“၁၀” တန္း မေအာင္ ခဲ့ တဲ့ ညီေလး ညီမေလး မ်ား ( ဒီပို႔စ္ ကို ျမင္ရင္ ေက်ာ္ မသြား ပါ နဲ႔ ဖတ္ျဖစ္ေအာင္ ဖတ္ေပးပါ)

လြန္ခဲ့တဲ့ ၅ ႏွစ္ေ လာက္ က အိႏၵိယႏိုင္ငံ သား တစ္ေယာက္ နဲ႔ အလုပ္ ကိစၥစကားေျပာျဖစ္ခဲ့ ပါတယ္။သူက IT company ေလးတစ္ခုပိုင္တယ္။ ဟိုဟိုဒီဒီအေၾကာင္းေတြေျပာရင္းနဲ႔ ဘဝမွာက်ရႈံးမႈေတြ အေၾကာင္းေရာက္ သြားတယ္။ က်ေနာ့္အေနနဲ႔ ဘဝမွာေအာင္ျမင္ေနတဲ့လူေတြအေၾကာင္း ၾကားရတာအပ္ေၾကာင္းထပ္ေနၿပီမို႔ စိတ္မဝင္စားပါ ။အႀကိမ္ႀကိမ္ေမ အာင္ျမင္ၿပီး မွ ေအာင္ျမင္လာ တဲ့ အက္ဒီစင္ဘာညာ ဆိုတာလည္း ငယ္ငယ္ ကတည္းက ၾကားရတာ႐ိုးေနၿပီမို႔ က်ေနာ့္အတြက္ မတိုးေတာ့တဲ့ မိုတီေဗးရွင္းေဆးျဖစ္ေနပါၿပီ။ ကိုယ္လက္လွမ္းမမီႏိုင္တဲ့ KFC သူေဌးတို႔ဘာညာထက္စာရင္ က်ရႈံးမႈကေန ကိုယ္လက္လွမ္းမီႏိုင္ေလာက္တဲ့ ေအာင္ျမင္မႈတစ္ခု ကို လက္ေတြ႕ တည္ေဆာက္ခဲ့သူေတြ ကိုပဲ စိတ္ဝင္စား ပါတယ္။

က်ေနာ္ နဲ႔ေတြတဲ့ Kumar က သူ႔ဘဝ မွာ ၁၀ တန္းက်တုန္းက စိတ္ဓာတ္ အေတာ္က်ဖူးေၾကာင္းေျပာေတာ့ ေမးမိတယ္ ။ အာ့နဲ႔ ေနာက္ႏွစ္ျပန္ေျဖတာ ေအာင္သြားေရာလား ဆိုေတာ့ မေအာင္ေသးဘူးတဲ့ ။ မင္းဒါဆိုရင္ IT ပညာရွင္ ဘယ္လိုျဖစ္လာသလဲ? လို႔ေမးေတာ့…. ၁၀ တန္း မေအာင္တာ နဲ႔ဘဝႀကီးကတန႔္ေနရမွာ လားတဲ့။က်ေနာ့္ကို ျပန္ေမး တယ္။ မင္း အိႏၵိယက လုပ္ငန္းရွ င္ သူေဌးႀကီး Subhash Chandra ကို သိလားတဲ့။ Zee Television ကစလို႔ မီဒီယာ၊ နည္းပညာ၊ ပညာေရး၊ ဆန္ကစလို႔ စားေသာက္ ကုန္လုပ္ငန္း အင္ပါယာႀကီး ထူေထာင္ထား တဲ့ သူေဌးႀကီး၊ လြတ္ေတာ္ အမတ္ Subhash Chandra ကို သိတာေပါ့လို႔။ သူ႔အေၾကာင္း စာ အုပ္ ရွိတယ္။“my journey as the wrong man at the right time” တဲ့။ ဘဝမွာ အခ်ိန္ကိုက္မွာ အမွားသြားလုပ္မိရင္း အမွန္ျဖစ္သြားသူေတြမနည္းဘူး။ ဒါ့ေၾကာင့္ အမွားလုပ္မိတိုင္း စိတ္ညစ္စရာမဟုတ္ဘူး။ ျပန္ျပင္လို႔ရတဲ့ အမွားမွန္သမွ်က အမွားလို႔မေခၚဘူးဗ်။ ေအး… ေနာက္မမွားေစနဲ႔။ သင္ခန္းစာမယူတတ္ရင္ အိုၿပီးေသသြားတဲ့အထိ အမွား ကို ဆင့္ကာဆင့္ကာ ထပ္လုပ္ေနအုံးမွာပဲ။ ထားပါေတာ့ေလ…. Kumar က က်ေနာ့္ကိုေျပာတယ္။ Subhash Chandra က ေတာ႐ြာေလးတစ္႐ြာကလာတာ ၁၀ တန္းမွာ ေက်ာင္းထြက္ၿပီး အလုပ္လု ပ္ ခဲ့တာ ။ အခုေတာ့လည္း ဘီလ်ံနာသူေဌးႀကီးကိုျဖစ္လို႔။

