ျမန္မာအကကို ၾကည္ရႈသူေတြ မ်က္ႏွာ မလႊဲခ်င္ေအာင္ ကျပတတ္မႈေၾကာင့္ နာမည္ႀကီးေနတဲ့ ဆရာမေလး ရဲ႕ အကအလွဗြီဒီယိုဖိုင္ေလး

တိုင္းတစ္ပါး ယဥ္ေက်းမႈေတြ အမ်ားဆုံး စိမ့္ဝင္လာတဲ့ ႏွစ္ဆယ့္တစ္ရာစု ေခတ္ႀကီးထဲမွာ ေခတ္ေပၚအကေတြကို စိတ္ဝင္တစားသင္ယူေနသူေတြမ်ားလာေပမယ့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအကေတြကို စိတ္ဝင္တစားသင္ယူမယ့္သူေတြကေတာ့ တျဖည္းျဖည္းရွားလာၿပီလို႔ ဆိုရမွာပါ။

ဒါေပမယ့္ ေခတ္သစ္ ပညာေရးစနစ္အရ အေျခခံပညာ ေက်ာင္းေတြမွာ အေျခခံ ကဗ်ာလြတ္အကနဲ႔ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအကေတြကို သင္ၾကားဖို႔ သတ္မွတ္လိုက္တာကေတာ့ တကယ္ကို ဝမ္းသာစရာပါ။ ျမန္မာအကကို တကယ္တတ္ကြၽမ္းလိမၼာစြာ ကတတ္သူေတြရွားလာတဲ့ ေခတ္ႀကီးထဲမွာေတာ့ လတ္တေလာလူမႈကြန္ရက္ေပၚမွာ ျမန္မာအကေတြ နဲ႔ နာမည္ႀကီး လာသူကေတာ့ ဆရာမခိုင္မာလြင္ပါ။

ဆရာမခိုင္မာလြင္ကေတာ့ အမ်ိဳးသားယဥ္ေက်းမႈတကၠသိုလ္က ဆရာမတစ္ဦး ျဖစ္ၿပီး ျမန္မာ႐ိုးရာအကဗြီဒီယိုေလး႐ိုက္ကာ လူမႈကြန္ရက္မွာ မွ်ေဝေလ့ရွိသူပါ။ ျမန္မာအကဆို ပ်င္းစရာႀကီးလို႔ သတ္မွတ္ထားၾကသူေတြေတာင္ ဆရာမရဲ႕ အခ်ိဳးအစားက်က် ကတတ္မႈ၊ မ်က္ႏွာအမူအရာေလးေတြေၾကာင့္ ၾကည့္ရႈသူေတာ္ေတာ္မ်ားမ်ား သေဘာက်ကာ ဝန္းရံ အားေပးမႈရရွိခဲ့တယ္လို႔ ဆိုရမွာပါ ပရိသတ္ႀကီးေရ…. ျမန္မာအကေတြကို တန္ဖိုးထားေလးစားသလို ေနာက္မ်ိဳးဆက္ေတြကို လက္ဆင့္ကမ္းျပန္လည္မွ်ေဝေပးေနတဲ့ ဆရာမခိုင္မာလြင္ရဲ႕ ၾကည့္ရႈသူ တစ္သန္းနီးပါးအားေပးခဲ့တဲ့ အကဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္။

unicode

မြန်မာအကကို ကြည်ရှုသူတွေ မျက်နှာ မလွှဲချင်အောင် ကပြတတ်မှုကြောင့် နာမည်ကြီးနေတဲ့ ဆရာမလေး ရဲ့ အကအလှဗွီဒီယိုဖိုင်လေး

တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ အများဆုံး စိမ့်ဝင်လာတဲ့ နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲမှာ ခေတ်ပေါ်အကတွေကို စိတ်ဝင်တစားသင်ယူနေသူတွေများလာပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို စိတ်ဝင်တစားသင်ယူမယ့်သူတွေကတော့ တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် ခေတ်သစ် ပညာရေးစနစ်အရ အခြေခံပညာ ကျောင်းတွေမှာ အခြေခံ ကဗျာလွတ်အကနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို သင်ကြားဖို့ သတ်မှတ်လိုက်တာကတော့ တကယ်ကို ဝမ်းသာစရာပါ။ မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ ကတတ်သူတွေရှားလာတဲ့ ခေတ်ကြီးထဲမှာတော့ လတ်တလောလူမှုကွန်ရက်ပေါ်မှာ မြန်မာအကတွေ နဲ့ နာမည်ကြီး လာသူကတော့ ဆရာမခိုင်မာလွင်ပါ။

ဆရာမခိုင်မာလွင်ကတော့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတစ်ဦး ဖြစ်ပြီး မြန်မာရိုးရာအကဗွီဒီယိုလေးရိုက်ကာ လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူပါ။ မြန်မာအကဆို ပျင်းစရာကြီးလို့ သတ်မှတ်ထားကြသူတွေတောင် ဆရာမရဲ့ အချိုးအစားကျကျ ကတတ်မှု၊ မျက်နှာအမူအရာလေးတွေကြောင့် ကြည့်ရှုသူတော်တော်များများ သဘောကျကာ ဝန်းရံ အားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ ပရိသတ်ကြီးရေ…. မြန်မာအကတွေကို တန်ဖိုးထားလေးစားသလို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနေတဲ့ ဆရာမခိုင်မာလွင်ရဲ့ ကြည့်ရှုသူ တစ်သန်းနီးပါးအားပေးခဲ့တဲ့ အကဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =