အမေရိကန် က ကိုဗစ် ကုသဆေး သန်း ၃၀၀ ကို ကြိုတင် မှာယူ လိုက်ပြီ

အမေရိကန် က ကိုဗစ် ကုသဆေး သန်း ၃၀၀ ကို ကြိုတင် မှာယူ လိုက်ပြီ

အမေရိကန်အစိုးရအနေနဲ့ လက်ရှိ အချိန်မှာ စမ်းသပ်မှုပြုလုပ်နေပြီး အောက်တိုဘာလ မှာ အစောဆုံး ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ AstraZeneca နဲ့ အောက်စ်ဖိုဒ့်တ္ကသိုလ်တို့ ပူးပေါင်းပြုလုပ်နေတဲ့ ကိုဗစ်ရောဂါ ကုသဆေးဝါး သန်း ၃၀၀ ခန့်ကို ကြိုတင်မှာ ယူထားတယ်လို့ ကြာသာပတေးနေ့က အမေရိကန် ကျန်းမာရေးနဲ့လူအရင်းအမြစ်ဌာနက ပြောဆို လိုက်ပါတယ်။

2BEHRJJ (200414) — BEIJING, April 14, 2020 (Xinhua) — A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020. China has approved two COVID-19 inactivated vaccine candidates for clinical trials, according to the State Council joint prevention and control mechanism against the coronavirus Tuesday. The two vaccine candidates are developed by Wuhan Institute of Biological Products under the China National Pharmaceutical Group (Sinopharm) and Sinovac Research and Development Co., Ltd, a company based in Beijing. Clinical

အဆိုပါ ဆေးဝါးကို AstraZeneca ကုမ္ပဏီ နဲ့ စာချုပ်ချုပ်ဆို ထုတ်လုပ်စမ်းသပ်နေတာဖြစ်ပြီးတော့ အကျိုးအာနိသင် စိတ်ချရဖို့ မျှော်လင့်နေပြီး ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်လိမ့်မည်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက် ခံစားနေရပြီး ကူးစက်မှု စုစုပေါင်း ၁.၅ သန်းနဲ့ သေဆုံးသူ ၉၃,၀၀၀ ကျော်ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ကထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ လူပေါင်း ၅ သန်းကျော် ကူးစက် ခံရပြီးဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၃၂၉,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အမေရိကန်က ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ ရုရှားနဲ့ ဘရာဇီးက ကပ်လိုက်လျက်ရှိပါတယ်။

WASHINGTON, DC – MARCH 14: U.S. President Donald Trump responds to reporter’s questions as he exits the press briefing room at the White House on March 14, 2020 in Washington, DC. President Trump also told reporters he was tested for the novel coronavirus Friday night but did not reveal the results and said he did not know when he would get them. (Photo by Tasos Katopodis/Getty Images)

ဥရောကမှာတော့ ကိုဗစ်ကူးစက်မှု ပြန်လည်ငြိမ်သက်နေပြီဖြစ်ပြီး စပိန်၊ အီတလီ၊ ပြင်သစ် အစ ရှိတဲ့ နိုင်ငံတွေအနေ နဲ့ ကန့်သတ်ချက်တွေ ကို ဖယ်လျှော့လိုက်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

1 × 4 =