ဘဝမွာတစ္ေနရာမွာက်ရႈံးတိုင္း တစ္ဘဝလုံးက်ရႈံးတယ္လို႔ မျမင္နဲ႔တဲ့။ က်ေနာ္လည္းအဲ့လိုျမင္ပါတယ္။ ၁၀ တန္းဆိုတာ ဘဝခရီးရွည္ႀကီးမွာ မိုင္တိုင္ လမ္းခြဲတစ္ခုမွာ တင္တဲ့မွတ္ေက်ာက္တစ္ခုပါပဲ။ အဲ့ဒီ မွာ အရွိန္ေကာင္းေန ရင္ တာထြက္ေကာင္းေနၿပီ ဆက္ေျပးပါ။ တာထြက္မေကာင္းခဲ့ရင္လည္း ဘဝမွာ တစ္ခုခုေအာင္ျမင္ေအာင္ ႀကိဳးစားပါ။ လူတစ္ေယာက္ခ်င္းစီ အတြက္ ဘုရားသခင္ကေပးလာ မယ့္ ေအာင္ျမင္မႈပုံစံ ဟာ တူခ်င္မွတူပါမယ္။ ကိုယ္မျမင္ရတဲ့ စိတ္ဝင္စားစရာ exciting life game ကို ဆက္ေဆာ့ပါ။ Kumar ကိုဆက္ေမးတယ္။“မင္းဘယ္ လို IT ပညာရွင္ျဖစ္လာသလဲ ဆက္ပါအုံး။”

၁၀ တန္းက်တဲ့ေန႔မွာ စိတ္ဓာတ္က်ၿပီး စိတ္ေပ်ာ္႐ႊင္ ရာ တစ္ခုခုေတြ႕မလား ဆိုၿပီး အင္တာနက္ထဲ မွာ တစ္ခ်ိန္လုံးလြင့္ေမ်ာၿပီး စိတ္ခ်မ္းသာရာလိုက္ရွာ သတဲ့။ စိတ္ခ်မ္းသာရာရွာမေတြ႕ခ်ိန္ မွာ ကြန္ပ်ဴတာ စခရင္ ကိုထိုင္ေငးၾကည့္ေနမိတယ္။ အဲ့ဒီလိုနဲ႔ သူကြန္ပ်ဴတာကိုင္ၿပီး စိတ္ခ်မ္းသာမႈကို ရွာေနမိတာ ကို သတိရသြားတယ္။အဲ့ဒီမွာ ကြန္ပ်ဴတာကို စိတ္ဝင္စားလာၿပီး IT နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စား ကာ ေလ့လာသင္ယူ ခ်င္ စိတ္ေတြေပၚလာ တယ္။ အဲ့ဒီကေန ပ႐ိုဂရမ္ေ ရးတာေတြ IT ပိုင္းဆိုင္ရာေတြ ကို အေျခခံကစၿပီး ေလ့လာျဖစ္ တယ္။

