


crd : alzy

unicode

နိုင်ငံတကာ က Tik Tok အသုံးပြုသူတွေ ကြားမှာပါ ရေပန်းစား အောင်မြင်နေတဲ့ ရွှေထူး ရဲ့ “မမဆယ်လီ သားတစ်လီ” သီချင်း

ရွှေထူးကတော့ ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ အလွမ်းအဆွေး သီချင်းတွေကို သီဆိုရင်း ပရိသတ် ရင်ထဲမှာ နေရာယူ အောင်မြင်လာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးက ပြီးခဲ့တဲ့လပိုင်းကတော့ မမဆယ်လီ သားတစ်လီဆိုတဲ့ သီချင်းမြူးမြူးလေးကို ထုတ်လုပ်ဖြန့်ချီခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့မမဆယ်လီ သားတစ်လီ သီချင်းလေးက သီဆိုနေကျပုံစံနဲ့ ကွဲထွက်ပြီး အသစ်အဆန်းလေးဖြစ်ခဲ့တာကြောင့် ပရိသတ်တွေလည်း တော်တော်လေး သဘောကျခဲ့ကြတာကို တွေ့ရပါတယ်။

ရွှေထူးရဲ့ မမဆယ်လီ သားတစ်လီ သီချင်းက အခုဆိုရင် မြန်မာနိုင်ငံအတွင်းက Tik Tok အသုံးပြုသူတွေကြားမှာသာမကပဲ နိုင်ငံတကာထိ ပေါက်ရောက်အောင်မြင်နေတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံက လူမျိုးခြားတွေက ရွှေထူးရဲ့မမဆယ်လီ သားတစ်လီသီချင်းလေးကို လိုက်ဆိုပြီး Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးနေကြတာကို အခုလိုပဲ တွေ့မြင်ရပါတယ်။ ရွှေထူးရဲ့ မမဆယ်လီ သားတစ်လီသီချင်းလေးကတော့ မြူးမြူးကြွကြွလေးမို့ Tik Tok ဆော့သူတွေ အကြိုက်တွေ့ကြတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ပရိသတ်ကြီးလည်း ရွှေထူးရဲ့ မမဆယ်လီ သားတစ်လီ သီချင်းလေးနဲ့ Tik Tok ဆော့ဖူးတယ်ဆိုရင် ဒီပို့စ်လေးအောက်မှာ မန့်ခဲ့ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd : alzy

Add a Comment

Your email address will not be published. Required fields are marked *

4 × two =