ထီလက္မွတ္ (၂၅) ေစာင္လုံး တစ္ၿပိဳင္တည္း ေပါက္ခဲ့တဲ့ ပူပူေႏြးေႏြး အလုပ္ လက္မဲ့ ဖခင္ႀကီး

ကြၽန္ေတာ္တို႔ေတြမ်ား တစ္လ တစ္ခါ ထီပုံမွန္ ထိုးေနတာ ၅ ေသာင္း ဆုေတာင္ တစ္ခါမွမေပါက္ခဲ့ ဖူးဘူး။ ဒါေပမဲ့ အခု အမ်ိဳးသားကေတာ့ ထီပုံမွန္ထိုးေနက် မဟုတ္ဘဲ ဒီတိုင္း ကံစမ္းလိုက္တာေတာင္ မွပဲ တစ္ခါတည္းနဲ႔ ထီဆု ၂၅ ဆုကို ေပါက္သြားခဲ့ သတဲ့ေလ။သူ႔နာမည္ကေတာ့ Raymond Harrington ျဖစ္ေၾကာင္း Fox News သတင္း ဌာနက ေဖာ္ျပခဲ့ပါတယ္။ Virginia ကမ္းေျခမွာေနထိုင္သူ တစ္ဦးျဖစ္ပါတယ္။ အိမ္ေထာင္ဦးစီးတစ္ဦးျဖစ္ေပမယ့္လည္း COVID-19 ေၾကာင့္ မိသားစု တစ္စုလုံး မွီခိုေနရတဲ့ အလုပ္ကေလးကေနၿပီး ျပဳတ္သြားခဲ့ပါတယ္။ အလုပ္အသစ္ကလည္း ျပန္ရွာရတာ ဒီကာလႀကီးမွာ သိပ္ကို ခက္ခဲလြန္းတဲ့အတြက္ အမ်ိဳးသားဟာ မိသားစုရဲ႕ စားဝတ္ေနေရးကိုေတြးပူၿပီး စိတ္ဓာတ္က်ေနတဲ့ အခ်ိန္ေပါ့။

အဲဒီမွာ စိတ္ေျပ လက္ေပ်ာက္ ေမွ်ာ္လင့္ခ်က္ ေလးမ်ား ရွိမလား ဆိုကာ ထီးထိုးဖို႔ အႀကံရ ခဲ့ပါတယ္တဲ့။ ဒါနဲ႔ပဲ ဇူလိုင္လ ၁၇ ရက္ေန႔ညမွာပဲ Wegman ဆိုတဲ့ဆိုင္ေလးမွာ ထီဝင္ထိုးခဲ့ ပါတယ္။ ထီတစ္ေစာင္ကို တစ္ေဒၚလာေပးရတဲ့ Pick 4 အမ်ိဳးအစားကို ထိုးခဲ့တာပါ။ သူ႔ရဲ႕ ဆုေပးတဲ့ ပုံစံကေတာ့ ကိုယ္က ကဏန္း ၄ လုံးပါတဲ့ နံပါတ္ကို ေ႐ြးခ်ယ္ရမွာ ျဖစ္ၿပီး နံပါတ္တူ ကိုလည္း ဘယ္နေစာင္ ထိုးထိုးရတယ္ေပါ့ေလ။

ဒါနဲ႔ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ္ေလးလုံး ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ အစက ေတာ့ တစ္ေစာင္ပဲ ထိုးဖို႔ ႀကံ႐ြယ္ခဲ့ေပမယ့္ မသိစိတ္ကေနၿပီး သူ႔ကို အဲဒီနံပါတ္ကိုပဲ ၂၅ ေစာင္ထိုးဖို႔အတြက္ အရမ္းေတြ တိုက္တြန္းေနခဲ့တာေၾကာင့္ စိတ္ဆုံးျဖတ္ၿပီး ၂၅ ေဒၚလာနဲ႔ 4-6-4-0 ကိုပဲ ၂၅ ေစာင္တိတိ ထိုးလိုက္ခဲ့ပါေတာ့တယ္။ Pick 4 ထီက ဒီေန႔ထိုးတဲ့ နံပါတ္ေတြကို မနက္ျဖန္ တစ္ခါတည္း ထီေပါက္စဥ္ထုတ္ေပးတာျဖစ္တဲ့အတြက္ ေနာက္တစ္ေန႔မွာေတာ့ Raymond အေနနဲ႔ ဘဝႀကီးတစ္ခုလုံး ေျပာင္းလဲသြား ေစခဲ့ပါေတာ့တယ္။

