အသက္ (၆) ႏွစ္ မွာ six-pack နဲ႔ အံ့ဖြယ္အားကစားသမား ခႏၶာကိုယ္ကို ပိုင္ဆိုင္ ထားတဲ့ ကေလးငယ္

အားကစားဆိုတာ ကေလးငယ္ေတြ ကို က်န္းမာ ေတာင့္တင္းသန္မာေအာင္ ကူညီေပးႏိုင္တဲ့အရာတစ္ခုပါ။ ဒါေပမဲ့ အသက္ ၆ ႏွစ္သား အ႐ြယ္သာရွိေသးတဲ့ အီရန္လူမ်ိဳးကေလးငယ္တစ္ဦးကေတာ့ အဲဒီအဆင့္ထက္ ပိုမို သာလြန္တဲ့ အားကစားသမားေလးတစ္ဦး ျဖစ္ေနပါၿပီ။သူကေတာ့ Arat Hosseini လို႔နာမည္ရတဲ့ အီရန္ကေလးငယ္ တစ္ဦး ျဖစ္ၿပီး အသက္ ၆ ႏွစ္သာရွိေသးေပမဲ့ တကယ့္ပေရာ္ဖက္ရွင္နယ္ အားကစားသမားတစ္ဦးလို six-pack နဲ႔ ေတာင့္တင္းႀကံ့ခိုင္ဟန္ေပါက္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားပါတယ္။ အာကစားထူးခြၽန္တဲ့ Arat ဟာ လက္ရွိမွာ Liverpool Academy မွာ ေလ့က်င့္ ေရးဆင္းေနသူလည္း ျဖစ္ပါတယ္။Arat ရဲ႕ ဖခင္ျဖစ္သူ Mohammad က Instagram မွာ Arat ေလးရဲ႕ စိတ္ဝင္စားစရာဗီဒီယိုေလးတစ္ခုကို တင္လိုက္ရာကစလို႔ ဆိုရွယ္မီဒီယာမွာ အေတာ္ေလးနာမည္ႀကီးသြားခဲ့ပါတယ္။အသက္ ၃ ႏွစ္အ႐ြယ္မွာပဲ သူဟာ အိမ္နံရံဖက္တက္ႏိုင္ခဲ့သူပါ။ အသက္ ၄ ႏွစ္အ႐ြယ္မွာေတာ့ သူ ေဘာလုံး ကစားတဲ့ဗီဒီယိုေတြကို IG မွာ စတင္ခဲ့ပါတယ္။ အဲဒီကစလို႔ ဆိုရွယ္မီဒီယာသုံးစြဲသူေတြကလည္း Arat ေလးကို ခ်စ္ခင္လာၾကပါတယ္။

ေန႔တိုင္းေလ့က်င့္ခန္းလုပ္တဲ့ Arat ေလးဟာ သာမန္ အ႐ြယ္ေရာက္ၿပီးအမ်ိဳးသားေတြေတာင္ ရဖို႔မလြယ္ကူတဲ့ ေတာင့္တင္းတဲ့ ခႏၶာကိုယ္မ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ ၆ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္အတြက္ေတာ့ ျဖစ္ေတာင့္ျဖစ္ခဲပါပဲ။ အဲဒီလိုေန႔စဥ္ေလ့က်င့္မႈေတြေၾကာင့္ သူဟာ လူႀကီးေတြလို ဗလျပတဲ့ပို႔စ္အမ်ိဳးမ်ိဳးကိုလည္း ျပဳလုပ္ႏိုင္ ပါတယ္။ Arat ေလးရဲ႕အိပ္မက္ကေတာ့ တစ္ခ်ိန္မွာ ထူးခြၽန္တဲ့ေဘာလုံး အားကစားသမားတစ္ဦး ျဖစ္လာဖို႔ပါပဲ။သူ႔ရဲ႕ Idol ေတြကေတာ့ နာမည္ေက်ာ္ ေဘာလုံးသမားေတြျဖစ္တဲ့ Cristiano Ronaldo နဲ႔ Lionel Messi တို႔ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ဖခင္ျဖစ္သူကလည္း Arat ေလးရဲ႕အိပ္မက္အတြက္ အေတာ္ေလးပံ့ပိုးအားေပးေနသူပါ။ ေတာ္ေတာ္ အ႐ြယ္ငယ္ငယ္ ကတည္းက အားကစားမွာပါရမီထူးျခားတဲ့ Arat ေလးရဲ႕ အရည္အေသြးကို ဖခင္ျဖစ္သူက သိရွိခဲ့ၿပီး အခုလိုအားကစားေလ့က်င့္ႏိုင္ေအာင္ ပံ့ပိုး ေပးေနတာျဖစ္ပါတယ္။အခုဆိုရင္ Arat ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ဖို႔အတြက္ သူတို႔မိသားစုဟာ အီရန္ႏိုင္ငံကေန အဂၤလန္ႏိုင္ငံ၊ Liverpool မွာ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ပါတယ္။

သူ႔ဖခင္ရဲ႕အဆိုအရ Liverpool ေဘာလုံး ကလပ္က တာဝန္ရွိသူတစ္ဦးဟာ Arat ေလးရဲ႕အရည္အခ်င္းေတြကို ေတြ႕ျမင္သြားၿပီးေနာက္မွာ Liverpool Academy ကို ဖိတ္ေခၚကစားေစခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ဒါ့ျပင္ Arat ေလးဟာ အဂၤလန္ေဘာလုံးကလပ္မ်ားစြာရဲ႕ ကမ္းလွမ္းမႈေတြကို လည္း ရရွိခဲ့တယ္လို႔ဆိုပါတယ္။အသက္ ၆ ႏွစ္အ႐ြယ္ေလး ကတည္းက အရည္အခ်င္းကိုေပၚလြင္ေအာင္ျပသႏိုင္ၿပီး ႐ုပ္ရည္လည္းေခ်ာေမာတဲ့ အားကစားသမားေလး Arat Hosseini ဟာ တစ္ခ်ိန္မွာ နာမည္ေက်ာ္ၾကားၿပီး လင္းလက္ေတာက္ပတဲ့ အားကစားၾကယ္ပြင့္ေလးတစ္ပြင့္ ျဖစ္လာမွာ အေသအခ်ာပါပဲ။

