ဈေးရောင်းတာကို ငတ်နေပြီလားလို့ ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့အပေါ် ပြင်းထန်စွာပြန်လည် တုံ့ပြန်လာတဲ့ လူရွှင်တော်ဒိန်းဒေါင်





unicode

စျေးရောင်းတာကို ငတ်နေပြီလားလို့ ဝိုင်းဝန်း တိုက်ခိုက်ကြတဲ့အပေါ် ပြင်းထန်စွာပြန်လည် တုံ့ပြန်လာတဲ့ လူရွှင်တော်ဒိန်းဒေါင်

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ လူရွှင်တော်ခင်လှိုင်နဲ့ တွဲဖက် ကာ လူသိများလာခဲ့သလို ဟာသဇာတ်ကားပေါင်းများစွာ ဝင်ရောက်သရုပ်ဆောင်ခဲ့ သရုပ်ဆောင်နေဆဲ လူရွှင်တော်တစ်ဦးပါ ဒိန်းဒေါင်ဟာ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိထားသလို အခုနောက်ပိုင်း အထည်လေးတွေရောင်းတဲ့အပေါ် ငတ်နေပြီလားလို့ တချို့က တိုက်ခိုက်ကြတဲ့အပေါ် ပြင်းပြင်းထန်ထန် ပြည်လည်တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်

ဦးဒိန်းဒေါင်က”အဲ့လို လိုက်ပြောနေတဲ့လူတွေကသွေးအမျိုးအစားက တစ်မျိုးကိုရှိတာတဲ့ သွေးအမျိုးအစားနဲ့လည်းဆိုင်တယ် နောက်တစ်ခါ စရိုက်နဲ့လည်းဆိုင်တယ် သီးသန့်ဆဲနေတာပေါ့ ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ အကုန်ဆဲတာ တကယ့်စာမတတ်တဲ့သူတွေပဲ” လို့ ဆဲဆိုတိုက်ခိုက်နေသူတွေကို တုံ့ပြန်လာခဲ့တာပါ ငတ်နေပြီလားလို့ တိုက်ခိုက်ခံရတဲ့အပေါ်မှာလည်း “ကျနော်အဲ့လိုပြောတဲ့သူ Wall ထဲကို ဝင်ကြည့်လိုက်တယ် ထမင်းဝိုင်းမှာ ဘဲဥသုံးခြမ်း နဲ့ထမင်းစားနေတယ် ကျနော်သွားပြောချင်တာ ညီလေးအကိုရွှေဆိုင်ဖွင့်ထားတာ လုံခြုံရေး လို နေတယ် လစာ ၂ ဆပေးမယ် လုပ်မလားလို့ နှိမ်ပြောပြောတယ်ဖြစ်မှာမလို့ မပြောတာ ” လို့ ပြင်းထန်စွာ တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်

ဦးဒိန်းဒေါင်ကတော့ မိသားစုအတွက် ထမင်းအိုးတည်ပေးဖို့ စီးပွားရေးလုပ်ပေးနေချိန်မှာ တိုက်ခိုက်မှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ စိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *

one × four =