ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ျခင္း မျပဳနိုင္မီ တပ္တြင္း ရွိမွီခို ေက်ာင္းသူ ၊ ေက်ာင္းသားမ်ားအား ေလာကနီတိ အေျခခံ ျဖစ္ေသာ ( ၃၈ ) ျဖာ မဂၤလာကဲ့ သို႔ ယဥ္ေက်းလိမၼာ သင္ခန္းစာ မ်ားအား သင္ၾကားေပးရန္ ကာခ်ဳပ္ မွာၾကား

ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ျခင္း မျပဳနိုင္မီ တပ္တြင္း ရွိမွီခို ေက်ာင္းသူ ၊ ေက်ာင္းသားမ်ားအား ေလာကနီတိ အေျခခံ ျဖစ္ေသာ ( ၃၈ ) ျဖာ မဂၤလာကဲ့ သို႔ ယဥ္ေက်းလိမၼာ သင္ခန္းစာ မ်ားအား သင္ၾကားေပးရန္ ကာခ်ဳပ္ မွာၾကား

တပ္မေတာ္ အရာရွိႀကီးမ်ား စုစည္း ျပဳလုပ္ သည့္ ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးနိုင္ေရး သတၱမအႀကိမ္ညွိႏွိုင္း အစည္းအေဝး တြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး
မင္းေအာင္လွိုင္ က ေျပာၾကား ခဲ့ျခင္းျဖစ္သည္။

ကိုဗစ္ေၾကာင့္ ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ျခင္း မျပဳနိုင္မီ တပ္တြင္းရွိ မွီခို ေက်ာင္းသူ၊ ေက်ာင္းသား မ်ားအား ေလာကနီတိ အေျခခံျဖစ္ေသာ ၃၈ ျဖာ မဂၤလာကဲ့သို႔ ယဥ္ေက်း လိမၼာ သင္ခန္းစာမ်ားအား သင္ၾကားေပးရန္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ က မွာၾကား လမ္းၫႊန္လိုက္ေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ၏ သတင္း ထုတ္ျပန္ခ်က္ အရ သိရသည္ ။

ကာခ်ဳပ္က တပ္တြင္းေန ေက်ာင္းသား ၊ေက်ာင္းသူ မ်ားအား ေလာကနီတိ အေျခခံျဖစ္ေသာ ၃၈ ျဖာ မဂၤလာကဲ့သို႔ ယဥ္ေက်း လိမၼာသင္ခန္းစာမ်ားအား သင္ၾကားေပးရန္တိုက္တြန္းခဲ့သည့္အျပင္ သင္ၾကားခဲ့သည့္ အတန္းအလိုက္ သင္ခန္းစာမ်ားကို ျပန္လည္ဖတ္ရႈေလ့လာၾကရန္အတြက္ စီစဥ္ေပး ရန္ႏွင့္ တစ္ရက္ လွ်င္ ၂ နာရီခန႔္ ၁၀ ေယာက္စုႏႈန္းျဖင့္ စာဖတ္ဝိုင္း မ်ား ေဆာင္႐ြက္ေပးျခင္းျဖင့္ အခ်ိန္ ကို အက်ိဳးရွိစြာ အသုံးခ်ရန္လို သည္ဟု လည္း တပ္မေတာ္အရာရွိႀကီးမ်ားကို မွာၾကားခဲ့သည္ဟု သိရသည္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ထို႔ေနာက္ COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ကမာၻ႔စီးပြားေရး ထိခိုက္ သကဲ့သို႔ မိမိတို႔တိုင္းျပည္၏ စြမ္းအား၊ ျပည္သူ၏စြမ္းအားႏွင့္ စြမ္းေဆာင္မႈမ်ား၊ စီးပြားေရး၊ လူမႈေရး ထိခိုက္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚေစသျဖင့္ အစစအရာရာ သတိထား၍ေဆာင္႐ြက္ၾကရမည္ ဟုလည္း ေျပာၾကား ခဲ့သည္ ဟု သိရသည္။

