





Source: Chit Thu Wai’s fb

Unicode Version

အချစ်ဆုံး Fan တွေ အိမ်တိုင်ရာ ရောက်လုပ်ပေး ကြတဲ့ Surprise ကြောင့် ပီတိ မျက်ရည်တွေများစွာ ကျခဲ့ရတဲ့ ချစ်သုဝေ

အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေကတော့ လူလေးလှသလို မေတ္တာစေတနာလည်း ကောင်းမွန်တဲ့ ဆရာဝန်မလေး တစ်ယောက် ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့ကတော့ ချစ်သုဝေရဲ့ မွေးနေ့လေးဖြစ်ပြီး ချစ်သုဝေက တစ်နေကုန် သူမကို ချစ်ခင်သူတွေပို့ပေးတဲ့ မွေးနေ့လက်ဆောင်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချစ်သုဝေက သူမရဲ့ အချစ်ဆုံး Fan တွေ အိမ်တိုင်ရာရောက်လုပ်ပေးကြတဲ့ Surprise ကြောင့် ပီတိမျက်ရည်တွေများစွာ ကျခဲ့ရတဲ့အဖြစ်လေးကို အခုလိုပဲပြောပြလာပါတယ်။

“အနုပညာသမားဖြစ်လာတော့ ချစ်တဲ့ပရိသတ်ဆိုတာရှိလာတာပေါ့။ Treza က သူတို့ လေးတွေကို gg(god’s gift) လို့ခေါ်တယ်❤ သူတို့နဲ့တွေ့တိုင်း ကိုယ့်အတွေးတွေ၊ သူတို့အပေါ်ဖြစ်စေချင်မိတာတွေပြောလေ့ရှိတယ် (ကလေးတွေကတော့ နားညည်းမလားပဲ🤣) မွေးနေ့ကိုနှစ်တိုင်းအတူအလှူလုပ်ဖြစ်တယ်။

ဒီနှစ်က COVID နဲ့မို့ မဆုံဖြစ်တာကြာ။ ဒီကြားထဲ စိတ်အနှောင်အယှက်ဖြစ်စရာတွေမှာ ကလေးတွေပါ မှာစိုးပြီးအဝေးက ဆုံးမရသေးတာ(အမှန်တော့ကိုယ်ပြောဖို့မလိုအောင် GGလေးတွေက အေးဆေးကြတယ်) မတွေ့ရဘူးထင်ခဲ့ပေမယ့် သူတို့လေးတွေက ငြိမ်ချက်သားကောင်းပြီး surpriseလာလုပ်ကြတယ်❤❤❤ပျော်လွန်းပြီး မျက်ရည်တွေ ကျရတာ(အသည်းမာသူလေးလေ🤣🤣🤣) ပရဟိတစိတ်တွေရှိလို့အရမ်းလည်းဂုဏ်ယူမိတာပဲ🙏🙏 ဒီနှစ်တော့ tre lay အရမ်းပျော်တယ်။ တင်ဦးမှာနော် နောက်တစ်ပိုင်း🤣😜😜 Augustတစ်လလုံးတင်မှာ🤣 Tagကြနော်❤” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေထားပါတယ်။

ချစ်သုဝေကတော့ သူမရဲ့ အသက် (၃၆)နှစ်ပြည့်မွေးနေ့ ကို ချစ်ခင်ကြသူတွေရဲ့ မေတ္တာတွေနဲ့ အအေးချမ်းဆုံး ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Chit Thu Wai’s fb

Unicode Version

Add a Comment

Your email address will not be published. Required fields are marked *

eleven − ten =