Credit We Media
Source: Bright Side

unicode

အသက် (၆) နှစ် မှာ six-pack နဲ့ အံ့ဖွယ်အားကစားသမား ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားတဲ့ ကလေးငယ်

အားကစားဆိုတာ ကလေးငယ်တွေ ကို ကျန်းမာ တောင့်တင်းသန်မာအောင် ကူညီပေးနိုင်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ အသက် ၆ နှစ်သား အရွယ်သာရှိသေးတဲ့ အီရန်လူမျိုးကလေးငယ်တစ်ဦးကတော့ အဲဒီအဆင့်ထက် ပိုမို သာလွန်တဲ့ အားကစားသမားလေးတစ်ဦး ဖြစ်နေပါပြီ။သူကတော့ Arat Hosseini လို့နာမည်ရတဲ့ အီရန်ကလေးငယ် တစ်ဦး ဖြစ်ပြီး အသက် ၆ နှစ်သာရှိသေးပေမဲ့ တကယ့်ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ဦးလို six-pack နဲ့ တောင့်တင်းကြံ့ခိုင်ဟန်ပေါက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ အာကစားထူးချွန်တဲ့ Arat ဟာ လက်ရှိမှာ Liverpool Academy မှာ လေ့ကျင့် ရေးဆင်းနေသူလည်း ဖြစ်ပါတယ်။Arat ရဲ့ ဖခင်ဖြစ်သူ Mohammad က Instagram မှာ Arat လေးရဲ့ စိတ်ဝင်စားစရာဗီဒီယိုလေးတစ်ခုကို တင်လိုက်ရာကစလို့ ဆိုရှယ်မီဒီယာမှာ အတော်လေးနာမည်ကြီးသွားခဲ့ပါတယ်။အသက် ၃ နှစ်အရွယ်မှာပဲ သူဟာ အိမ်နံရံဖက်တက်နိုင်ခဲ့သူပါ။ အသက် ၄ နှစ်အရွယ်မှာတော့ သူ ဘောလုံး ကစားတဲ့ဗီဒီယိုတွေကို IG မှာ စတင်ခဲ့ပါတယ်။ အဲဒီကစလို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကလည်း Arat လေးကို ချစ်ခင်လာကြပါတယ်။

နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့ Arat လေးဟာ သာမန် အရွယ်ရောက်ပြီးအမျိုးသားတွေတောင် ရဖို့မလွယ်ကူတဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ ၆ နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ အဲဒီလိုနေ့စဉ်လေ့ကျင့်မှုတွေကြောင့် သူဟာ လူကြီးတွေလို ဗလပြတဲ့ပို့စ်အမျိုးမျိုးကိုလည်း ပြုလုပ်နိုင် ပါတယ်။ Arat လေးရဲ့အိပ်မက်ကတော့ တစ်ချိန်မှာ ထူးချွန်တဲ့ဘောလုံး အားကစားသမားတစ်ဦး ဖြစ်လာဖို့ပါပဲ။သူ့ရဲ့ Idol တွေကတော့ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Cristiano Ronaldo နဲ့ Lionel Messi တို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူကလည်း Arat လေးရဲ့အိပ်မက်အတွက် အတော်လေးပံ့ပိုးအားပေးနေသူပါ။ တော်တော် အရွယ်ငယ်ငယ် ကတည်းက အားကစားမှာပါရမီထူးခြားတဲ့ Arat လေးရဲ့ အရည်အသွေးကို ဖခင်ဖြစ်သူက သိရှိခဲ့ပြီး အခုလိုအားကစားလေ့ကျင့်နိုင်အောင် ပံ့ပိုး ပေးနေတာဖြစ်ပါတယ်။အခုဆိုရင် Arat ရဲ့အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့အတွက် သူတို့မိသားစုဟာ အီရန်နိုင်ငံကနေ အင်္ဂလန်နိုင်ငံ၊ Liverpool မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူ့ဖခင်ရဲ့အဆိုအရ Liverpool ဘောလုံး ကလပ်က တာဝန်ရှိသူတစ်ဦးဟာ Arat လေးရဲ့အရည်အချင်းတွေကို တွေ့မြင်သွားပြီးနောက်မှာ Liverpool Academy ကို ဖိတ်ခေါ်ကစားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဒါ့ပြင် Arat လေးဟာ အင်္ဂလန်ဘောလုံးကလပ်များစွာရဲ့ ကမ်းလှမ်းမှုတွေကို လည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။အသက် ၆ နှစ်အရွယ်လေး ကတည်းက အရည်အချင်းကိုပေါ်လွင်အောင်ပြသနိုင်ပြီး ရုပ်ရည်လည်းချောမောတဲ့ အားကစားသမားလေး Arat Hosseini ဟာ တစ်ချိန်မှာ နာမည်ကျော်ကြားပြီး လင်းလက်တောက်ပတဲ့ အားကစားကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာမှာ အသေအချာပါပဲ။

Credit We Media
Source: Bright Side

Add a Comment

Your email address will not be published. Required fields are marked *

twenty + twelve =