သူမ ရဲ႕ စားေသာက္ဆိုင္မွာ အလုပ္လုပ္ရင္း ဆယ္တန္းေအာင္ သြားတဲ့ ဝန္ထမ္းေလး အတြက္ လက္ေဆာင္ေပးၿပီး ဂုဏ္ျပဳေပးခဲ့တဲ့ လမင္းကဗ်ာ

သ႐ုပ္ေဆာင္ လမင္းကဗ်ာကေတာ့ ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အျဖစ္ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ရင္း ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို ရရွိပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လမင္းကဗ်ာက အခုဆိုရင္ စီးပြားေရးလုပ္ငန္းေတြကို အခ်ိန္ေပးလုပ္ကိုင္ေနလ်က္ရွိၿပီး သူမရဲ႕ ကိုယ္ပိုင္ စားေသာက္ဆိုင္ႀကီးကို ဦးစီးလုပ္ကိုင္ေနလ်က္ ရွိပါတယ္။ လမင္းကဗ်ာက အရင္ကေလာက္ အႏုပညာအလုပ္ ေတြကို မလုပ္ကိုင္ ျဖစ္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိပိုင္ဆိုင္ေနဆဲပဲ ျဖစ္ပါတယ္။

အႏုပညာေလာက မွာလည္း ေအာင္ျမင္မႈ ရရွိခဲ့သလို စီးပြားေရးမွာလည္း ေသခ်ာဦးစီး လုပ္ကိုင္ေနတဲ့ လမင္းကဗ်ာက သူ႔ရဲ႕ ဆိုင္က ဝန္ထမ္းေတြအတြက္လည္း အလုပ္ရွင္ေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္ေနလ်က္ရွိပါတယ္။ ဒီေန႔မွာေတာ့ လမင္းကဗ်ာက သူမရဲ႕ စားေသာက္ဆိုင္မွာ အလုပ္လုပ္ရင္း ဆယ္တန္းေအာင္သြားတဲ့ ဝန္ထမ္းေလးအတြက္ ေ႐ႊလက္စြပ္ တစ္ကြင္း လက္ေဆာင္ေပးၿပီး ဂုဏ္ျပဳေပးခဲ့တာကို ေေတြ႕ရပါတယ္။

လမင္းကဗ်ာကေတာ့ ထူးခြၽန္ထက္ျမက္သူကို ဂုဏ္ျပဳေပးဖို႔ ဝန္မေလးတဲ့ အလုပ္ရွင္ ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ၾကည္ႏူးစရာေကာင္းတဲ့ အလုပ္ရွင္နဲ႔ ဝန္ထမ္းတစ္ေယာက္ရဲ႕ ပုံရိပ္ေလးကိုၾကည့္ၿပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစ လို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Lamin Kabyar’s fb

unicode

သူမ ရဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း ဆယ်တန်းအောင် သွားတဲ့ ဝန်ထမ်းလေး အတွက် လက်ဆောင်ပေးပြီး ဂုဏ်ပြုပေးခဲ့တဲ့ လမင်းကဗျာ

သရုပ်ဆောင် လမင်းကဗျာကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လမင်းကဗျာက အခုဆိုရင် စီးပွားရေးလုပ်ငန်းတွေကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိပြီး သူမရဲ့ ကိုယ်ပိုင် စားသောက်ဆိုင်ကြီးကို ဦးစီးလုပ်ကိုင်နေလျက် ရှိပါတယ်။ လမင်းကဗျာက အရင်ကလောက် အနုပညာအလုပ် တွေကို မလုပ်ကိုင် ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်နေဆဲပဲ ဖြစ်ပါတယ်။

အနုပညာလောက မှာလည်း အောင်မြင်မှု ရရှိခဲ့သလို စီးပွားရေးမှာလည်း သေချာဦးစီး လုပ်ကိုင်နေတဲ့ လမင်းကဗျာက သူ့ရဲ့ ဆိုင်က ဝန်ထမ်းတွေအတွက်လည်း အလုပ်ရှင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။ ဒီနေ့မှာတော့ လမင်းကဗျာက သူမရဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း ဆယ်တန်းအောင်သွားတဲ့ ဝန်ထမ်းလေးအတွက် ရွှေလက်စွပ် တစ်ကွင်း လက်ဆောင်ပေးပြီး ဂုဏ်ပြုပေးခဲ့တာကို ေတွေ့ရပါတယ်။

လမင်းကဗျာကတော့ ထူးချွန်ထက်မြက်သူကို ဂုဏ်ပြုပေးဖို့ ဝန်မလေးတဲ့ အလုပ်ရှင် ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည်နူးစရာကောင်းတဲ့ အလုပ်ရှင်နဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Lamin Kabyar’s fb

Add a Comment

Your email address will not be published. Required fields are marked *

three × five =