




unicode

ရေကူးကန် ထက်မှာ အသက်ရှု မှားရလောက်အောင် ဆွဲဆောင်မှု ရှိရှိ ညှို့အားပြင်းစွာ လှနေကြတဲ့ ပွင့်နဒီမောင် တို့သူငယ်ချင်းတစ်စု

ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ ရရှိထားသူ ကတော့ သရုပ်ဆောင် မင်းသမီး ပွင့်နဒီမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားများစွာနဲ့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးခဲ့ရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ညှို့အားပြင်းလွန်းတဲ့ အလှတရား တွေကြောင့်လည်း ပရိသတ်တွေက ကြွေနေကြတာလည်း ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာလည်း သရုပ်ဆောင် ထူးခြားနဲ့အတူ ဝက်နံရိုး မီးတောက် ဟင်းလျာကို အွန်လိုင်းကနေတစ်ဆင့် ရောင်းချပေးနေတာပဲ ဖြစ်ပြီး လူကြိုက်များအားပေးနေကြတာလည်း ဖြစ်ပါတယ်။ ပွင့်နဒီမောင်ဟာ ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အားလပ်ချိန်တိုင်း မှာလည်း သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးလေ့ ရှိတာလည်း ဖြစ်ပါတယ်။

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထား တာပဲ ဖြစ်ပါတယ် ။ ဒါကတော့ ရေကူးကန်ထက်မှာ အသက်ရှုမှား ရလောက်အောင် ဆွဲဆောင်မှုရှိရှိ ညှို့အားပြင်းစွာလှနေကြတဲ့ ပွင့်နဒီမောင်တို့သူငယ်ချင်းတစ်စုရဲ့ အမိုက်စားပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်နေတဲ့ ပွင့်နဒီမောင်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd – Pwint Nadi Maung’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

eleven − 9 =