သူမချစ်သူက တစ်ခုလပ်ဖြစ်တယ်လို့ ဝေဖန်နေကြတဲ့ အပေါ် ပြန်ရှင်းလာတဲ့ မင်းသမီးလေး “ခေးဆက်သွင်”

ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ မကြာသေးမီကမှ ချစ်သူလေးဆီက လက်ထပ်ခွင့် တောင်းခံထားရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ ချစ်သူက တစ်ခုလပ်ဖြစ်ကြောင်း ဝေဖန်နေကြတဲ့အပေါ် ပြန်ရှင်းပြလာတာလည်းဖြစ်ပါတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

ခေးဆက်သွင်ကဟုတ်ကဲ့ ခေးချစ်သူကတခုလပ်ပါလက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့်ကွဲခဲ့တာကြာပါပြီ။ ဘာလို့ယူဖို့ဆုံးဖြတ်လည်းဆိုတော့ချစ်လို့ပါ ယောကျာ်းကောင်းပီသလို့ပါနားလည်မှု တာဝန်ယူမှုရှိပြီးမဖောက်ပြန်လို့ပါ။စDate ကတည်းက အားလုံးမကွယ်မဝှက်ပွင့်ပွင့်လင်းလင်းပြောပြထားပြီးသားပါသူ့မိသားစုနဲ့လည်း ခဏခဏတွေ့ကြည့်ပြီးရင်းနှီးပြီးသားပါ။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေကြားမှာလည်းမကောင်းသတင်း မကြားရတဲ့ မိသားစုပါသူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့အိမ်တွင်းရေးပြဿနာနဲ့ အမှုအခင်းကိစ္စတွေကခေး သိပြီးသားပါရှင့်ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကိုနားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့ အားလုံးရှိတဲ့ ခေးရဲ့ post အောက်ကpublic commentမှာ လာမန့်တာတွေ သတင်း media pageအောက်မှာ ဝင်ရေးတဲ့သူတွေကျတော့ ဘယ်လို နားလည်ရမှန်းမသိလို့ပါရှင်တကယ်သိစေချင်လို့ ချစ်တဲ့စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ် ချစ်လို့ခင်လို့စေတနာထားကြတာ ကျေးဇူးပါနော်တစ်စိတ်ကို တစ်အိတ်မဖြစ်စေချင်လို့ပါ ခေးအဆင်ပြေပါတယ်

crd

zawgyi