တစ္ေန႔လုံး ကိုယ္စိတ္ဝင္စားတာကို ကိုယ့္ဘာသာကိုယ္ ေလ့လာ သင္ယူရင္း နဲ႔ IT Certificate စာေမးပြဲေတြဝင္ေျဖျဖစ္ တယ္။ အဲ့ဒီကေန IT နဲ႔ အလုပ္ရတယ္။ လုပ္ငန္းအေတြ႕အႀကဳံရတယ္။ စင္ကာပူ ကိုလာတယ္။ အင္တာဗ်ဴးမွာ အလုပ္ရွင္လိုခ်င္တဲ့ ပေရာဂ်က္တစ္ခုကို မိနစ္ပိုင္းအတြင္းလုပ္ျပႏိုင္ခဲ့တယ္။တကယ္ရထားတဲ့ IT Certificate ေတြကလည္း ရွိတယ္။ အဲ့ဒီကေန သူ႔ဘာသာသူ IT company ေလးထူေထာင္တယ္။Kumar က က်ေနာ့္ကို ေမးတယ္။ မင္းမွာ “ေက်ာင္းေႂကြး ရွိသလား?”တဲ့။ဟ… ႏိုင္ငံျခား မွာ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္ၿပီး ေက်ာင္းတက္ ခဲ့ရတာပဲ ဘဏ္ေခ်းေငြ Study loan ေတာ့ ရွိခဲ့တာေပါ့လို႔။ ဒါေတာင္ ေက်ာင္းလခ ရဲ႕ ၈၀ ရာႏႈန္းကမေပးရလို႔။ဟား… ဟား… မင္းနဲ႔ငါ အဲ့ဒါကြာတာပဲ။

အဲ့ဒီ သားသမီးအတြက္ ႏိုင္ငံျခားတ ကၠသိုလ္ထားဖို႔ ေက်ာင္းစားရိတ္ နဲ႔ ပိခဲ့ရတဲ့ မိဘေတြမနည္းဘူး တဲ့။ မင္းတို႔လို ကိုယ့္ဘာသာကိုယ္တက္ခဲ့သူေတြမွာလည္း ေက်ာင္းေႂကြးကို ျပန္ဆပ္ခဲ့ရတာ။ ငါက တကၠသိုလ္မတက္ခဲ့ရေတာ့ ေက်ာင္းေႂကြး မရွိဘူးကြတဲ့။ၿပီးေတာ့ ငါက တကၠသိုလ္ တက္ၿပီး ေဟးလား ဝါးလား အခ်ိန္မကုန္ပဲ လုပ္ငန္းခြင္ထဲ ေစာေစာ ေရာက္ခဲ့တယ္ ။ ဒါေၾကာင့္ အခ်ိန္ေတြမကုန္ခဲ့ဘူးတဲ့။ ဒါေၾကာင့္ ၁၀ တန္းမေအာင္ခဲ့တာ ငါ့အတြက္ ေငြလည္းမကုန္ အခ်ိန္လည္းမကုန္ပဲ ကံေကာင္းခဲ့သတဲ့။ က်ေနာ္က သူေျပာတာကို ယဥ္ေက်းစြာျပန္ေရးျပေနတာ။

