



credit-cele zone

unicode

ပရိသတ်တွေ သဘောကျနှစ်သက်နေ တဲ့ “ချစ်၍ခေါ်ရာ” သီချင်းလေး နဲ့ Tik Tok ဆော့ထားတဲ့ မြတ်သူသူ ရဲ့ ဗီဒီယိုလေး

မြတ်သူသူကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ဇာတ်လမ်းတွေထဲမှာ ကျရာဇာတ်ရုပ်တွေကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အချက်က မြတ်သူသူရယ်လို့ ပရိသတ်တွေ အားပေးမှုကို အခိုင်အမာ ရရှိထားစေခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း မြတ်သူသူရဲ့ Tik Tok ဗီဒီယိုလေးတစ်ခုက ပရိသတ်တွေ သဘောကျနှစ်သက်နေခဲ့ကြပါတယ်။ မြတ်သူသူကတော့ ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကို အပျင်းပြေဆော့ကစားပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလေ့ရှိပါသေးတယ်။ ဒီနေ့မှာတင်ပေးခဲ့တဲ့ မြတ်သူသူရဲ့ Tik Tok ဗီဒီယိုလေးကိုတော့ ပရိသတ်တွေက အကြီးအကျယ် သဘောကျနေခဲ့ကြတာပဲဖြစ်ပါတယ်။

ဗီဒီယိုလေးကတော့ မေလသံစဉ်ပြန်လည်သီဆိုထားတဲ့ “ချစ်၍ခေါ်ရာ” သီချင်းလေး နဲ့ဆော့ကစားခဲ့တာဖြစ်ပြီး သီချင်းကိုမရတာကြောင့် ဝါးချနေခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ မြတ်သူသူရဲ့ သီချင်းမရလို့ ဝါးချနေပြီး ဖြစ်သွားတဲ့ အမူအရာလေးကို သဘောကျနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း မြတ်သူသူရဲ့ ချစ်စရာကောင်းလှတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေဖော်ပြပေး လိုက်ပါတယ်။

credit-cele zone

Add a Comment

Your email address will not be published. Required fields are marked *

one × one =