ကျန်းမာရေး ဝန်ထမ်းများကို လစာပြင်ပ ထောက်ပံငွေ ချီးမြှင့်မည် ဖြစ်ကြောင်း ဝန်ကြီးပြောကြား

ကျန်းမာရေး ဝန်ထမ်းများကို လစာပြင်ပ ထောက်ပံငွေ ချီးမြှင့်မည် ဖြစ်ကြောင်း ဝန်ကြီးပြောကြား

ကျန်းမာရေး ဝန်ထမ်း များကို လက်ရှိ လစာအပြင် နိုင်ငံတော် က ထောက်ပံ့ငွေ ကျပ် (၅) သောင်း ထောက်ပံ့မည်ဖြစ်ကြောင်း မေလ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း Covid 19 ကာကွယ်ရေး မှာ ရှေ့တန်း ကျကျဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ချီးမြှင့်မှုတွေနဲ့ အထောက်အပံ့အစီအစဉ်များလည်း လုပ်ဆောင်သင့်ကြောင်း” ဗိုလ်မှူးဇေဖြိုး၏ မေလ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးချက်အပေါ် မေလ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကျန်းမာရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နောက် ဗိုလ်မှူးဇော်ဖြိုးက ဘာပြောလဲဆိုရင် ချီးမြှင့်ငွေ။ ကျွန်တော် တို့ လုပ်နေပါတယ်။ Risk ယူတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်လကို (၅) သောင်းနှုန်းနဲ့ အစိုးရအနေနဲ့ ၂.၅ ဘီလီယံ ချထားပေးတာလည်း စပြီးတော့ ပေးနေခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဆိုသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) တွင် တစ်နေ့လျှင် လူဦးရေ ၇၅၀ ခန့်နှင့် ဆေးသုတေသန ဦးစီးဌာနတွင် တစ်နေ့လျှင် လူဦးရေ ၃၇၀ ကိုသာ စစ်ဆေးပေးနိုင်ပြီး ကိုဗစ်စစ်သည့် စက်ရှိသော်လည်း ဝန်ထမ်းအင်အားမလုံလောက်သောကြောင့် အခက်အခဲရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ဆိုသည်။

ကျန်းမာရေး ဝန်ထမ်းများသည် ကပ်ရောဂါကာလ အတွင်း ဝန်ထမ်းအင်အားမလုံလောက်ဘဲ တာဝန်ထမ်းဆောင်နေရသည်ဖြစ်ရာ ခြေကုန်လက်ပန်းချလျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။

ထို့အပြင် နိုင်ငံခြားချေးငွေ များနှင့် ပြည်သူ့ဘဏ္ဍာငွေ များကို တစ်ဒေါ်လာမျှ အလေအလွင့်မဖြစ်စေရန် စီမံသွားမည်ကြောင်း ဝန်ကြီးကဆိုသည်။

ကိုဗစ်ကာလအတွင်း ကပ်ရောဂါကို စွမ်းစွမ်းတမံ ကာကွယ် တိုက်ထုတ်နေသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ပြည်သူများက ဝိုင်းဝန်းအားပေးမှုများရှိပြီး လက်ခုပ်တီး၍ ဂုဏ်ပြုသည့် အစီအစဉ်များကိုလည်း လုပ်ဆောင်ခဲ့ကြသေးသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five × two =