




unicode

ချစ်စရာကောင်းတဲ့ သူမရဲ့ တူလေး နဲ့ အတူပျော်ပျော်ပါးပါး ဓာတ်ဖမ်းထားတဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကို ထိမှန်စေတာ အသေအချာပါပဲနော်။ အေးမြတ်သူဟာ သရုပ်ဆောင်ပိုင်းမှာလည်း သဘာ၀ကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့သူလေးပါ။ သူမရဲ့ ကျစ်လျစ်လှပတဲ့ ဘော်ဒီကောက်ကြောင်းလေးဟာဆိုရင်လည်း ပုရိသတွေသာမက မိန်းကလေးချင်းပါကြွေရတဲ့သူလေးပါ။ အေးမြတ်သူဟာအခု လက်ရှိမှာဆိုရင်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့တူလေးနဲ့အတူ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်နော်။

အပျိုကြီးအေးမြတ်သူ တစ်ယောက်ကတော့ တူလေးကို အချစ်တွေပိုနေရင်းနဲ့ပဲ မိသားစုကို အချိန်ပေးပျော်ရွှင်နေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ “ဒီအပျိုကြီး…. အသဲတွေကိုချွေမယ့်သူလေး……… သူလေးအတွက်…. ရှင်သန်ရမယ်…သန်မာရမယ်” ဆိုတဲ့ captionလေးနဲ့ သူမရဲ့တူလေးနဲ့ ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Aye Myat Thu’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

two × three =