ကမာၻႀကီး ကို ကပ္ ေရာဂါႀကီး မွ ကယ္တင္ႏိုင္ ဖို႔ လက္ တစ္ကမ္း အလို

ကမာၻႀကီးကို ကပ္ ေရာဂါႀကီး မွ ကယ္တင္ႏိုင္ ဖို႔ လက္ တစ္ကမ္း အလို

လန္ဒန္ အေျခစိုက္ ေဆးထုတ္ လုပ္ေရး AstraZeneca ဟာလည္းပဲ Covid-19 အတြက္ စမ္းသပ္ေဆးဝါးေအာင္ျမင္ပါက ကုသေဆး ၁ ဘီလီယံကို ယခုႏွစ္အတြင္းထုတ္လုပ္ေပးသြားမယ္လို႔ ထုတ္ျပန္လာၿပီး သူတို႔ရဲ႕ စမ္းသပ္ေဆးဝါးအေျဖဟာလည္း မၾကာမီအခ်ိန္အတြင္း ရရွိလာေတာ့မယ္ လို႔ ေမလ၂၁ ရက္ေန႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။Oxford university နဲ႔ တြဲဖက္လုပ္ေဆာင္တဲ့ ယခုစမ္းသပ္မႈရလဒ္ေကာင္းပါက အနည္းဆုံး ကူသေဆး ၄၀၀ မီလီယံေလာက္ကို မၾကာမီ ထုတ္လုပ္ေပးႏိုင္လိမ့္မယ္လို႔လည္း သိရပါတယ္။ ေအာက္တိုဘာလမွာ ရ ရွိႏိုင္မယ္ လို႔ခန႔္မွန္း ရတဲ့ ကုသေဆးေတြထဲက ကုသေဆး ၃၀၀ မီလီယံကို အေမရိကန္က ႀကိဳတင္မွာယူထားတာလည္း ျဖစ္ပါတယ္။

The AstraZeneca Plc logo sits on an building at the company’s facilities in Sodertalje, Sweden, on Thursday, April 11, 2019. AstraZeneca raised its annual sales forecast, helped by demand for the U.K. drugmaker’s roster of new cancer drugs. Photographer: Mikael Sjoberg/Bloomberg

AstraZeneca ေဆးထုတ္လုပ္ေရးက သူတို႔ရဲ႕ကုသေဆး ဟာ အေစာပိုင္းစမ္းသပ္မႈေတြမွာ ေအာင္ျမင္မႈမရွိခဲ့ေပမယ့္ ယခုထြက္ရွိလာမယ့္စမ္းသပ္ အေျဖေပၚမူတည္ၿပီး ေဆးဝါးထုတ္လုပ္ဖို႔ ႀကိဳးစားသြားမွာျဖစ္ကာ ထုတ္လုပ္ေနစဥ္အတြင္း အျခားစမ္းသပ္မႈေတြကို ႏိုင္ငံေပါင္း မ်ားစြာမွာ ျပဳလုပ္သြားမယ္လို႔လည္းသိရပါတယ္။ လတ္တေလာမွာေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအပါအဝင္ ေဆးပညာဖြံ႕ၿဖိဳးပီးႏိုင္ငံေတြက ကုသေဆးထုတ္လုပ္ဖို႔ နည္းလမ္းေပါင္း၁၀၀ ေက်ာ္ကို အပူတျပင္း ႀကိဳးစားေနၾကေပမယ့္ လတ္တဆုတ္စာ ကုသေဆး နည္းလမ္းမ်ားကိုသာ လူသားနဲ႔စမ္းသပ္ႏိုင္ေသး တာျဖစ္ပါတယ္။ ဒါေၾကာင့္ တရားဝင္ကုသေဆးရရွိဖို႔ ၁၈ လေလာက္အခ်ိန္ေပးရလိမ့္မယ္လို႔ ပညာရွင္ေတြက ခန႔္မွန္းခဲ့တာလည္း ျဖစ္ပါတယ္။

AstraZeneca ေဆးထုတ္လုပ္ေရး ကို အေမရိကန္က ၁ ဘီလီယံေထာက္ပံ့ေပးထားၿပီး တိက်ၿပီး ေပ်ာက္ကင္းမႈႏႈန္းေသခ်ာတဲ့ ေဆးဝါး အတြက္ လူသုံးေသာင္းေလာက္မွာ စမ္းသပ္ရအုံးမွာလည္းျဖစ္တယ္လို႔သိရပါတယ္။ အျခားေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းႀကီးေတြျဖစ္တဲ့Pfizer Inc, Johnson & Johnson နဲ႔ Sanofi တို႔ လည္းပဲ ကုသေဆးအတြက္အသီးသီးႀကိဳးစားေနၾကတယ္လို႔ သတင္းေတြထြက္ေနပါတယ္။အေမရိကန္အေျခစိုက္ Inovio Pharmaceuticals ေဆးဝါးထုတ္လုပ္ေရးႀကီးကေတာ့ သူတို႔ရဲ႕စမ္းသပ္ေဆးဝါးဟာ ပူး နဲ႔ ႂကြက္ေတြရဲ႕ ကိုယ္ခံစြမ္းအားကို Covid-19 မဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ေပး တယ္လို႔ ဆိုလာပါတယ္။

