သင္းသင္းကို လိမ္လည္ ထြက္ဆိုမႈနဲ႔ အေရးယူဖို႔ ေလွ်ာက္ထားခ်က္ ကို ႐ုံးေတာ္က ပယ္ခ်

ဒီေန႔ ႐ုံးခ်ိန္းအေျခအေနကို ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက ေျပာျပ လာပါတယ္။ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက တရားလိုျဖစ္သူ မသင္းသင္းကို ဇူလိုင္လ(၁၇) ရက္ေန႔တုန္းက မမွန္မကန္လိမ္လည္ထြက္ဆိုမႈနဲ႔ အေရးယူေပးဖို႔ ႐ုံးေတာ္မွာ ေလွ်ာက္ထားခဲ့တဲ့ အခ်က္ကို ဒီေန႔ ၾသဂုတ္လ(၇) ရက္ေန႔ ႐ုံးခ်ိန္းမွာ ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ ကာမလိမ္လည္မႈနဲ႔ တရားစြဲဆို ခံထား ရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး ဒီေန႔ ၾသဂုတ္လ(၇) ရက္ ႐ုံးခ်ိန္းအေျခအေနကို ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနျဖစ္သူ ဦးေဝၿဖိဳးျမတ္က ေျပာျပလာပါတယ္။ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက တရားလို မသင္းသင္းဦးကို ဇူလိုင္(၁၇) ရက္တုန္းက လိမ္လည္ထြက္ဆိုမႈနဲ႔ ပုဒ္မ ၁၉၃ အရ အေရးယူေပးဖို႔ ႐ုံးေတာ္ကို သက္ေသတင္သြင္းထားတဲ့ အခ်က္အလက္ေတြကို ဒီေန႔ ႐ုံးခ်ိန္းမွာ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးက ပယ္ခ်လိုက္တယ္လို႔ ဦးေဝၿဖိဳးျမတ္က ေျပာျပလာပါတယ္။

ဒီေန႔ လုပ္ေဆာင္မႈကေတာ့ မသင္းသင္းဦး အေနနဲ႔ ေရနံေခ်ာင္း တရား႐ုံးမွာ တရားစြဲဆိုခဲ့တဲ့ တရား႐ုံးရဲ႕ စီရင္ခ်က္ မိတၳဴကို ကြၽန္ေတာ္တို႔ တင္သြင္းခဲ့တယ္။ သူတို႔ဘက္ကလည္း မကန႔္ကြက္သလို တရား႐ုံးကလည္း လက္ခံခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အရင္႐ုံးခ်ိန္းတုန္းက မသင္းသင္းဦးကို လိမ္လည္ထြက္ဆိုတယ္ဆိုၿပီးေတာ့ ပုဒ္မ ၁၉၃ အေရး ယူေပးဖို႔ ေလွ်ာက္ခဲ့တာကို တရား႐ုံးက ဒီအမႈနဲ႔ မဆိုင္ဘူးဆိုၿပီးေတာ့ ပယ္လိုက္ပါတယ္” လို႔ သူက ဆိုပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနက တရားလို မသင္းသင္းဦးနဲ႔ ပတ္သက္တဲ့ သက္ေသခံ တစ္ခုကို ႐ုံးေတာ္သို႔ ထပ္မံ တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ယင္း သက္ေသ တင္သြင္းခဲ့တဲ့ အခ်က္အလက္ေတြကိုလည္း မသင္းသင္းဦးက ျငင္းဆိုခဲ့တာ မရွိဘူးလို႔ ဦးေဝၿဖိဳးျမတ္က ဆက္လက္ ေျပာျပလာပါတယ္။

“မသင္းသင္းဦးအေနနဲ႔ ကိုေဝဠဳေက်ာ္ နဲ႔ မပတ္သက္ခင္ တုန္းက လူငယ္သဘာဝ ခ်စ္ႀကိဳက္ခဲ့ဖူးတာေတြရွိမွာေပါ့။ အဲဒီတုန္းက အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ ကိစၥေလးေတြ ေျဖရွင္းခဲ့ရတဲ့ အပိုင္းေတြကို ဒီေန႔ ကြၽန္ေတာ္တို႔ဘက္က ေမးျမန္းခဲ့တဲ့ အခ်ိန္မွာ တရားလိုဘက္က ျငင္းဆန္ျခင္းမရွိပဲ ဝန္ခံခဲ့ပါတယ္။ ဒီေန႔ ကေတာ့ ႐ုံးေတာ္ကို သက္ေသခံတင္သြင္းခဲ့တာက ပုဒ္မ(၄၁၇) နဲ႔ စြဲခဲ့တဲ့ စီရင္ခ်က္ တစ္ခုတည္းကိုပဲ တင္ခဲ့တာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔ကတည္းက သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမ လိမ္လည္ရယူမႈ ပုဒ္မ (၄၁၇)နဲ႔ သင္းသင္းက တရားစြဲဆိုခဲ့တာျဖစ္ၿပီးအခုဆိုရင္ ယင္းအမႈဟာ အခ်ိန္တစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါၿပီ။ အခုအခ်ိန္ထိ စစ္ေဆးေမးျမန္းေတြ ဆက္တိုက္လုပ္ေနေပမယ့္လည္း အမႈၿပီးမယ့္အခ်ိန္ကို ခန႔္မွန္းလို႔ မရေသးေၾကာင္း ဦးေဝၿဖိဳးျမတ္က ေျပာျပခဲ့ ဖူးပါတယ္။ သင္းသင္းက ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၈) ရက္ေန႔က ကာမလိမ္လည္ရယူမႈ ပုဒ္မ (၄၁၇) နဲ႔ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို တရားစြဲဆိုဖို႔ သကၤန္းကြၽန္း တရား႐ုံးမွာ ဦးတိုက္ ေလွ်ာက္ၿပီးေနာက္ ၂၀၁၉ ဇန္နဝါရီလ (၂၂) ရက္ေန႔ ပထမဆုံး ႐ုံးခ်ိန္းမွာ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္က ေငြက်ပ္သိန္း(၅၀) နဲ႔ အာမခံ ရရွိခဲ့ပါတယ္။