သူကေတာ့ က်ေနာ္နဲ႔ ႏွစ္ေယာက္တည္း လြတ္လြတ္လ ပ္လပ္ေျပာေနတာ ဆိုေတာ့ ” ​ေ_ာက္ ေက်ာင္းေႂကြးေရာ၊ ေ_ာက္အခ်ိန္ေရာမကုန္ဘူး” လို႔ေျပာသြားတာ။ဒီေနရာမွာ သူမွန္တယ္လို႔ ေျပာလို႔မရေပမယ့္ သူ႔အတြက္သူအေကာင္းဆုံးဘဝကို က်ရႈံးမႈကေတြကေန ဖန္တီးယူသြားၿပီး သူမ်ားေတြထက္ အားသာခ်က္ကို ရယူသြားႏိုင္တာ အမွန္ ပါ ပဲ။ က်ေနာ္ေျပာလိုတာက ၿပီး ခဲ့တာၿပီးခဲ့ၿပီ။ အခုေအာင္တဲ့သူေရာ မေအာင္တဲ့သူေရာ ဂုဏ္ထူးမ်ားသူေရာ၊ မမ်ားသူေရာကို တာလႊတ္မႈတစ္ခုေပးလိုက္ျပန္ပါၿပီ။

မေအာင္တဲ့သူဆိုရင္ က်ေနာ္ကေတာ့ ၁၀ တန္းေအာင္ေအာင္ေတာ့ျပန္ေျဖ ေစခ်င္ပါတယ္။ ၁၀ တန္းေအာင္ၿပီးရင္ ဘြဲ႕ရဖို႔ မခက္ေတာ့ပါ။ျပန္မေျဖဘူးဆိုတဲ့သူေတြကို ျပန္ေျဖဖို႔ ထပ္တိုက္တြ န္းပါရေစ။ သို႔ေသာ္ ငါဘာမွား ခဲ့သလဲ ကို ျပန္သုံးသပ္တတ္ ဖို႔နဲ႔ ။ ေအာင္ျမင္ေအာင္လုပ္ယူႏိုင္ ဖို႔ မိဘအသိုင္းအဝိုင္းက အားေပးေစခ်င္ ပါတယ္။ဘာပဲျဖစ္ျဖစ္ ထမင္းရွာစားရမယ့္ပညာကို သင္ယူရမွာ ျဖစ္ပါတယ္။ ငါဘယ္မွာဝါႆနာပါမွန္းမသိရင္လည္း ရရာပညာနဲ႔ အလုပ္ကိုဝင္လုပ္ပါ။ ေအာက္ေျခအလုပ္မွာ မေမ်ာသြားပါနဲ႔ ။ ဘဝင္မျမင့္ပါနဲ႔။ မိုတီေတြဖတ္ၿပီးကိုယ္ပိုင္အလုပ္ထေထာင္ဖို႔စိတ္ကူးေတြယဥ္မေနပါနဲ႔။ ငယ္တဲ့အခ်ိန္မွာသင္ယူပါ။ အလုပ္ေပၚမွာေစတနာထားပါ။ တိုးတက္လမ္းကိုရွာပါ။ ၁၀ တန္းဟာ တစ္ဘဝမဟုတ္ဘူးဆိုတာ ေမာင္တို႔မယ္တို႔သိၾကပါ။Self-learning ကိုယ့္ဘာသာကိုယ္ စိတ္ဝင္စားရာ အသက္ေမြးပညာကို အခ်ိန္ဖဲ့ေပး၍ သင္ယူျခင္းသာလွ်င္ တစ္ဘဝလုံးအတြက္ရိကၡာျဖစ္လာပါလိမ့္မယ္။ ကိုယ္ရည္မွန္းထားတဲ့ေက်ာင္းရခဲ့ရ င္လည္း ဆရာသင္ေပးတာေစာင့္မေန ပါနဲ႔လို႔။ ထပ္မွာပါမယ္။ ၁၀ တန္းဟာ ဘဝတစ္ခုလုံးမဟုတ္ပါ။

