မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မေပန်းချီကတော့ သူမရဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်လေးကြောင့် ပရိသတ်တွေ စတင် သတိထားမိခြင်း နှင့်အတူ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ပြတတ်သော သူလေး ဖြစ်တာမို့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ခိုင်ခိုင်မာမာ ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်နော်။ ဗီဒီယိုခေတ်ထဲက ဗီဒီယိုကားတွေ များစွာမှာ ပါဝင်သရုပ်ဆောင် ခဲ့သလို ရုပ်ရှင်ကားကြီးတွေ များစွာမှာလည်း အောင်မြင် ပီပြင်စွာ သရုပ်ဆောင်ထားနိုင်ခဲ့သော ခန္ဓာကိုယ်လေးလှ သရုပ်ဆောင်လည်း ကောင်းတဲ့ ပရိသတ်အချစ်တော် မေပန်းချီဟာ ယခုကာလ လတ်တလော အခြေအနေ မှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး အွန်လိုင်း Live Sales များကို ရောင်းချပေးနေလျှက်ရှိပါတယ်။
အလုပ်ကို စေတနာ ထားပြီး ရောင်းချပေးတာကြောင့် မေပန်းချီဟာ အွန်လိုင်း Live Salesလောကမှာလည်း အောင်မြင်ကာ နာမည်ရနေသူ တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ မေပန်းချီဟာ ဆိုရင် ခေတ်အခြေအနေအရ ပြောင်းလဲလာသော အနေအထားအတိုင်း ကိုယ်တိုင်လည်း အွန်လိုင်း စျေးရောင်းလောကမှာ ကျင်လည် လုပ်ကိုင်နေသလို အပြောအဆိုပွင့်လင်းကာ ဆက်ဆံရေးလည်း ကောင်းမွန်သောာကြောင့် ထိုလောကသားတွေနဲ့လည်း ခင်မင်ရင်းနှီးစွာ ရှိနေပြီပဲ ဖြစ်ပါ တယ်နော်။ ယခုအခါမှာလည်း သရုပ်ဆောင်မေပန်းချီဟာ ပရိသတ်ပြည်သူတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသော ဖေ့စ်ဘုတ်ဆယ် Live Sales Queenလေး တစ်ဦးနဲ့ တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။
မေပန်းချီကတော့ Fashion A&H ပေ့ချ်က မနှင်းနဲ့ ခင်မင်ရင်းနှီးစွာ ဆုံစည်းဖြစ်ခဲ့ကြတာကို အမှတ်တရဓာတ်ပုံလေးတွေ တင်ပေးလာတာပဲ ဖြစ်ပါတယ် နော်။ မနှင်းကတော့ အနုပညာလောကသား တစ်ဦး မဟုတ်ပေမယ့် မေပန်းချီကဲ့သို့ စကားပြော ပွင့်လင်းသူတစ်ဦးဖြစ်ပြီး တသောသောနဲ့ ပွဲကျလောက်အောင်ကို ဟာသဉာဏ်ရွှင်သူ ဖြစ်ပြီး အွန်လိုင်းစျေးရောင်းသလို ညစ်ညမ်းမှု လုံးဝ မပါသော သဘာဝကျကျ ဟာသ ဗီဒီယိုတိုလေးများဖြင့် ပရိသတ်ပြည်သူတွေရဲ့ ဘဝအမောတွေကို ခေတ္တပြေပျောက်စေနိုင်တဲ့အထိ စွမ်းဆောင်နိုင်သော အရည်အချင်း ရှိသူတစ်ဦး ဖြစ်တဲ့အတွက် ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ဖေ့စ်ဘုတ်ဆယ်လီဘရစ်တီ တစ်ယောက်ဖြစ်ပြီး သူမရဲ့ပြောဟန်ဆိုဟန်နဲ့ ဟာသမြောက်မှုလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာအသိုင်းအဝိုင်းက လူအများကပါ ချစ်ကြသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။
မေပန်းချီနဲ့ မနှင်းတို့ နှစ်ယောက်စလုံးဟာ ပြောပုံဆိုပုံ ပွင့်လင်းရိုးသားကြသလို အလုပ်လည်း ကြိုးစားကြတဲ့ အရည်အချင်းရှိသော အမျိုးသမီးလေးနှစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စီရရှိ ပိုင်ဆိုင်ထားကြသူတွေဖြစ်တာကြောင့် အခုလို သူတို့နှစ်ဦး အတူရင်းနှီးခင်မင်စွာ တွေ့ရတဲ့အတွက် ပရိသတ်တွေက ဝမ်းမြောက်ရွှင်လန်းစိတ်လေးတွေနဲ့ ချစ်သောနှစ်ယောက် အမြဲတမ်း အောင်မြင်ပါစေကြောင်း ချစ်သောစိတ်နဲ့ ဆုမွန်ကောင်းလေးတွေ တောင်းပေးနေကြတာ တွေ့ရ ပါတယ်နော်။ ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ထဲမှာကော မေပန်းချီနဲ့ မနှင်းတို့ကို ချစ်ခင်အားပေးကြသော သူတွေ ပါတယ်ဆိုရင် မေတ္တာစကားလေးတွေ ပြောပေးခဲ့ ကြပါအုံးနော်။
crd