ယေန႔ (10 .8.2020) မိုးေလဝသ ထုတ္ျပန္ ေၾကျငာခ်က္ ( ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္)

ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔ အနီး တစ္ဝိုက္ တြင္ ယေန႔ညေန အထိ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ေၾကာင္း မိုးဇလ ထုတ္ျပန္ ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ား အရ ဘဂၤလား ပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း (အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေျမာက္ပိုင္းကမ္းလြန္- အေနာက္ဘဂၤလားျပည္နယ္ကမ္းေျခ)တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ အိႏၵိယ ႏိုင္ငံ၊ ဩရိႆ ျပည္နယ္ေျမာက္ပိုင္းကို ဝင္ေရာက္ခဲ့ၿပီး ျဖစ္ပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလား ပင္လယ္ေအာ္တို႔ တြင္ မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္း ေနပါသည္။

ယေန႔ညေနအထိခန႔္မွန္းခ်က္။ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္က်ား၊ စစ္ကိုင္းတို င္းေဒသႀကီးအထက္ပိုင္း၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္
တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္ တို႔ တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ တစ္ခါတစ္ရံ မိုး သက္ေလ ျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေ လသည္ တစ္နာရီလွ်င္ မိုင္(၃၀)မွ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၆)ေပမွ (၉)ေပခန႔္ ရွိႏိုင္ပါသည္။ နာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။ မုတ္သုံေလ အား အသင့္အတင့္ရွိမည္။ ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိ

ခန႔္မွန္းခ်က္။ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

unicode

ယနေ့ (10 .8.2020) မိုးလေဝသ ထုတ်ပြန် ကြေငြာချက် ( နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်)

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီး တစ်ဝိုက် တွင် ယနေ့ညနေ အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုးဇလ ထုတ်ပြန် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့ တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတို င်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်
တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုး သက်လေ ပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်ေ လသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။ နာက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အား အသင့်အတင့်ရှိမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ

ခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *

4 × 2 =