ရုပ်ရှင် အစည်းအရုံး ရဲ့လှူတန်းမှုကို ငွေထပ်စိုက်ပြီး လိုအပ်နေသူတွေ ကို ထပ်မံ လှူတန်းခဲ့တဲ့ ဒိန်းဒေါင်

ရုပ်ရှင် အစည်းအရုံး ရဲ့လှူတန်းမှုကို ငွေထပ်စိုက်ပြီး လိုအပ်နေသူတွေ ကို ထပ်မံ လှူတန်း ခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်တွေ ကိုပျော်ရွှင်အောင်ဖန်တီးပေးတဲ့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ဟာ ပျော်ရွှင် အောင် ဖန်တီးပေးရုံမကဘဲ လိုအပ်နေသူတွေ အတွက် ဝမ်းစာပြည့်ဖို့ကိုလည်း တတ်နိုင်တဲ့ ဖက်က ကူညီတတ်ပါသေးတယ်။ ဒီနေ့မှာလည်း ရုပ်ရှင်အစည်းအရုံးက လှူတန်းတဲ့ ဆန် ဆီ ပဲနဲ့ ငွေတစ်သောင်း ကို လိုအပ်သူတွေအတွက် ပြန်လည် လှူတန်းပေးခဲ့ပါသေးတယ်။

ရုပ်ရှင်လောကသားတွေ အတွက် ထောက်ပံ့တဲ့ အစီအစဉ်ဖြစ်လို့ ထောက်ပံ့မှုကိုလက်ခံခဲ့ပြီး တကယ်လိုအပ်နေတဲ့သူတွေအတွက် ငွေထပ်စိုက်ပြီး လှူတန်းခဲ့ပါတယ်။ အခုလိုအချိန် မှာ လိုအပ်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက်လေး ကူညီတာ ဟာလည်း ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခုပါ။

သူ့ရဲ့အလှူလေးကို ” ရုပ်ရှင် အစည်းရုံးက ဆန် ဆီ ပဲ ငွေတစ်သောင်းအား ဒါရိုက်တာ တစ်ယောက်အဖြစ် အသိမှတ်ပြုပြီးပေး ခဲ့ပါတယ် အလှူရှင်လဲ ကုသိုလ်ရကိုယ်လဲကုသိုလ်ရ အောင် ဆီတစ်ဗူးထပ်စိုက်ပြီး မရှိတဲ့ မုဆိုးမနှစ်ဦး ကိုပြန်လှူခဲ့ပါတယ် နတ်လူသာဓုခေါ်စေ သော် ” ဆိုပြီး ဝေမျှခဲ့ ပါတယ်။

Happy – Cele Zone
Photo – Dain Daung