“ဂ်က္မားဟာတကၠသိုလ္ဝင္ခြင့္စာေမးပြဲ မွာႏွစ္ႀကိမ္က်ရႈံးဖူးတာ ကိုေမ မ့ပါနဲ႔။” ဒါေတာင္ မူလတန္းမွာ ႏွစ္ႀကိမ္က်ဖူးတာ နဲ႔၊ အလယ္တန္း မွာ သုံးႀကိမ္က်ဖူးတာကို ထည့္မေျပာေသးဘူး။ တစ္ခုေတာ့မွာခဲ့မယ္။ က်ရႈံးမႈ ကို ဂ်က္မားကို လက္ညိဳးထိုးျပၿပီး ကိုယ့္ကိုယ္ ကို ဂုဏ္ယူမေနနဲ႔။က်ရႈံးမႈဟာ ဝမ္းနည္းစရာလည္း မဟုတ္သ လို ဂုဏ္ယူစရာလည္း မဟုတ္ဘူး။ “Change” အေျပာင္းအလဲ တစ္ခုလုပ္ျပဖို႔ သတိေပးခ်က္တစ္ခုသာျဖစ္တယ္။

Credit Richard Myo Thant

unicode

“၁၀” တန်း မအောင် ခဲ့ တဲ့ ညီလေး ညီမလေး များ ( ဒီပို့စ် ကို မြင်ရင် ကျော် မသွား ပါ နဲ့ ဖတ်ဖြစ်အောင် ဖတ်ပေးပါ)

လွန်ခဲ့တဲ့ ၅ နှစ်ေ လာက် က အိန္ဒိယနိုင်ငံ သား တစ်ယောက် နဲ့ အလုပ် ကိစ္စစကားပြောဖြစ်ခဲ့ ပါတယ်။သူက IT company လေးတစ်ခုပိုင်တယ်။ ဟိုဟိုဒီဒီအကြောင်းတွေပြောရင်းနဲ့ ဘဝမှာကျရှုံးမှုတွေ အကြောင်းရောက် သွားတယ်။ ကျနော့်အနေနဲ့ ဘဝမှာအောင်မြင်နေတဲ့လူတွေအကြောင်း ကြားရတာအပ်ကြောင်းထပ်နေပြီမို့ စိတ်မဝင်စားပါ ။အကြိမ်ကြိမ်မေ အာင်မြင်ပြီး မှ အောင်မြင်လာ တဲ့ အက်ဒီစင်ဘာညာ ဆိုတာလည်း ငယ်ငယ် ကတည်းက ကြားရတာရိုးနေပြီမို့ ကျနော့်အတွက် မတိုးတော့တဲ့ မိုတီဗေးရှင်းဆေးဖြစ်နေပါပြီ။ ကိုယ်လက်လှမ်းမမီနိုင်တဲ့ KFC သူဌေးတို့ဘာညာထက်စာရင် ကျရှုံးမှုကနေ ကိုယ်လက်လှမ်းမီနိုင်လောက်တဲ့ အောင်မြင်မှုတစ်ခု ကို လက်တွေ့ တည်ဆောက်ခဲ့သူတွေ ကိုပဲ စိတ်ဝင်စား ပါတယ်။