Credit Duwun

unicode

သင်းသင်းကို လိမ်လည် ထွက်ဆိုမှုနဲ့ အရေးယူဖို့ လျှောက်ထားချက် ကို ရုံးတော်က ပယ်ချ

ဒီနေ့ ရုံးချိန်းအခြေအနေကို ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပြ လာပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ရဲ့ ရှေ့နေက တရားလိုဖြစ်သူ မသင်းသင်းကို ဇူလိုင်လ(၁၇) ရက်နေ့တုန်းက မမှန်မကန်လိမ်လည်ထွက်ဆိုမှုနဲ့ အရေးယူပေးဖို့ ရုံးတော်မှာ လျှောက်ထားခဲ့တဲ့ အချက်ကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ ရုံးချိန်းမှာ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ကာမလိမ်လည်မှုနဲ့ တရားစွဲဆို ခံထား ရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ သြဂုတ်လ(၇) ရက် ရုံးချိန်းအခြေအနေကို ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က ပြောပြလာပါတယ်။ ဝေဠုကျော်ရဲ့ ရှေ့နေက တရားလို မသင်းသင်းဦးကို ဇူလိုင်(၁၇) ရက်တုန်းက လိမ်လည်ထွက်ဆိုမှုနဲ့ ပုဒ်မ ၁၉၃ အရ အရေးယူပေးဖို့ ရုံးတော်ကို သက်သေတင်သွင်းထားတဲ့ အချက်အလက်တွေကို ဒီနေ့ ရုံးချိန်းမှာ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပယ်ချလိုက်တယ်လို့ ဦးဝေဖြိုးမြတ်က ပြောပြလာပါတယ်။

ဒီနေ့ လုပ်ဆောင်မှုကတော့ မသင်းသင်းဦး အနေနဲ့ ရေနံချောင်း တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ တရားရုံးရဲ့ စီရင်ချက် မိတ္ထူကို ကျွန်တော်တို့ တင်သွင်းခဲ့တယ်။ သူတို့ဘက်ကလည်း မကန့်ကွက်သလို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ ဒီနေ့မှာတော့ အရင်ရုံးချိန်းတုန်းက မသင်းသင်းဦးကို လိမ်လည်ထွက်ဆိုတယ်ဆိုပြီးတော့ ပုဒ်မ ၁၉၃ အရေး ယူပေးဖို့ လျှောက်ခဲ့တာကို တရားရုံးက ဒီအမှုနဲ့ မဆိုင်ဘူးဆိုပြီးတော့ ပယ်လိုက်ပါတယ်” လို့ သူက ဆိုပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ ဝေဠုကျော်ရဲ့ ရှေ့နေက တရားလို မသင်းသင်းဦးနဲ့ ပတ်သက်တဲ့ သက်သေခံ တစ်ခုကို ရုံးတော်သို့ ထပ်မံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယင်း သက်သေ တင်သွင်းခဲ့တဲ့ အချက်အလက်တွေကိုလည်း မသင်းသင်းဦးက ငြင်းဆိုခဲ့တာ မရှိဘူးလို့ ဦးဝေဖြိုးမြတ်က ဆက်လက် ပြောပြလာပါတယ်။

“မသင်းသင်းဦးအနေနဲ့ ကိုဝေဠုကျော် နဲ့ မပတ်သက်ခင် တုန်းက လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ဖူးတာတွေရှိမှာပေါ့။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးရုံးမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေ ဖြေရှင်းခဲ့ရတဲ့ အပိုင်းတွေကို ဒီနေ့ ကျွန်တော်တို့ဘက်က မေးမြန်းခဲ့တဲ့ အချိန်မှာ တရားလိုဘက်က ငြင်းဆန်ခြင်းမရှိပဲ ဝန်ခံခဲ့ပါတယ်။ ဒီနေ့ ကတော့ ရုံးတော်ကို သက်သေခံတင်သွင်းခဲ့တာက ပုဒ်မ(၄၁၇) နဲ့ စွဲခဲ့တဲ့ စီရင်ချက် တစ်ခုတည်းကိုပဲ တင်ခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမ လိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ သင်းသင်းက တရားစွဲဆိုခဲ့တာဖြစ်ပြီးအခုဆိုရင် ယင်းအမှုဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေပေမယ့်လည်း အမှုပြီးမယ့်အချိန်ကို ခန့်မှန်းလို့ မရသေးကြောင်း ဦးဝေဖြိုးမြတ်က ပြောပြခဲ့ ဖူးပါတယ်။ သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *

seventeen + nine =