ASSAULTER သို႔မဟုတ္ ျမန္မာ့ တပ္မေတာ္ ရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး စက္လက္နက္ ဝယ္ယူမႈ

ဘယ္ေလာက္ပဲ အမ်ိဳးအစားေကာင္းေနပါေစ စစ္ပြဲမွာ မွတ္ေက်ာက္တင္ မခံရရင္ လက္နက္ေကာင္း လို႔ မဆိုႏိုင္ပါဘူး။ျမန္မာ့တပ္မေတာ္ဟာ ၂၀၁၀ ျပည့္လြန္ႏွစ္ေတြမွာ လက္နက္ဝယ္ယူမႈ ပုံစံေတြေျပာင္းလဲလာပါတယ္။ အရင္က တပါတ္ရစ္ေတြသာ ဝယ္ယူခဲ့ရကေန ၂၀၁၀ ျပည့္လြန္ႏွစ္ေတြ မွာ အသစ္ေတြကို ဝယ္လာတာ ေတြ႕ရပါတယ္။ ဒီအထဲမွာေတာ့ Assaulter တင့္ဖ်က္/ပစ္ကူေပးယာဥ္ဟာ အထူးျခားဆုံး ျဖစ္ခဲ့ပါတယ္။

ေျပာရမယ္ဆိုရင္ အာရွေဒသမွာ တင့္ဖ်က္တိုက္ယာဥ္သုံးမႈ အလြန္နည္းပါတယ္။ ဒီအခ်ိန္မွာ ျမန္မာႏိုင္ငံက Assaulter ေတြကို ဝယ္ခဲ့ေတာ့ ဒီတိုက္ယာဥ္ေတြရဲ႕ လက္ေတြ႕အသုံးဝင္မႈအေပၚ သံသယဝင္ခဲ့ၾကပါတယ္။ တပ္မေတာ္ေန႔စစ္ေရးျပမွာ ထုတ္ေဖာ္ျပသခဲ့ခ်ိန္မွာ ႏိုင္ငံတကာက Assaulter ေတြကို အထင္မႀကီး သေယာင္ ျပသခဲ့ၾကပါတယ္။Assaulter ကို အမ်ားစုက PTL02 လို႔ ယူဆေနၾကပါတယ္။

အမွန္ေတာ့ PTL02 ဟာ ၁၀၀ မီလီမီတာ အေျမာက္ပဲ တပ္ဆင္ ထားတာ ျဖစ္ပါတယ္။Assaulter က ၁၀၅ မီလီမီတာ အေျမာက္ တပ္ဆင္ထားတဲ့ WMA301 Fire Support ယာဥ္ ျဖစ္ပါတယ္။ PTL 02 နဲ႔ WMA301 ဟာ turret ပုံစံကြာပါတယ္။ PTL02 ရဲ႕ turret က ေထာင့္ခ်ိဳးေတြ ပိုမ်ားၿပီး WMA301 ရဲ႕ turret က wedge ပုံျဖစ္ကာ ေရွ႕ကို ပို ခြၽန္ထြက္ပါတယ္။ (ပုံမွာျပထားပါတယ္)

Assaulter ဟာ ၁၀၅ မီလီမီတာ အေျမာက္တပ္ဆင္ထားၿပီး APFSDS၊ HEAT ၊ HE စတဲ့ က်ည္ဆံေတြပစ္ႏိုင္ကာ NATO standard က်ည္ဆံ အားလုံး ပစ္ႏိုင္ပါတယ္။ Assaulter ရဲ႕ ၁၀၅ မမ အေျမာက္ဟာ ေခတ္ေပၚ တင့္ေတြကို မဖ်က္ဆီးႏိုင္ေပမဲ့ T 55၊ T 62၊ Type 59၊ Type 69၊ M 48၊ M 60 စတဲ့ တင့္ေတြကို ဖ်က္ဆီးႏိုင္ပါတယ္။ Assaulter ရဲ႕ အားသာခ်က္က Type 92 နဲ႔ အေျခခံယာဥ္တူတဲ့ WZ 551 ယာဥ္ကိုယ္ ထည္ေပၚမွာ တပ္ဆင္ထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယခင္ကတည္းက Type 92 ေတြ ေတာ္ေတာ္ မ်ားမ်ားသုံးေန တဲ့ ျမန္မာႏိုင္ငံ အတြက္ ျပဳျပင္ထိန္းသိမ္းေရး၊ အပိုပစၥည္း စတဲ့ကိစၥေတြမွာသာမက တိုက္ယာဥ္ေမာင္း ေလ့က်င့္ေရးေတြမွာပါ တူညီၿပီး cost effective ျဖစ္ေစပါတယ္။ အင္ဂ်င္ ကလည္း ဂ်ာမနီလုပ္ Deutz BF8L413F အင္ဂ်င္ျဖစ္လို႔ reliable ျဖစ္ပါတယ္။ ညၾကည့္ ကိရိယာ၊ ေခတ္မီ fire control စနစ္ စတာေတြပါလို႔ အဆင့္ျမင့္ တိုက္ယာဥ္တစ္စီးလို႔ ဆိုႏိုင္ပါတယ္။

http://www.military-today.com/…/top_10_fire_support_vehicle… မွာေတာ့ ကမာၻ႔အေကာင္းဆုံး အဆင့္ ၉ သတ္မွတ္ထားပါတယ္။

