ကင္ဆာ ကုိ စိတ္ဓာတ္ႀကံ႕ခုိင္မႈ နဲ႔ ေအာင္ႏုိင္ ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္

ကင္ဆာ ကုိ စိတ္ဓာတ္ႀကံ႕ခုိင္မႈ နဲ႔ ေအာင္ႏုိင္ ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္

ကင္ဆာေရာဂါေဝဒနာျဖင့္ ထိုင္းႏိုင္ငံ သို႔ ေဆးကုသမႈ သြားေရာက္ခံယူေနရေသာ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ သည္ မေန႔က မႏၲေလးသို႔ ျပန္လည္ေရာက္ ရွိလာၿပီး ေဆးကုသမႈေအာင္ျမင္ ခဲ့ေၾကာင္း သိရပါတယ္။

မေန႔ ညေနပိုင္းက ျပန္လည္ေရာက္ ရွိလာၿပီး က်န္းမာလွ်က္ ရွိေနေၾကာင္းႏွင့္ ေဒါက္တာေဇာ္ျမင့္ေမာင္ ၏ ဇနီးျဖစ္သူက ေဖ့ဘုတ္စာမ်က္ႏွာေပၚမွာတင္ထားတာကုိ ေအာက္မွာ ေဖာ္ျပလုိက္ပါတယ္-

“သူ တိုင္းျပည္အတြက္ အလုပ္လုပ္ေပးခ်င္ ပါေသးတယ္၊ႏို င္သမွ်ဝန္ထမ္းေပးခ်င္ ပါေသးတယ္တဲ့။ လုပ္စရာေတြ ရွိေသးတယ္ဆိုတဲ့စိတ္နဲ႔ အားတင္းရင္း အစ္မရဲ႕ အားေပးမႈနဲ႔အတူ ျပည္သူ႔ေမတၱာနဲ ႔ျပန္လည္ရွင္သန္လာ ခဲ့ပါတယ္။

ကုသမႈ ေအာင္ျမင္ပါတယ္။ ေနာက္(၆)လမွ ထပ္ခ်ိန္းပါတယ္။ ေဆးစစ္မႈေတြ လုပ္ၿပီးအသက္ ဥာဏ္ေစာင့္ ကာေနရင္း အလုပ္ေတြလုပ္သြားမွာပါ”

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ သည္ ထိုင္းတြင္ ေဆးကုေနစဥ္ စဥ္ဆက္မျပတ္ဆက္သြယ္ကာ အလုပ္လုပ္ ခဲ့ၿပီး အညာသားအမည္ျဖင့္ ေဆာင္းပါးအခ်ိဳ႕လည္း ေရးသားခဲ့ ပါတယ္။

“ယခု Home Quarantine ယူေနၿပီး ကုိဗစ္ စစ္ၿပီးရင္ ေနထုိင္မႈ ပံုစံအသစ္ (New Normal) နဲ႔ အားလုံးနဲ႔ အတူ ေက်ာ္လႊားၾကရဦးမွာပါ”ဟု ေဒါက္တာေဇာ္ျမင့္ေမာင္၏ ဇနီးျဖစ္သူေဒၚယုယုေမ ကေျပာပါတယ္။

crd : thuthulay

unicode

ကင်ဆာ ကို စိတ်ဓာတ်ကြံ့ခိုင်မှု နဲ့ အောင်နိုင် ခဲ့တဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

ကင်ဆာရောဂါဝေဒနာဖြင့် ထိုင်းနိုင်ငံ သို့ ဆေးကုသမှု သွားရောက်ခံယူနေရသော မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် သည် မနေ့က မန္တလေးသို့ ပြန်လည်ရောက် ရှိလာပြီး ဆေးကုသမှုအောင်မြင် ခဲ့ကြောင်း သိရပါတယ်။

မနေ့ ညနေပိုင်းက ပြန်လည်ရောက် ရှိလာပြီး ကျန်းမာလျှက် ရှိနေကြောင်းနှင့် ဒေါက်တာဇော်မြင့်မောင် ၏ ဇနီးဖြစ်သူက ဖေ့ဘုတ်စာမျက်နှာပေါ်မှာတင်ထားတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“သူ တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင် ပါသေးတယ်၊နို င်သမျှဝန်ထမ်းပေးချင် ပါသေးတယ်တဲ့။ လုပ်စရာတွေ ရှိသေးတယ်ဆိုတဲ့စိတ်နဲ့ အားတင်းရင်း အစ်မရဲ့ အားပေးမှုနဲ့အတူ ပြည်သူ့မေတ္တာနဲ့ပြန်လည်ရှင်သန်လာ ခဲ့ပါတယ်။

ကုသမှု အောင်မြင်ပါတယ်။ နောက်(၆)လမှ ထပ်ချိန်းပါတယ်။ ဆေးစစ်မှုတွေ လုပ်ပြီးအသက် ဉာဏ်စောင့် ကာနေရင်း အလုပ်တွေလုပ်သွားမှာပါ”

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် သည် ထိုင်းတွင် ဆေးကုနေစဉ် စဉ်ဆက်မပြတ်ဆက်သွယ်ကာ အလုပ်လုပ် ခဲ့ပြီး အညာသားအမည်ဖြင့် ဆောင်းပါးအချို့လည်း ရေးသားခဲ့ ပါတယ်။

“ယခု Home Quarantine ယူနေပြီး ကိုဗစ် စစ်ပြီးရင် နေထိုင်မှု ပုံစံအသစ် (New Normal) နဲ့ အားလုံးနဲ့ အတူ ကျော်လွှားကြရဦးမှာပါ”ဟု ဒေါက်တာဇော်မြင့်မောင်၏ ဇနီးဖြစ်သူဒေါ်ယုယုမေ ကပြောပါတယ်။

crd : thuthulay