





crd : whitesone

unicode

လူတွေ ကို လွမ်းလွန်း လို့ ရေအောက်က လက်ဆောင်တွေ ယူလာပေး တဲ့ လင်းပိုင်လေးများ

သြစတြေးလျနိုင်ငံ ကွင်းစလန်မြို့ ကို ကိုဗစ်ရောဂါကြောင့် လော့ဒေါင်းချ ထားတဲ့ အချိန်မှာ ဆိပ်ကမ်းမြို့အနီး ပင်လယ် ထဲက ချစ်စရာ လင်းပိုင်လေးတွေကို ဧည့်သည်တွေ လာရောက် ကြည့်ရှုနိုင်ခြင်း မရှိခဲ့ ပါဘူး။

လူတွေနဲ့ မတွေ့ရတဲ့ လင်းပိုင်လေးတွေ ဟာ အရမ်းကို ထူးဆန်းတဲ့ အံ့သြစရာ အပြုအမူတွေကို ပြုလုပ်ခဲ့ပါတယ်။ လူတွေနဲ့ အရမ်းရင်းနှီးပြီး လူတွေကို လွမ်းဆွတ်နေတဲ့ လင်းပိုင်လေးတွေဟာ ရေအောက်ကနေ သန္တာကျောက်တန်းအပိုင်းအစလို၊ ရေမှော်ပင်လို၊ ပုလင်းလေးလို စတဲ့ လူတွေ ကြိုက်နှစ်သက် မယ်လို့ သူတို့ထင်တဲ့ အရာမျိုးတွေ ကို လူတွေအတွက် လက်ဆောင်တွေ ယူလာပြီး ကမ်းခြေကို လာပို့ပေး တာကို ထူးဆန်း အံ့သြစွာ တွေ့မြင်ရပါတယ်။

လင်းပိုင်လေးတွေဟာ ရေအောက်က ပစ္စည်းတွေ ကို တမင် သက်သက် ကိုက်ချီလာပြီး ကမ်းခြေမှာ လာရောက် စုပုံပေး ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လင်းပိုင်တွေကို အဓိက အစာကျွေးတဲ့နေရာတခုဖြစ်တဲ့ ဘရစ်ဘိန်းမြို့မြောက်ဖက်က ဘာနေကယ်ကဖေးကို လော့ဒေါင်း ကန့်သတ်ချက်များ ဖြေလျော့ပေးပြီး ပြန်လည် ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

လူတွေကို လွမ်းဆွတ်နေတဲ့ လင်းပိုင်လေးတွေ အတွက် အလွန်ကို ပျော်ရွှင်စရာ ကောင်းမွန်တဲ့ အချိန်းကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ လူသား နဲ့ ရေပျော်တိရစ္ဆာန်လေးတွေကြားက ထားရှိတဲ့ မေတ္တာတရားကတော့ လောကကြီးမှာ ဆန်းကြယ်တဲ့ အရာတခု အဖြစ် ဆက်လက် တည် ရှိနေတော့မှာ ဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

twelve + 13 =