ကမာၻ႔အေကာင္းဆုံး စာရင္း တကယ္ဝင္ မဝင္ မသိႏိုင္ေပမဲ့ ျမန္မာ့ တပ္မေတာ္သမိုင္းမွာေတာ့ စစ္ေျမျပင္မွာ လက္ေတြ႕တိုက္ပြဲဝင္မႈ အမ်ားဆုံးနဲ႔ လူႀကိဳက္အမ်ားဆုံး တိုက္ယာဥ္ ျဖစ္ခဲ့ပါတယ္။ ေလာက္ကိုင္ေဒသ စစ္ဆင္ေရးေတြကေနစၿပီး မုန္းကိုးစစ္ဆင္ေရး၊ ဂီဒုံစစ္ဆင္ေရးေတြ အထိ သုံးခဲ့တဲ့ Assaulter တိုက္ယာဥ္ေတြဟာ ေျခလ်င္တပ္ေတြကို အထိေရာက္ဆုံး ပစ္ကူေပးႏိုင္ခဲ့တယ္။ ကိုက္ ၁၀၀၀ မွာ ၄ ေပပစ္မွတ္ေလာက္ကိုေတာင္ ထိေအာင္ပစ္ႏိုင္တဲ့ Assaulter ေတြေရွ႕မွာ ရန္သူ႔ခံစစ္ရဲ႕ ဘန္ကာေတြ တစ္လုံးၿပီး တစ္လုံး ၿပိဳက်ခဲ့ရတယ္။

ဘီးတပ္ တိုက္ယာဥ္ျဖစ္လို႔ ခရီးၾကမ္းသြားႏိုင္မႈ အားနည္းတယ္ ဆိုေပမဲ့ ေတာင္ေပၚေဒသစစ္ဆင္ေရးေတြမွာေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာ့တပ္မေတာ္ရဲ႕သမိုင္းတေလွ်ာက္ လက္နက္ဝယ္ယူမႈ စာရင္းမွာ Assaulter ေတြဟာ အေကာင္းဆုံး ဝယ္ယူမႈေတြထဲက တစ္ခုလို႔ ေျပာရရင္ မွားႏိုင္ပါဘူး။

sေource : စာ ေမာင္ ေက်ာ္

unicode

ASSAULTER သို့မဟုတ် မြန်မာ့ တပ်မတော် ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး စက်လက်နက် ဝယ်ယူမှု

ဘယ်လောက်ပဲ အမျိုးအစားကောင်းနေပါစေ စစ်ပွဲမှာ မှတ်ကျောက်တင် မခံရရင် လက်နက်ကောင်း လို့ မဆိုနိုင်ပါဘူး။မြန်မာ့တပ်မတော်ဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ လက်နက်ဝယ်ယူမှု ပုံစံတွေပြောင်းလဲလာပါတယ်။ အရင်က တပါတ်ရစ်တွေသာ ဝယ်ယူခဲ့ရကနေ ၂၀၁၀ ပြည့်လွန်နှစ်တွေ မှာ အသစ်တွေကို ဝယ်လာတာ တွေ့ရပါတယ်။ ဒီအထဲမှာတော့ Assaulter တင့်ဖျက်/ပစ်ကူပေးယာဉ်ဟာ အထူးခြားဆုံး ဖြစ်ခဲ့ပါတယ်။

ပြောရမယ်ဆိုရင် အာရှဒေသမှာ တင့်ဖျက်တိုက်ယာဉ်သုံးမှု အလွန်နည်းပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံက Assaulter တွေကို ဝယ်ခဲ့တော့ ဒီတိုက်ယာဉ်တွေရဲ့ လက်တွေ့အသုံးဝင်မှုအပေါ် သံသယဝင်ခဲ့ကြပါတယ်။ တပ်မတော်နေ့စစ်ရေးပြမှာ ထုတ်ဖော်ပြသခဲ့ချိန်မှာ နိုင်ငံတကာက Assaulter တွေကို အထင်မကြီး သယောင် ပြသခဲ့ကြပါတယ်။Assaulter ကို အများစုက PTL02 လို့ ယူဆနေကြပါတယ်။

