




Source : Myat Thu Thu

unicode

ပိုက်ဆံအိတ် ထဲက ဒေါ်လာ နဲ့ ထိုင်းဘတ်တွေ အကုန်နီးပါး အနီးဆုံးလူက ခိုးသွား ခဲ့တယ်လို့ ဖွင့်ချပြောပြလိုက်တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ မင်းသမီးလေး မြတ်သူသူ ကတော့ MRTV- (4 ) ဇာတ်လမ်းတွဲ မင်းသမီးတစ်လက်ဖြစ်ပြီး “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာတော့ မြညိုဆိုတဲ့ ဇာတ်ကောင် နဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ ” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင် မင်းသမီးနေရာက ပါဝင် ခဲ့ပါသေးတယ်။

ရိုးရိုးယဉ်ယဉ်လေး နဲ့ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင် တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် မှာလည်း တလေးတစား ဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။အလှူအတန်းဝါသနာပါတဲ့ မြညိုလေး ကတော့ ရရင်ရသလို အလှူအတန်းတွေပြုလုပ်တတ်သူလေးပါ။ ချစ်တဲ့ပရိသတ်တွေအတွက် မြညိုလေးက TikTok လေးတွေကိုအမြဲဆော့ကစားကာ ဝေမျှလေ့ရှိသူတစ်ယောက်ပါ။

လက်ရှိ မှာတော့ ရှုတင်ပြီးထဲက မသုံးဖြစ်တဲ့ ပိုက်ဆံအိတ် ကို အခုမှ ကြည့်မိတယ်။ ပါပါးမာမား အန်ပေါင်းပေးထားတဲ့ ဟာတွေရော စင်ကာပူဒေါ်လာ နဲ့ ထိုင်းဘတ်တွေရော အကုန်လုံးကို အနီးကပ် သမ သွားတာပဲ ပိုက်ဆံအိတ်လိုက် ယူမသွားတာပဲ ကျေးဇူးတင်ရမယ် ။အနီးကပ် အနီးကပ် သမချက် ကပ်ချင်လို့ ချစ်ပြတဲ့ ကပ်ချစ်ကြီး အရင်ထဲက တအိအိနဲ့ခိုးနေတာ မျက်နာ မပျက်ချင်လို့ မသိချင်ယောင်ဆောင်နေခဲ့ တာကွယ် ဆိုးပါ့လုပ်ရဲတယ် ” ဆိုတဲ့ စာလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြလာခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော အနီးကပ်ရန်သူတွေရှိရင် မှတ်ချက်ပေး ခဲ့ပါဦးနော်။

Source : Myat Thu Thu

Add a Comment

Your email address will not be published. Required fields are marked *

2 × 2 =