“မွေးနေ့ မှာ အမည်မသိ ပရိတ်သတ်တစ်ဦးဆီက သိန်း(၁၇၀)ကျော် တန်ဖိုးရှိပစ္စည်းတွေ လက်ဆောင် ရရှိခဲ့ပြီး Surpriseဖြစ်ခဲ့ရတဲ့ “ထူးအောင်”

“မွေးနေ့ မှာ အမည်မသိ ပရိတ်သတ်တစ်ဦးဆီက သိန်း(၁၇၀)ကျော် တန်ဖိုးရှိပစ္စည်းတွေ လက်ဆောင် ရရှိခဲ့ပြီး Surpriseဖြစ်ခဲ့ရတဲ့ “ထူးအောင်”

ပရိသတ်ကြီးရေ ထူးအောင်ကတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူပါ။ အားကစားလိုက်စားတဲ့ ထူးအောင်ရဲ့ အမိုက်စား ခန္ဓာကိုယ်ကလည်း မိန်းကလေး ပရိသတ်တွေကြား သည်းသည်းလှုပ်သဘောကျမှုကို ရရှိနေတာပါ။ထူးအောင်က အနုပညာမောင်နှမတချို့ကိုလည်း Gym နည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

ထူးအောင်ကတော့ Forever Group ရဲ့ မင်းသား တစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဒါ့အပြင် ” ပျောက်ဆုံးနေသော အမှန်တရား ” ဇာတ်လမ်းတွဲ နဲ့ ” အကြင်နာမြစ်ဖျား ” ဇာတ်လမ်းတွဲတို့မှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်သူအဖြစ် ပရိသတ်တွေ ရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။

ဒီနေ့ကတော့ သူ့ရဲ့ (၂၇)နှစ်ပြည့်မွေးနေ့ ရက်မြတ်လေးဖြစ်ပြီးထူးခြားတဲ့ Surprise လက်ဆောင်လေးကို “မွေးနေ့အတွက်ဆိုပြီး အမည်မသိပရိတ်သတ်တစ်ဦးဆီက လက်နဲ့ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်၊ 2years ခံ ပန်းဆီး ၊ မွေးနေ့ကိတ် အပြင် သိန်း၁၇၀ တန် နာရီ တစ်လုံး ရခဲ့ပါတယ်။ ပို့ပေးတဲ့သူကိုကျေးဇူးအများကြီးတင်ပါတယ်။ မထင်မှတ် ထားလို့ အများကြီး အံ့ဩရပျါယ်။ ညီလေး အာကာက ကျွန်တော် အရမ်းလိုချင်နေတဲ့ Apple watch series 5 ကို လက်ဆောင်ပေးပါတယ်။ “ဆိုတဲ့ စာလေးနဲ့ဖော်ပြလာတာပါ။ ပရိသတ်ကြီးရေ ကြားရတဲ့သူတောင် ဝမ်းသား ပီတိဖြစ်ရတဲ့အတွက် ထူးအောင်ကတော့ပြောစရာမလိုလောက်အောင် ဝမ်းသာနေမှာပါနော်။ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ပရိသတ်ကြီးကဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Aung
Candy -CeleConnections