အမှန်တော့ PTL02 ဟာ ၁၀၀ မီလီမီတာ အမြောက်ပဲ တပ်ဆင် ထားတာ ဖြစ်ပါတယ်။Assaulter က ၁၀၅ မီလီမီတာ အမြောက် တပ်ဆင်ထားတဲ့ WMA301 Fire Support ယာဉ် ဖြစ်ပါတယ်။ PTL 02 နဲ့ WMA301 ဟာ turret ပုံစံကွာပါတယ်။ PTL02 ရဲ့ turret က ထောင့်ချိုးတွေ ပိုများပြီး WMA301 ရဲ့ turret က wedge ပုံဖြစ်ကာ ရှေ့ကို ပို ချွန်ထွက်ပါတယ်။ (ပုံမှာပြထားပါတယ်)

Assaulter ဟာ ၁၀၅ မီလီမီတာ အမြောက်တပ်ဆင်ထားပြီး APFSDS၊ HEAT ၊ HE စတဲ့ ကျည်ဆံတွေပစ်နိုင်ကာ NATO standard ကျည်ဆံ အားလုံး ပစ်နိုင်ပါတယ်။ Assaulter ရဲ့ ၁၀၅ မမ အမြောက်ဟာ ခေတ်ပေါ် တင့်တွေကို မဖျက်ဆီးနိုင်ပေမဲ့ T 55၊ T 62၊ Type 59၊ Type 69၊ M 48၊ M 60 စတဲ့ တင့်တွေကို ဖျက်ဆီးနိုင်ပါတယ်။ Assaulter ရဲ့ အားသာချက်က Type 92 နဲ့ အခြေခံယာဉ်တူတဲ့ WZ 551 ယာဉ်ကိုယ် ထည်ပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ယခင်ကတည်းက Type 92 တွေ တော်တော် များများသုံးနေ တဲ့ မြန်မာနိုင်ငံ အတွက် ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်း စတဲ့ကိစ္စတွေမှာသာမက တိုက်ယာဉ်မောင်း လေ့ကျင့်ရေးတွေမှာပါ တူညီပြီး cost effective ဖြစ်စေပါတယ်။ အင်ဂျင် ကလည်း ဂျာမနီလုပ် Deutz BF8L413F အင်ဂျင်ဖြစ်လို့ reliable ဖြစ်ပါတယ်။ ညကြည့် ကိရိယာ၊ ခေတ်မီ fire control စနစ် စတာတွေပါလို့ အဆင့်မြင့် တိုက်ယာဉ်တစ်စီးလို့ ဆိုနိုင်ပါတယ်။

http://www.military-today.com/…/top_10_fire_support_vehicle… မှာတော့ ကမ္ဘာ့အကောင်းဆုံး အဆင့် ၉ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့အကောင်းဆုံး စာရင်း တကယ်ဝင် မဝင် မသိနိုင်ပေမဲ့ မြန်မာ့ တပ်မတော်သမိုင်းမှာတော့ စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်မှု အများဆုံးနဲ့ လူကြိုက်အများဆုံး တိုက်ယာဉ် ဖြစ်ခဲ့ပါတယ်။ လောက်ကိုင်ဒေသ စစ်ဆင်ရေးတွေကနေစပြီး မုန်းကိုးစစ်ဆင်ရေး၊ ဂီဒုံစစ်ဆင်ရေးတွေ အထိ သုံးခဲ့တဲ့ Assaulter တိုက်ယာဉ်တွေဟာ ခြေလျင်တပ်တွေကို အထိရောက်ဆုံး ပစ်ကူပေးနိုင်ခဲ့တယ်။ ကိုက် ၁၀၀၀ မှာ ၄ ပေပစ်မှတ်လောက်ကိုတောင် ထိအောင်ပစ်နိုင်တဲ့ Assaulter တွေရှေ့မှာ ရန်သူ့ခံစစ်ရဲ့ ဘန်ကာတွေ တစ်လုံးပြီး တစ်လုံး ပြိုကျခဲ့ရတယ်။

ဘီးတပ် တိုက်ယာဉ်ဖြစ်လို့ ခရီးကြမ်းသွားနိုင်မှု အားနည်းတယ် ဆိုပေမဲ့ တောင်ပေါ်ဒေသစစ်ဆင်ရေးတွေမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့သမိုင်းတလျှောက် လက်နက်ဝယ်ယူမှု စာရင်းမှာ Assaulter တွေဟာ အကောင်းဆုံး ဝယ်ယူမှုတွေထဲက တစ်ခုလို့ ပြောရရင် မှားနိုင်ပါဘူး။

sေource : စာ မောင် ကျော်

Add a Comment

Your email address will not be published. Required fields are marked *

19 − one =