ကျနော် နဲ့တွေတဲ့ Kumar က သူ့ဘဝ မှာ ၁၀ တန်းကျတုန်းက စိတ်ဓာတ် အတော်ကျဖူးကြောင်းပြောတော့ မေးမိတယ် ။ အာ့နဲ့ နောက်နှစ်ပြန်ဖြေတာ အောင်သွားရောလား ဆိုတော့ မအောင်သေးဘူးတဲ့ ။ မင်းဒါဆိုရင် IT ပညာရှင် ဘယ်လိုဖြစ်လာသလဲ? လို့မေးတော့…. ၁၀ တန်း မအောင်တာ နဲ့ဘဝကြီးကတန့်နေရမှာ လားတဲ့။ကျနော့်ကို ပြန်မေး တယ်။ မင်း အိန္ဒိယက လုပ်ငန်းရှ င် သူဌေးကြီး Subhash Chandra ကို သိလားတဲ့။ Zee Television ကစလို့ မီဒီယာ၊ နည်းပညာ၊ ပညာရေး၊ ဆန်ကစလို့ စားသောက် ကုန်လုပ်ငန်း အင်ပါယာကြီး ထူထောင်ထား တဲ့ သူဌေးကြီး၊ လွတ်တော် အမတ် Subhash Chandra ကို သိတာပေါ့လို့။ သူ့အကြောင်း စာ အုပ် ရှိတယ်။“my journey as the wrong man at the right time” တဲ့။ ဘဝမှာ အချိန်ကိုက်မှာ အမှားသွားလုပ်မိရင်း အမှန်ဖြစ်သွားသူတွေမနည်းဘူး။ ဒါ့ကြောင့် အမှားလုပ်မိတိုင်း စိတ်ညစ်စရာမဟုတ်ဘူး။ ပြန်ပြင်လို့ရတဲ့ အမှားမှန်သမျှက အမှားလို့မခေါ်ဘူးဗျ။ အေး… နောက်မမှားစေနဲ့။ သင်ခန်းစာမယူတတ်ရင် အိုပြီးသေသွားတဲ့အထိ အမှား ကို ဆင့်ကာဆင့်ကာ ထပ်လုပ်နေအုံးမှာပဲ။ ထားပါတော့လေ…. Kumar က ကျနော့်ကိုပြောတယ်။ Subhash Chandra က တောရွာလေးတစ်ရွာကလာတာ ၁၀ တန်းမှာ ကျောင်းထွက်ပြီး အလုပ်လု ပ် ခဲ့တာ ။ အခုတော့လည်း ဘီလျံနာသူဌေးကြီးကိုဖြစ်လို့။

ဘဝမှာတစ်နေရာမှာကျရှုံးတိုင်း တစ်ဘဝလုံးကျရှုံးတယ်လို့ မမြင်နဲ့တဲ့။ ကျနော်လည်းအဲ့လိုမြင်ပါတယ်။ ၁၀ တန်းဆိုတာ ဘဝခရီးရှည်ကြီးမှာ မိုင်တိုင် လမ်းခွဲတစ်ခုမှာ တင်တဲ့မှတ်ကျောက်တစ်ခုပါပဲ။ အဲ့ဒီ မှာ အရှိန်ကောင်းနေ ရင် တာထွက်ကောင်းနေပြီ ဆက်ပြေးပါ။ တာထွက်မကောင်းခဲ့ရင်လည်း ဘဝမှာ တစ်ခုခုအောင်မြင်အောင် ကြိုးစားပါ။ လူတစ်ယောက်ချင်းစီ အတွက် ဘုရားသခင်ကပေးလာ မယ့် အောင်မြင်မှုပုံစံ ဟာ တူချင်မှတူပါမယ်။ ကိုယ်မမြင်ရတဲ့ စိတ်ဝင်စားစရာ exciting life game ကို ဆက်ဆော့ပါ။ Kumar ကိုဆက်မေးတယ်။“မင်းဘယ် လို IT ပညာရှင်ဖြစ်လာသလဲ ဆက်ပါအုံး။”

၁၀ တန်းကျတဲ့နေ့မှာ စိတ်ဓာတ်ကျပြီး စိတ်ပျော်ရွှင် ရာ တစ်ခုခုတွေ့မလား ဆိုပြီး အင်တာနက်ထဲ မှာ တစ်ချိန်လုံးလွင့်မျောပြီး စိတ်ချမ်းသာရာလိုက်ရှာ သတဲ့။ စိတ်ချမ်းသာရာရှာမတွေ့ချိန် မှာ ကွန်ပျူတာ စခရင် ကိုထိုင်ငေးကြည့်နေမိတယ်။ အဲ့ဒီလိုနဲ့ သူကွန်ပျူတာကိုင်ပြီး စိတ်ချမ်းသာမှုကို ရှာနေမိတာ ကို သတိရသွားတယ်။အဲ့ဒီမှာ ကွန်ပျူတာကို စိတ်ဝင်စားလာပြီး IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စား ကာ လေ့လာသင်ယူ ချင် စိတ်တွေပေါ်လာ တယ်။ အဲ့ဒီကနေ ပရိုဂရမ်ေ ရးတာတွေ IT ပိုင်းဆိုင်ရာတွေ ကို အခြေခံကစပြီး လေ့လာဖြစ် တယ်။

