ျပည္ပက တင္သြင္း သည့္ လူ စီးေမာ္ေတာ္ယာဥ္ မ်ား ကို ယာဥ္မွတ္ ပုံတင္ခ ၅၀ ရာခိုင္ႏႈန္း ထိ ေလွ်ာ့ ခ်

လူစီးေမာ္ေတာ္ ယာဥ္ေတြအတြက္ မူလတန္ဖိုး(FOB)အေပၚ ေကာက္ခံေနတဲ့ ျပည္ပ တင္သြင္းယာဥ္ မွတ္ပုံတင္ခ ႏႈန္းထားေတြကို ၾသဂုတ္ ၇ ရက္ကစတင္ၿပီး ေလွ်ာ့ခ် ေကာက္ခံမယ္လို႔ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက အသိေပး ထုတ္ျပန္ထားပါတယ္။

ဒီလိုေလွ်ာ့ခ်ေကာက္ခံတာဟာ ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚလာတဲ့ စီးပြားေရးက်ဆင္းမႈ ေတြကို ကုစားတဲ့အေနနဲ႔ လက္ရွိႏႈန္းထားရဲ႕ ထက္ဝက္ရာခိုင္ႏႈန္းစီကိုေလ်ာ့ခ် သတ္မွတ္ေပး လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။ လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ႕ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ

ဒီလိုေကာက္ခံရာမွာ လူစီးယာဥ္အမ်ိဳးအစားထဲက စက္စြမ္းအား ၁၃၅၀ စီစီ နဲ႔ ေအာက္ ကားေတြကို ၃၀ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္း ၊ စက္စြမ္းအား ၁၃၅၁ စီစီ ကေန၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ် သတ္မွတ္သြားမွာ ျဖစ္ပါတယ္။ဒါ့အျပင္ စက္စြမ္းအား ၂၀၀၁ စီစီ ကေန ၅၀၀၀ စီစီ အထိကို ၈၀ ရာခိုင္ႏႈန္းကေန ၄၀ ရာခိုင္ႏႈန္း ၊စက္စြမ္းအား ၅၀၀၁ စီစီနဲ႔ အထက္ ကို ၁၂၀ ရာခိုင္ႏႈန္းကေန ၆၀ ရာခိုင္ႏႈန္း ေလ်ာ့ ခ်သတ္မွတ္သြား မွာျဖစ္ေၾကာင္း သိရပါတယ္။

ဒီလို ေလွ်ာ့ခ်ေပးလိုက္ျခင္းေၾကာင့္ ကားေစ်းႏႈန္းေတြအ နည္းငယ္ က်ဆင္းသြား ႏိုင္ဖြယ္ရွိတယ္ လို႔ ကားဝယ္ေရာင္းလုပ္ကိုင္သူေတြက သုံးသပ္​ထားၾကပါတယ္။

Credit -DVB

လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ် ၇ ရက်ကစတင်ပြီး လျှော့ချ ကောက်ခံမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ဒီလိုလျှော့ချကောက်ခံတာဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှု တွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လျှော့ချ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီ အထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း ၊စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက် ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွား မှာဖြစ်ကြောင်း သိရပါတယ်။

ဒီလို လျှော့ချပေးလိုက်ခြင်းကြောင့် ကားစျေးနှုန်းတွေအ နည်းငယ် ကျဆင်းသွား နိုင်ဖွယ်ရှိတယ် လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်​ထားကြပါတယ်။

Credit -DVB

Add a Comment

Your email address will not be published. Required fields are marked *

2 × 1 =