တကၠသိုလ္ ဝင္စာေမးပြဲ အေျဖလႊာေတြ ကို စတင္ စစ္ေဆးမည့္ ရက္ ကိုေၾကညာ လိုက္ျပီ

တကၠသိုလ္ ဝင္စာေမးပြဲ အေျဖလႊာေတြ ကို စတင္ စစ္ေဆးမည့္ ရက္ ကိုေၾကညာ လိုက္ျပီ

ေအာ င္စာရင္း လည္း ၂လခန႔္ေနာက္က်ဖြယ္ ရွိေနပါတယ္။ စာစစ္ဌာနေတြ မွာ Social Distancing ထားရွိ‌ေဆာင္႐ြက္သြားမွာ ျဖစ္ၿပီး လူေလ်ာ့စစ္ေဆးဖို႔ မရွိဘူးလို႔ သိရပါ တယ္။

ကိုဗစ္ကာလမွာ ရပ္နားထားတဲ့ တကၠသိုလ္ဝင္ စာေမးပြဲအေျဖလႊာေတြကို လာမယ့္ ဇြန္လ ၅ရက္ေန႔မွာ စတင္စစ္ေဆးသြားမယ္လို႔သိရပါတယ္။ အဆင့္ျမင့္ပညာဦးစီးဌာနအေနနဲ႔ စာေမးပြဲအေျဖလႊာေတြကိုစစ္ေဆးေပးႏိုင္ဖို႔ သက္ဆိုင္ရာ စာစစ္ဆရာ၊ဆရာမ ေတြကိုလည္း ဇြန္လ ၃ရက္ေန႔အေရာက္သတင္းပို႔ေစမယ္လို႔လည္း သိရပါတယ္။

ကိုဗစ္ေၾကာင့္ စာစစ္ဌာနေတြမွာ Social Distancing ထား ရွိေဆာင္႐ြက္သြားမွာ ျဖစ္ေပမယ့္လည္း လူဦးေရ ေလ်ာ့ခ် စစ္ေဆးသြားဖို႔ မရွိဘူးလို႔လည္း အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သိန္းဝင္းက ေျပာပါတယ္။ “ကြၽန္ေတာ္တို႔ ကိုဗစ္ကာလျဖစ္တဲ့ အတြက္ ဆရာ၊ဆရာမေတြရဲ႕ သြားေရးလာေရး နဲ႔အျခားလိုအပ္ခ်က္ေတြကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ သက္ဆိုင္ရာ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔ ေဆာင္႐ြက္ေပးသြားမွာပါ။ ေနာက္ၿပီး စာစစ္ဌာနေတြ မွာလည္း Social Distancingထားရွိသြား မွာပါ။ လူေလ်ာ့စစ္ေဆးဖို႔ေတာ့မရွိပါဘူး။”လို႔ ေဒါက္တာသိန္းဝင္းက ေျပာပါတယ္။

ပုံမွန္ဆိုရင္ တကၠသိုလ္ဝင္စာေမးပြဲ အေျဖလႊာေတြ ကို ဧၿပီလအတြင္း စတင္စစ္ေဆးေပမယ့္ ဒီႏွစ္ မွာေတာ့ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ၂လေနာက္က်ၿပီးမွ စစ္ေဆးႏိုင္တာလည္း ျဖစ္ပါတယ္။ စာစစ္မႈကို ၂လေနာက္က်ခဲ့တဲ့အတြက္ ပုံမွန္ ဇြန္လဆန္းပိုင္းေလာက္မွာ ထုတ္ျပန္ေပးႏိုင္ေလ့ရွိတဲ့ ေအာင္စာရင္း ကိုလည္း ၂လခန႔္ ေနာက္က်ၿပီးမွ ထုတ္ျပန္ႏိုင္ဖြယ္ ရွိေနပါတယ္။

ေက်ာင္းေတြကိုလည္း လက္ရွိမွာ ပိတ္ထားရၿပီး ပုံမွန္ ဇြန္လ မွာျပန္ဖြင့္ ရမယ့္ အေျခခံပညာေက်ာင္းေတြကို လာမယ့္ ဇူလိုင္လ မွသာ ျပန္ဖြင့္ႏိုင္ဖို႔ လုပ္ေဆာင္ၿပီး မူလတန္း၊ အလယ္တန္း၊ အထက္တန္း အားလုံးတၿပိဳင္နက္ တည္းဖြင့္ႏိုင္ဖို႔လည္း မေသခ်ာေသးပါဘူး။

ဓူဝံ

unicode

တက္ကသိုလ် ဝင်စာမေးပွဲ အဖြေလွှာတွေ ကို စတင် စစ်ဆေးမည့် ရက် ကိုကြေညာ လိုက်ပြီ

အော င်စာရင်း လည်း ၂လခန့်နောက်ကျဖွယ် ရှိနေပါတယ်။ စာစစ်ဌာနတွေ မှာ Social Distancing ထားရှိ‌ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူလျော့စစ်ဆေးဖို့ မရှိဘူးလို့ သိရပါ တယ်။

ကိုဗစ်ကာလမှာ ရပ်နားထားတဲ့ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာတွေကို လာမယ့် ဇွန်လ ၅ရက်နေ့မှာ စတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။ အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ စာမေးပွဲအဖြေလွှာတွေကိုစစ်ဆေးပေးနိုင်ဖို့ သက်ဆိုင်ရာ စာစစ်ဆရာ၊ဆရာမ တွေကိုလည်း ဇွန်လ ၃ရက်နေ့အရောက်သတင်းပို့စေမယ်လို့လည်း သိရပါတယ်။

ကိုဗစ်ကြောင့် စာစစ်ဌာနတွေမှာ Social Distancing ထား ရှိဆောင်ရွက်သွားမှာ ဖြစ်ပေမယ့်လည်း လူဦးရေ လျော့ချ စစ်ဆေးသွားဖို့ မရှိဘူးလို့လည်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။ “ကျွန်တော်တို့ ကိုဗစ်ကာလဖြစ်တဲ့ အတွက် ဆရာ၊ဆရာမတွေရဲ့ သွားရေးလာရေး နဲ့အခြားလိုအပ်ချက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်ပေးသွားမှာပါ။ နောက်ပြီး စာစစ်ဌာနတွေ မှာလည်း Social Distancingထားရှိသွား မှာပါ။ လူလျော့စစ်ဆေးဖို့တော့မရှိပါဘူး။”လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

ပုံမှန်ဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ကို ဧပြီလအတွင်း စတင်စစ်ဆေးပေမယ့် ဒီနှစ် မှာတော့ ကိုဗစ် ကပ်ရောဂါကြောင့် ၂လနောက်ကျပြီးမှ စစ်ဆေးနိုင်တာလည်း ဖြစ်ပါတယ်။ စာစစ်မှုကို ၂လနောက်ကျခဲ့တဲ့အတွက် ပုံမှန် ဇွန်လဆန်းပိုင်းလောက်မှာ ထုတ်ပြန်ပေးနိုင်လေ့ရှိတဲ့ အောင်စာရင်း ကိုလည်း ၂လခန့် နောက်ကျပြီးမှ ထုတ်ပြန်နိုင်ဖွယ် ရှိနေပါတယ်။

ကျောင်းတွေကိုလည်း လက်ရှိမှာ ပိတ်ထားရပြီး ပုံမှန် ဇွန်လ မှာပြန်ဖွင့် ရမယ့် အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လ မှသာ ပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံးတပြိုင်နက် တည်းဖွင့်နိုင်ဖို့လည်း မသေချာသေးပါဘူး။

ဓူဝံ