တစ်နေ့လုံး ကိုယ်စိတ်ဝင်စားတာကို ကိုယ့်ဘာသာကိုယ် လေ့လာ သင်ယူရင်း နဲ့ IT Certificate စာမေးပွဲတွေဝင်ဖြေဖြစ် တယ်။ အဲ့ဒီကနေ IT နဲ့ အလုပ်ရတယ်။ လုပ်ငန်းအတွေ့အကြုံရတယ်။ စင်ကာပူ ကိုလာတယ်။ အင်တာဗျူးမှာ အလုပ်ရှင်လိုချင်တဲ့ ပရောဂျက်တစ်ခုကို မိနစ်ပိုင်းအတွင်းလုပ်ပြနိုင်ခဲ့တယ်။တကယ်ရထားတဲ့ IT Certificate တွေကလည်း ရှိတယ်။ အဲ့ဒီကနေ သူ့ဘာသာသူ IT company လေးထူထောင်တယ်။Kumar က ကျနော့်ကို မေးတယ်။ မင်းမှာ “ကျောင်းကြွေး ရှိသလား?”တဲ့။ဟ… နိုင်ငံခြား မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ပြီး ကျောင်းတက် ခဲ့ရတာပဲ ဘဏ်ချေးငွေ Study loan တော့ ရှိခဲ့တာပေါ့လို့။ ဒါတောင် ကျောင်းလခ ရဲ့ ၈၀ ရာနှုန်းကမပေးရလို့။ဟား… ဟား… မင်းနဲ့ငါ အဲ့ဒါကွာတာပဲ။

အဲ့ဒီ သားသမီးအတွက် နိုင်ငံခြားတ က္ကသိုလ်ထားဖို့ ကျောင်းစားရိတ် နဲ့ ပိခဲ့ရတဲ့ မိဘတွေမနည်းဘူး တဲ့။ မင်းတို့လို ကိုယ့်ဘာသာကိုယ်တက်ခဲ့သူတွေမှာလည်း ကျောင်းကြွေးကို ပြန်ဆပ်ခဲ့ရတာ။ ငါက တက္ကသိုလ်မတက်ခဲ့ရတော့ ကျောင်းကြွေး မရှိဘူးကွတဲ့။ပြီးတော့ ငါက တက္ကသိုလ် တက်ပြီး ဟေးလား ဝါးလား အချိန်မကုန်ပဲ လုပ်ငန်းခွင်ထဲ စောစော ရောက်ခဲ့တယ် ။ ဒါကြောင့် အချိန်တွေမကုန်ခဲ့ဘူးတဲ့။ ဒါကြောင့် ၁၀ တန်းမအောင်ခဲ့တာ ငါ့အတွက် ငွေလည်းမကုန် အချိန်လည်းမကုန်ပဲ ကံကောင်းခဲ့သတဲ့။ ကျနော်က သူပြောတာကို ယဉ်ကျေးစွာပြန်ရေးပြနေတာ။

သူကတော့ ကျနော်နဲ့ နှစ်ယောက်တည်း လွတ်လွတ်လ ပ်လပ်ပြောနေတာ ဆိုတော့ ” ​ေ_ာက် ကျောင်းကြွေးရော၊ ေ_ာက်အချိန်ရောမကုန်ဘူး” လို့ပြောသွားတာ။ဒီနေရာမှာ သူမှန်တယ်လို့ ပြောလို့မရပေမယ့် သူ့အတွက်သူအကောင်းဆုံးဘဝကို ကျရှုံးမှုကတွေကနေ ဖန်တီးယူသွားပြီး သူများတွေထက် အားသာချက်ကို ရယူသွားနိုင်တာ အမှန် ပါ ပဲ။ ကျနော်ပြောလိုတာက ပြီး ခဲ့တာပြီးခဲ့ပြီ။ အခုအောင်တဲ့သူရော မအောင်တဲ့သူရော ဂုဏ်ထူးများသူရော၊ မများသူရောကို တာလွှတ်မှုတစ်ခုပေးလိုက်ပြန်ပါပြီ။