ယင္းအျပင္ တပ္မေတာ္ အေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ လုပ္သင့္လုပ္ထိုက္သည္မ်ားအားလုံးကို လုပ္ေဆာင္ေပး လ်က္ရွိကာ ျပည္သူမ်ား အတြက္သာမက UWSA (ဝ)အဖြဲ႕ႏွင့္ KIO/KIA စသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကိုပါ ခ်န္လွပ္မထားဘဲ လုပ္ေဆာင္ေပးေနသည့္ အျပင္ ရခိုင္ေဒသတြင္ လည္း ေဆာင္႐ြက္ေပးလ်က္ရွိေနေၾကာင္းႏွင့္ ျပည္သူလူထုကို ထိခိုက္ေစမည့္ အၾကပ္အတည္းမ်ားအား ကာကြယ္၊ ကူညီေျဖရွင္းေပးမည့္ အျပင္ ျပည္သူႏွင့္ တိုင္းျပည္ ၏ စြမ္းအားမ်ား မထိခိုက္ေစရန္ ကာကြယ္ေစာင့္ေရွာက္ေပးရမည္ဟု ေျပာၾကားခဲ့သည္။

အဆိုပါ အစည္းအေဝး သို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ( ၾကည္း ) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညွိႏွိုင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္ဟု သိရသည္ ။

Myanmar Harp

unicode

ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်း မပြုနိုင်မီ တပ်တွင်း ရှိမှီခို ကျောင်းသူ ၊ ကျောင်းသားများအား လောကနီတိ အခြေခံ ဖြစ်သော ( ၃၈ ) ဖြာ မင်္ဂလာကဲ့ သို့ ယဉ်ကျေးလိမ္မာ သင်ခန်းစာ များအား သင်ကြားပေးရန် ကာချုပ် မှာကြား

တပ်မတော် အရာရှိကြီးများ စုစည်း ပြုလုပ် သည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်ညှိနှိုင်း အစည်းအဝေး တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က ပြောကြား ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကြောင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်း မပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသူ၊ ကျောင်းသား များအား လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေး လိမ္မာ သင်ခန်းစာများအား သင်ကြားပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မှာကြား လမ်းညွှန်လိုက်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည် ။

ကာချုပ်က တပ်တွင်းနေ ကျောင်းသား ၊ကျောင်းသူ များအား လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေး လိမ္မာသင်ခန်းစာများအား သင်ကြားပေးရန်တိုက်တွန်းခဲ့သည့်အပြင် သင်ကြားခဲ့သည့် အတန်းအလိုက် သင်ခန်းစာများကို ပြန်လည်ဖတ်ရှုလေ့လာကြရန်အတွက် စီစဉ်ပေး ရန်နှင့် တစ်ရက် လျှင် ၂ နာရီခန့် ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်း များ ဆောင်ရွက်ပေးခြင်းဖြင့် အချိန် ကို အကျိုးရှိစွာ အသုံးချရန်လို သည်ဟု လည်း တပ်မတော်အရာရှိကြီးများကို မှာကြားခဲ့သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထို့နောက် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက် သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည် ဟုလည်း ပြောကြား ခဲ့သည် ဟု သိရသည်။

ယင်းအပြင် တပ်မတော် အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို လုပ်ဆောင်ပေး လျက်ရှိကာ ပြည်သူများ အတွက်သာမက UWSA (ဝ)အဖွဲ့နှင့် KIO/KIA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေသည့် အပြင် ရခိုင်ဒေသတွင် လည်း ဆောင်ရွက်ပေးလျက်ရှိနေကြောင်းနှင့် ပြည်သူလူထုကို ထိခိုက်စေမည့် အကြပ်အတည်းများအား ကာကွယ်၊ ကူညီဖြေရှင်းပေးမည့် အပြင် ပြည်သူနှင့် တိုင်းပြည် ၏ စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်ဟု သိရသည် ။

Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 4 =