မင်္ဂလာပါ ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေး တစ်လက် ပဲဖြစ်ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ သရုပ်ဆောင် ပီပြင်မှုတို့ကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ သူမ ရရှိတဲ့ အနုပညာကြေးလေးတွေ ထဲကနေပြီးတော့ အမြဲလိုလို အလှူအတန်းတွေကို ရက်ရောစွာပြုလုပ်တတ်တာကြောင့် ပရိသတ်တွေက ပို၍ အချစ်ပိုနေရတာလည်း ဖြစ်ပါ တယ်နော်။
မနေ့ကလည်း ပရိသတ်အချစ်တော် မင်းသမီးလေး ဆောင်းယွန်းစံက လူ့အသက် (၂)ချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူမ ပြုလုပ်ခဲ့တဲ့ မွန်မြတ်လှတဲ့ အလှူလေးကတော့ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် မီးဖွားစရိတ်လှူဒါန်း ပေးခဲ့ တာဖြစ်ပြီး မင်းသမီးချောလေး ဆောင်းယွန်းစံ ဒီသမီးလေး မွေးဖို့အတွက် မမွေးခင်တစ်လထဲက စပြီး ခွဲစိတ်မွေးပြီးသည့်အထိ လိုအပ်တဲ့ စရိတ်မှန်သမျှ အကုန် လှူဒါန်း ကူညီပေးခဲ့ တာပဲဖြစ်ပါတယ်။ ဆောင်ယွန်းစံ အနေနဲ့ အခုလို မီးဖွားစရိတ်လှူဒါန်းတဲ့ ကူညီမှုဟာ အခုတစ်ခေါက်နဲ့ ဆိုရင် လေးကြိမ်မြောက် ရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ် နော်။
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံရဲ့ အလှူလေးကတော့ တကယ်ကို မွန်မြတ်လှတာမို့ ကြည်နူးပီတိဖြာစွာနဲ့ သာဓုခေါ်ပေး ခဲ့ကြပါအုံးနော်။ သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံ တစ်ယောက် ယခုထက်ပိုပြီး အနုပညာလောကမှာ အောင်မြင်ကျော်ကြားကာ ထိပ်ဆုံးသို့ ရောက်ရှိပြီး ယခုထက်ပိုကာ စိတ်ရှိတိုင်း ဆန္ဒရှိတိုင်း လှူနိုင်တန်းနိုင် ကူညီဖေးမ နိုင်သော ပြည်သူချစ် မင်းသမီးတစ်လက် ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးအပ်ပါသည်နော်။
crd
zawgyi