သ႐ုပ္ေဆာင္ မင္းရာဇာ အမႈ ႐ုံးေျပာင္း ေလွ်ာက္ထား

သ႐ုပ္ေဆာင္ မင္းရာဇာ အမႈ ႐ုံးေျပာင္း ေလွ်ာက္ထား

ေျမာက္ဥကၠလာပ တရား႐ုံးမွာ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ (၄)ေယာက္ရဲ႕အမႈကို ႐ုံးေျပာင္း ေလွ်ာက္ထားတဲ့အတြက္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက အမႈတြဲေတာင္းခံ ၾကည့္ရႈစစ္ေဆးေနတယ္လို႔ အိမ္အကူ မိန္းကေလးရဲ႕ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က ေျပာပါတယ္။ အဲဒါေၾကာင့္ ေမ (၂၁)ရက္ စစ္ေဆးမယ့္႐ုံးခ်ိန္း မွာ မင္းရာဇာအပါအဝင္(၄)ေယာက္ကို ႐ုံးထုတ္စစ္ေဆးတာ မရွိဘူးလို႔ ဦးေရာဘတ္စန္းေအာင္က ဆိုပါတယ္။

“ ကြၽန္ေတာ္တို႔ ႐ုံးေျပာင္းေလွ်ာက္ထားေတာ့ အခ်ဳပ္ တရားခံ မင္းရာဇာက ႐ုံးထြက္လာခ်င္မွ ထြက္လာမယ္။ ေလာေလာဆယ္ မွာလည္း ေထာင္ကလည္း အခ်ဳပ္ေတြကို ထုတ္မေပးဘူး။ လာလည္း ဆက္စစ္သြားလိမ္မယ္” လို႔ ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။ သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီး မဖူးငုံပြင့္ (ေခၚ) ဇူးဇူး နဲ႔ ေအာင္လြင္စိုး (ေခၚ) ရခိုင္ေလးတို႔ (၃)ေယာက္ကို ဧၿပီ (၉) ရက္ ညပိုင္း က ျမဝတီၿမိဳ႕နယ္အတြင္းက DKBA နယ္ေျမမွာ ဖမ္းမိခဲ့ၿပီး ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေအးကို ဧၿပီ (၈) ရက္က ေနအိမ္မွာ ဖမ္းမိခဲ့ တာပါ။

အိမ္အကူမိန္းကေလးကို အက္ဆစ္ နဲ႔ ပက္ခဲ့တယ္ ဆိုၿပီး စြပ္စြဲခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီးျဖစ္သူ မဖူးငုံပြင့္(ေခၚ) ဇူးဇူး ၊ မန္ေနဂ်ာ ေအာင္လြင္စိုး (ေခၚ) ရခိုင္ေလး နဲ႔ မင္းရာဇာရဲ႕ ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေအးတို႔ကို ေမ(၇) ရက္က အျပင္းအထန္နာက်င္ေစမႈ ပုဒ္မ၊ ပူးေပါင္းပါဝင္မႈပုဒ္မေတြနဲ႔ အမႈႏွစ္မႈ ခြဲၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲတင္ခဲ့ပါတယ္။ အဲဒီအမႈအတြက္ တရား ႐ုံးထုတ္တဲ့ ေနမွာပဲ မင္းရာဇာရဲ႕ ေယာကၡမ ဦးေမာင္ေမာင္ေအးကိုေတာ့ တရား႐ုံးက က်ပ္ (၁၀) သိန္းနဲ႔ အာမခံ ေပးခဲ့ပါတယ္။ မင္းရာဇာကိုေတာ့ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ မုဒိမ္းမႈနဲ႔ ထပ္မံ တရားစြဲဆိုထားပါေသးတယ္။ က်ဴးလြန္ခံခဲ့ရတဲ့ အိမ္အကူ မိန္းကေလး ကေတာ့ ေျမာက္ဥကၠလာပ ေမဓာဝီေဆး႐ုံမွာ ေဆးကုသမႈ ခံယူခဲ့ရပါတယ္။

Credit One News Myanmar

unicode

သရုပ်ဆောင် မင်းရာဇာ အမှု ရုံးပြောင်း လျှောက်ထား

မြောက်ဥက္ကလာပ တရားရုံးမှာ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် (၄)ယောက်ရဲ့အမှုကို ရုံးပြောင်း လျှောက်ထားတဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုတွဲတောင်းခံ ကြည့်ရှုစစ်ဆေးနေတယ်လို့ အိမ်အကူ မိန်းကလေးရဲ့ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ အဲဒါကြောင့် မေ (၂၁)ရက် စစ်ဆေးမယ့်ရုံးချိန်း မှာ မင်းရာဇာအပါအဝင်(၄)ယောက်ကို ရုံးထုတ်စစ်ဆေးတာ မရှိဘူးလို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

“ ကျွန်တော်တို့ ရုံးပြောင်းလျှောက်ထားတော့ အချုပ် တရားခံ မင်းရာဇာက ရုံးထွက်လာချင်မှ ထွက်လာမယ်။ လောလောဆယ် မှာလည်း ထောင်ကလည်း အချုပ်တွေကို ထုတ်မပေးဘူး။ လာလည်း ဆက်စစ်သွားလိမ်မယ်” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ သရုပ်ဆောင် မင်းရာဇာ၊ ဇနီး မဖူးငုံပွင့် (ခေါ်) ဇူးဇူး နဲ့ အောင်လွင်စိုး (ခေါ်) ရခိုင်လေးတို့ (၃)ယောက်ကို ဧပြီ (၉) ရက် ညပိုင်း က မြဝတီမြို့နယ်အတွင်းက DKBA နယ်မြေမှာ ဖမ်းမိခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကို ဧပြီ (၈) ရက်က နေအိမ်မှာ ဖမ်းမိခဲ့ တာပါ။

အိမ်အကူမိန်းကလေးကို အက်ဆစ် နဲ့ ပက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်(ခေါ်) ဇူးဇူး ၊ မန်နေဂျာ အောင်လွင်စိုး (ခေါ်) ရခိုင်လေး နဲ့ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးတို့ကို မေ(၇) ရက်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ၊ ပူးပေါင်းပါဝင်မှုပုဒ်မတွေနဲ့ အမှုနှစ်မှု ခွဲပြီး မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။ အဲဒီအမှုအတွက် တရား ရုံးထုတ်တဲ့ နေမှာပဲ မင်းရာဇာရဲ့ ယောက္ခမ ဦးမောင်မောင်အေးကိုတော့ တရားရုံးက ကျပ် (၁၀) သိန်းနဲ့ အာမခံ ပေးခဲ့ပါတယ်။ မင်းရာဇာကိုတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ မုဒိမ်းမှုနဲ့ ထပ်မံ တရားစွဲဆိုထားပါသေးတယ်။ ကျူးလွန်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေး ကတော့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Credit One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *

seven − seven =