ ငယ္ငယ္တုန္းကဆိုရင္ Single ျဖစ္တာ အရမ္းရွားတယ္။

ေဘးနားမွာ တစ္ေယာက္ေယာက္ရွိေနမွေပါ့။ ရည္းစား တစ္ေယာက္မဟုတ္ရင္ေတာင္ အီစီကလီ တစ္ေယာက္ေယာက္ရွိ ေနရတာကို ေဖြးက သေဘာက်တယ္။ အသက္ ၁၉ ႏွစ္၊ ၂၀ ႏွစ္ေလာက္ကေပါ့။

အခုကေတာ့ တစ္ေယာက္တည္း အရမ္း ေပ်ာ္သြားၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ဘာလိုခ်င္တာလဲ ဝယ္လိုက္မယ္၊ သူငယ္ခ်င္းေတြကိုလည္း ပိုဂ႐ုစိုက္မယ္၊ ၿပီးေတာ့ ေမတၱာေတြ မ်ားလာတဲ့ ေဖြးေဖြး ျဖစ္လာတယ္။ အိမ္ေထာင္မျပဳတာ ေဖြးအတြက္ေတာ့ ေကာင္းပါတယ္” ဆိုၿပီးေတာ့ ၾသဂုတ္လ ၅ ရက္ေန႔ ည (၉) နာရီခြဲက Live ထဲမွာ ေျဖဆို ခဲ့တာပါ။

ေဖြးေဖြးကေတာ့ သ႐ုပ္ေဆာင္အလုပ္သာမက သီခ်င္းဆိုတာကိုလည္း ဝါသနာပါ သူျဖစ္တာေၾကာင့္ Stay Home ကာလမွာ သူမကိုယ္တိုင္ သီဆိုထားတဲ့ ” ငါ့ကမာၻထဲ” ၊ “ဘိုမ” စတဲ့သီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြကို မိတ္ဆက္ေပးထားတာလည္း ေတြ႕ရပါတယ္။

သူမဟာ ပန္းခ်ီဆြဲတာကိုလည္း ဝါသနာပါသူ တစ္ေယာက္ ျဖစ္တာေၾကာင့္ အလုပ္ေတြ အားတဲ့ရက္ေတြမွာ မၾကာခဏ ပန္းခ်ီေလးေတြ ဆြဲျဖစ္တယ္လို႔ Live ထဲမွာ ေျပာျပခဲ့ပါတယ္။

အႏုပညာအလုပ္ကို ႐ူးသြပ္လြန္းသူ တစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာ နဲ႔ ပတ္သက္တာမွန္သမွ် အကုန္လုံး ဝါသနာပါတယ္လို႔ ဆိုပါတယ္။ေဖြးေဖြး ဟာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆု အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

ပရိသတ္မ်ားစြာတို႔ရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ သူမဟာ ၂၀၁၂ ခုႏွစ္တြင္ လက္ပံ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေ႐ႊၾကာ႐ုပ္ရွင္ကားႀကီး နဲ႔ ထပ္မံရရွိခဲ့ပါတယ္။

unicode

အိမ်ထောင် မပြုတာ ကိုယ့်အတွက် ပိုကောင်းတယ် ဆိုတဲ့ ဖွေးဖွေး

ငယ်ငယ်တုန်းက Single ဖြစ်တာ အရမ်း ရှားတယ်။ ဖွေးဖွေးကတော့ ငယ်စဉ်တုန်းက ဖြတ်သန်းခဲ့တဲ့ သူမရဲ့ အချစ်ရေး အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။

ဖွေးဖွေးကတော့ သူမရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလေ့မရှိတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ် ၈ မီလီယံ ပြည့်သွားတဲ့ အထိမ်းအမှတ်အဖြစ် သူမရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။

“ ၈ မီလီယံပြည့်သွားတာနဲ့ တန်အောင် လို့ အချစ်ရေးအကြောင်း နည်းနည်းပြောပြမယ်နော်။ ဒီစကားကို ပြောလေ့ ပြောထ မရှိပါဘူး။ ငယ်ငယ်တုန်းကဆိုရင် Single ဖြစ်တာ အရမ်းရှားတယ်။

ဘေးနားမှာ တစ်ယောက်ယောက်ရှိနေမှပေါ့။ ရည်းစား တစ်ယောက်မဟုတ်ရင်တောင် အီစီကလီ တစ်ယောက်ယောက်ရှိ နေရတာကို ဖွေးက သဘောကျတယ်။ အသက် ၁၉ နှစ်၊ ၂၀ နှစ်လောက်ကပေါ့။

အခုကတော့ တစ်ယောက်တည်း အရမ်း ပျော်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်တာလဲ ဝယ်လိုက်မယ်၊ သူငယ်ချင်းတွေကိုလည်း ပိုဂရုစိုက်မယ်၊ ပြီးတော့ မေတ္တာတွေ များလာတဲ့ ဖွေးဖွေး ဖြစ်လာတယ်။ အိမ်ထောင်မပြုတာ ဖွေးအတွက်တော့ ကောင်းပါတယ်” ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ ည (၉) နာရီခွဲက Live ထဲမှာ ဖြေဆို ခဲ့တာပါ။

ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက သီချင်းဆိုတာကိုလည်း ဝါသနာပါ သူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ ” ငါ့ကမ္ဘာထဲ” ၊ “ဘိုမ” စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။

သူမဟာ ပန်းချီဆွဲတာကိုလည်း ဝါသနာပါသူ တစ်ယောက် ဖြစ်တာကြောင့် အလုပ်တွေ အားတဲ့ရက်တွေမှာ မကြာခဏ ပန်းချီလေးတွေ ဆွဲဖြစ်တယ်လို့ Live ထဲမှာ ပြောပြခဲ့ပါတယ်။

အနုပညာအလုပ်ကို ရူးသွပ်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် အနုပညာ နဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံး ဝါသနာပါတယ်လို့ ဆိုပါတယ်။ဖွေးဖွေး ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီး နဲ့ ထပ်မံရရှိခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

17 + seven =