မအောင်တဲ့သူဆိုရင် ကျနော်ကတော့ ၁၀ တန်းအောင်အောင်တော့ပြန်ဖြေ စေချင်ပါတယ်။ ၁၀ တန်းအောင်ပြီးရင် ဘွဲ့ရဖို့ မခက်တော့ပါ။ပြန်မဖြေဘူးဆိုတဲ့သူတွေကို ပြန်ဖြေဖို့ ထပ်တိုက်တွ န်းပါရစေ။ သို့သော် ငါဘာမှား ခဲ့သလဲ ကို ပြန်သုံးသပ်တတ် ဖို့နဲ့ ။ အောင်မြင်အောင်လုပ်ယူနိုင် ဖို့ မိဘအသိုင်းအဝိုင်းက အားပေးစေချင် ပါတယ်။ဘာပဲဖြစ်ဖြစ် ထမင်းရှာစားရမယ့်ပညာကို သင်ယူရမှာ ဖြစ်ပါတယ်။ ငါဘယ်မှာဝါဿနာပါမှန်းမသိရင်လည်း ရရာပညာနဲ့ အလုပ်ကိုဝင်လုပ်ပါ။ အောက်ခြေအလုပ်မှာ မမျောသွားပါနဲ့ ။ ဘဝင်မမြင့်ပါနဲ့။ မိုတီတွေဖတ်ပြီးကိုယ်ပိုင်အလုပ်ထထောင်ဖို့စိတ်ကူးတွေယဉ်မနေပါနဲ့။ ငယ်တဲ့အချိန်မှာသင်ယူပါ။ အလုပ်ပေါ်မှာစေတနာထားပါ။ တိုးတက်လမ်းကိုရှာပါ။ ၁၀ တန်းဟာ တစ်ဘဝမဟုတ်ဘူးဆိုတာ မောင်တို့မယ်တို့သိကြပါ။Self-learning ကိုယ့်ဘာသာကိုယ် စိတ်ဝင်စားရာ အသက်မွေးပညာကို အချိန်ဖဲ့ပေး၍ သင်ယူခြင်းသာလျှင် တစ်ဘဝလုံးအတွက်ရိက္ခာဖြစ်လာပါလိမ့်မယ်။ ကိုယ်ရည်မှန်းထားတဲ့ကျောင်းရခဲ့ရ င်လည်း ဆရာသင်ပေးတာစောင့်မနေ ပါနဲ့လို့။ ထပ်မှာပါမယ်။ ၁၀ တန်းဟာ ဘဝတစ်ခုလုံးမဟုတ်ပါ။

“ဂျက်မားဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မှာနှစ်ကြိမ်ကျရှုံးဖူးတာ ကိုမေ မ့ပါနဲ့။” ဒါတောင် မူလတန်းမှာ နှစ်ကြိမ်ကျဖူးတာ နဲ့၊ အလယ်တန်း မှာ သုံးကြိမ်ကျဖူးတာကို ထည့်မပြောသေးဘူး။ တစ်ခုတော့မှာခဲ့မယ်။ ကျရှုံးမှု ကို ဂျက်မားကို လက်ညိုးထိုးပြပြီး ကိုယ့်ကိုယ် ကို ဂုဏ်ယူမနေနဲ့။ကျရှုံးမှုဟာ ဝမ်းနည်းစရာလည်း မဟုတ်သ လို ဂုဏ်ယူစရာလည်း မဟုတ်ဘူး။ “Change” အပြောင်းအလဲ တစ်ခုလုပ်ပြဖို့ သတိပေးချက်တစ်ခုသာဖြစ်တယ်။

Credit Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

19 − fifteen =