ရေကူးကန် မှာ အမိုက်စား ဆက်ဆီ ကပြထား တဲ့ M Seng Lu ရဲ့ ဗီဒီယို

ဘယ် အချိန်ကြည့်ကြည့် ရင်ခုန်ချင် စရာဆွဲဆောင်မှုတွေပြည့်နှက်လွန်းနေ တဲ့ M Seng Lu ဟာဆိုရင် သူမရဲ့အလှတရားတွေကို အမြဲလိုလို ချပြတတ်သူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာတော့ ရေကူးကန်မှာ ရေကူးဝတ်စုံလေးနဲ့ ခပ်မိုက်မိုက် က ပြထားတဲ့ ဗီဒီယိုလေးကို ထပ်မံဝေမျှလိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။

တိုင်းရင်းသူလေးဖြစ်တာ မို့ စကားသံခပ်ဝဲဝဲလေးနဲ့ ချစ်စရာကောင်းသူလေးဟာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေ ခဲ့တာ အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တာမျိုးမရှိဘဲ သူမရပ်တည်နေတဲ့ အလုပ်တစ်ခုပေါ်မှာပဲ စိတ်ပါဝင်စားစွာနဲ့ ကြိုးစားနေ ခဲ့သူပါ။

တစ်နေ့တခြားပိုပိုလှလာတာကတော့ ဆိုင်းလုရဲ့ အားသာ ချက်တစ်ခုပါပဲ။ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေနဲ့လည်း မကြာခဏ ဆိုသလို အတူတူ ခရီးထွက်တတ် ပါသေးတယ်။ ဒီတစ်ခေါက် ဗီဒီယိုလေးကတော့ ပုရိသတွေရော ပျိုမဒီလေးတွေ ပါ တဖြုတ်ဖြုတ်ကြွေ ရ လောက်အောင် မိုက်လွန်း တာမို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – M Seng Lu

Add a Comment

Your email address will not be published. Required fields are marked *

five × three =