crd : panpyoelat

unicode

ကမ္ဘာကြီးကို ကပ် ရောဂါကြီး မှ ကယ်တင်နိုင် ဖို့ လက် တစ်ကမ်း အလို

လန်ဒန် အခြေစိုက် ဆေးထုတ် လုပ်ရေး AstraZeneca ဟာလည်းပဲ Covid-19 အတွက် စမ်းသပ်ဆေးဝါးအောင်မြင်ပါက ကုသဆေး ၁ ဘီလီယံကို ယခုနှစ်အတွင်းထုတ်လုပ်ပေးသွားမယ်လို့ ထုတ်ပြန်လာပြီး သူတို့ရဲ့ စမ်းသပ်ဆေးဝါးအဖြေဟာလည်း မကြာမီအချိန်အတွင်း ရရှိလာတော့မယ် လို့ မေလ၂၁ ရက်နေ့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။Oxford university နဲ့ တွဲဖက်လုပ်ဆောင်တဲ့ ယခုစမ်းသပ်မှုရလဒ်ကောင်းပါက အနည်းဆုံး ကူသဆေး ၄၀၀ မီလီယံလောက်ကို မကြာမီ ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ အောက်တိုဘာလမှာ ရ ရှိနိုင်မယ် လို့ခန့်မှန်း ရတဲ့ ကုသဆေးတွေထဲက ကုသဆေး ၃၀၀ မီလီယံကို အမေရိကန်က ကြိုတင်မှာယူထားတာလည်း ဖြစ်ပါတယ်။

The AstraZeneca Plc logo sits on an building at the company’s facilities in Sodertalje, Sweden, on Thursday, April 11, 2019. AstraZeneca raised its annual sales forecast, helped by demand for the U.K. drugmaker’s roster of new cancer drugs. Photographer: Mikael Sjoberg/Bloomberg

AstraZeneca ဆေးထုတ်လုပ်ရေးက သူတို့ရဲ့ကုသဆေး ဟာ အစောပိုင်းစမ်းသပ်မှုတွေမှာ အောင်မြင်မှုမရှိခဲ့ပေမယ့် ယခုထွက်ရှိလာမယ့်စမ်းသပ် အဖြေပေါ်မူတည်ပြီး ဆေးဝါးထုတ်လုပ်ဖို့ ကြိုးစားသွားမှာဖြစ်ကာ ထုတ်လုပ်နေစဉ်အတွင်း အခြားစမ်းသပ်မှုတွေကို နိုင်ငံပေါင်း များစွာမှာ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။ လတ်တလောမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင် ဆေးပညာဖွံ့ဖြိုးပီးနိုင်ငံတွေက ကုသဆေးထုတ်လုပ်ဖို့ နည်းလမ်းပေါင်း၁၀၀ ကျော်ကို အပူတပြင်း ကြိုးစားနေကြပေမယ့် လတ်တဆုတ်စာ ကုသဆေး နည်းလမ်းများကိုသာ လူသားနဲ့စမ်းသပ်နိုင်သေး တာဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်ကုသဆေးရရှိဖို့ ၁၈ လလောက်အချိန်ပေးရလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။

AstraZeneca ဆေးထုတ်လုပ်ရေး ကို အမေရိကန်က ၁ ဘီလီယံထောက်ပံ့ပေးထားပြီး တိကျပြီး ပျောက်ကင်းမှုနှုန်းသေချာတဲ့ ဆေးဝါး အတွက် လူသုံးသောင်းလောက်မှာ စမ်းသပ်ရအုံးမှာလည်းဖြစ်တယ်လို့သိရပါတယ်။ အခြားဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးတွေဖြစ်တဲ့Pfizer Inc, Johnson & Johnson နဲ့ Sanofi တို့ လည်းပဲ ကုသဆေးအတွက်အသီးသီးကြိုးစားနေကြတယ်လို့ သတင်းတွေထွက်နေပါတယ်။အမေရိကန်အခြေစိုက် Inovio Pharmaceuticals ဆေးဝါးထုတ်လုပ်ရေးကြီးကတော့ သူတို့ရဲ့စမ်းသပ်ဆေးဝါးဟာ ပူး နဲ့ ကြွက်တွေရဲ့ ကိုယ်ခံစွမ်းအားကို Covid-19 မဝင်ရောက်နိုင်အောင် ကာကွယ်ပေး တယ်လို့ ဆိုလာပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

19 − 15 =