“အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲ ရိုက္ရင္း ဆိုက္ကယ္ေမွာက္ အက္ဆီဒင့္ျဖစ္ ခဲ့တဲ့အေၾကာင္း ေျပာျပ လာတဲ့ သံသာမိုးသိမ့္

MRTV 4 ဇာတ္လမ္းတြဲ ရဲ့ မင္းသမီးေလး သံသာမိုးသိမ့္က “ကၽြန္မကမေဟသီ” ဇာတ္လမ္း တြဲမွာ မိန္းမေခ်ာအျဖစ္ သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို အခုိင္အမာ ရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္ကို အေကာင္းဆံုးသရုပ္ေဆာင္နိုင္တဲ့ သံသာမိုးသိမ့္က အခု လက္ရိွျပသေနတဲ့ “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္း တြဲမွာလည္း ေမပ်ိဳျဖဴအျဖစ္ သရုပ္ေဆာင္ခဲ့ျပီး ပရိသတ္အားေပးမႈကို ရရိွေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ သံသာမိုးသိမ့္က “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲ ရို္က္ကူးရင္း အက္ဆီဒင့္ တစ္ခုျဖစ္ ခဲ့ေၾကာင္း အမွတ္တရေတြ ကို ေျပာျပ လာပါတယ္။

“မေန႔ကဆိုင္ကယ္ နဲ႔ဆရာနီအေနာက္ လိုက္တဲ့ scene မာ ဆိုင္ကယ္ေမွာက္ က်တာေလ။ ေခါင္းေတြ ထိမာစိုးလို႔ ေျခေထာက္နဲ႔ ဆိုင္ကယ္ကိုထိန္းလိုက္ တဲ့ခ်ိန္ ဆိုင္ကယ္ ကေျခေထာက္ေပၚပိ၊ တစ္ပတ္ေလာက္ေတာ့ ထိတာေပါ့။ ဆရာမေလးခိုင္ဇြန္ကေတာ့ ေျခေထာက္မွာ ဒဏ္ရာေတာ္ေတာ္မ်ားတယ္။ ဒါေတာင္ ဇြဲမေလွ်ာ့ပဲ နာနာႀကီး နဲ႔ထပ္ေမာင္းမယ္ လုပ္လို႔ဝိုင္းတားရတယ္။ ေက်းဇူးပါ ဆရာမေလးခိုင္ဇြန္ေရ။ ေနာက္ကားေတြ ဆုံရင္လည္း ဆိုင္ကယ္လိုက္စီးျပရေစ။” ဆိုျပီး ေျပာထားပါတယ္။

သံသာမိုးသိမ့္ကေတာ့ သူမ က်ရာဇာတ္ရုပ္အေပၚ အေကာင္းဆံုး ၾကိဳးစားသရုပ္ေဆာင္သူေလး တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲ မွာ ဆရာေလး ေရာင္နီနဲ့ ေမပ်ိဳျဖဴတို့ ဘာေတြဆက္ျဖစ္မလဲဆိုတာကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾက ပါဦးေနာ္။

Source: Than Thar Moe Theint’s fb

unicode

MRTV 4 ဇာတ်လမ်းတွဲ ရဲ့ မင်းသမီးလေး သံသာမိုးသိမ့်က “ကျွန်မကမဟေသီ” ဇာတ်လမ်း တွဲမှာ မိန်းမချောအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သံသာမိုးသိမ့်က အခု လက်ရှိပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်း တွဲမှာလည်း မေပျိုဖြူအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သံသာမိုးသိမ့်က “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲ ရိုက်ကူးရင်း အက်ဆီဒင့် တစ်ခုဖြစ် ခဲ့ကြောင်း အမှတ်တရတွေ ကို ပြောပြ လာပါတယ်။

“မနေ့ကဆိုင်ကယ် နဲ့ဆရာနီအနောက် လိုက်တဲ့ scene မာ ဆိုင်ကယ်မှောက် ကျတာလေ။ ခေါင်းတွေ ထိမာစိုးလို့ ခြေထောက်နဲ့ ဆိုင်ကယ်ကိုထိန်းလိုက် တဲ့ချိန် ဆိုင်ကယ် ကခြေထောက်ပေါ်ပိ၊ တစ်ပတ်လောက်တော့ ထိတာပေါ့။ ဆရာမလေးခိုင်ဇွန်ကတော့ ခြေထောက်မှာ ဒဏ်ရာတော်တော်များတယ်။ ဒါတောင် ဇွဲမလျှော့ပဲ နာနာကြီး နဲ့ထပ်မောင်းမယ် လုပ်လို့ဝိုင်းတားရတယ်။ ကျေးဇူးပါ ဆရာမလေးခိုင်ဇွန်ရေ။ နောက်ကားတွေ ဆုံရင်လည်း ဆိုင်ကယ်လိုက်စီးပြရစေ။” ဆိုပြီး ပြောထားပါတယ်။

သံသာမိုးသိမ့်ကတော့ သူမ ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်သူလေး တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲ မှာ ဆရာလေး ရောင်နီနဲ့ မေပျိုဖြူတို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြ ပါဦးနော်။

Source: Than Thar Moe Theint’s fb