သူထိုးခဲ့တဲ့ 4-6-4-0 ကဏန္း ဟာ ထီေပါက္ ကဏန္း ျဖစ္သြားခဲ့ပါတယ္။ တစ္ေစာင္ကို ေဒၚလာ ၅၀၀၀ ဆိုေတာ့ ၂၅ ႀကိမ္ ဆိုေတာ့ ေဒၚလာ ၁၂၅,၀၀၀ ေတာင္ ရသြားခဲ့တာပါ။ ေတာ္ေတာ္ေလး ကံေကာင္းတဲ့ Raymond ပါပဲ။ ထီထိုးတုန္းက စိတ္ထဲမွာရွိေနတာ သူရဲ႕ သားေလးႏွစ္ေယာက္ တကၠသိုလ္တက္တဲ့အခါ ေပးရမယ့္ ပိုက္ဆံေတြ ကိုပဲ ရွိေနတာပါတဲ့။ အခုေတာ့ Raymond ဘဝေလး အဆင္ေျပေခ်ာင္လည္သြားၿပီေပါ့။

credit – shwemom

unicode

ထီလက်မှတ် (၂၅) စောင်လုံး တစ်ပြိုင်တည်း ပေါက်ခဲ့တဲ့ ပူပူနွေးနွေး အလုပ် လက်မဲ့ ဖခင်ကြီး

ကျွန်တော်တို့တွေများ တစ်လ တစ်ခါ ထီပုံမှန် ထိုးနေတာ ၅ သောင်း ဆုတောင် တစ်ခါမှမပေါက်ခဲ့ ဖူးဘူး။ ဒါပေမဲ့ အခု အမျိုးသားကတော့ ထီပုံမှန်ထိုးနေကျ မဟုတ်ဘဲ ဒီတိုင်း ကံစမ်းလိုက်တာတောင် မှပဲ တစ်ခါတည်းနဲ့ ထီဆု ၂၅ ဆုကို ပေါက်သွားခဲ့ သတဲ့လေ။သူ့နာမည်ကတော့ Raymond Harrington ဖြစ်ကြောင်း Fox News သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။ Virginia ကမ်းခြေမှာနေထိုင်သူ တစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပေမယ့်လည်း COVID-19 ကြောင့် မိသားစု တစ်စုလုံး မှီခိုနေရတဲ့ အလုပ်ကလေးကနေပြီး ပြုတ်သွားခဲ့ပါတယ်။ အလုပ်အသစ်ကလည်း ပြန်ရှာရတာ ဒီကာလကြီးမှာ သိပ်ကို ခက်ခဲလွန်းတဲ့အတွက် အမျိုးသားဟာ မိသားစုရဲ့ စားဝတ်နေရေးကိုတွေးပူပြီး စိတ်ဓာတ်ကျနေတဲ့ အချိန်ပေါ့။

အဲဒီမှာ စိတ်ပြေ လက်ပျောက် မျှော်လင့်ချက် လေးများ ရှိမလား ဆိုကာ ထီးထိုးဖို့ အကြံရ ခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ ဇူလိုင်လ ၁၇ ရက်နေ့ညမှာပဲ Wegman ဆိုတဲ့ဆိုင်လေးမှာ ထီဝင်ထိုးခဲ့ ပါတယ်။ ထီတစ်စောင်ကို တစ်ဒေါ်လာပေးရတဲ့ Pick 4 အမျိုးအစားကို ထိုးခဲ့တာပါ။ သူ့ရဲ့ ဆုပေးတဲ့ ပုံစံကတော့ ကိုယ်က ကဏန်း ၄ လုံးပါတဲ့ နံပါတ်ကို ရွေးချယ်ရမှာ ဖြစ်ပြီး နံပါတ်တူ ကိုလည်း ဘယ်နစောင် ထိုးထိုးရတယ်ပေါ့လေ။

ဒါနဲ့ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ်လေးလုံး ကို ရွေးချယ်ခဲ့ပါတယ်။ အစက တော့ တစ်စောင်ပဲ ထိုးဖို့ ကြံရွယ်ခဲ့ပေမယ့် မသိစိတ်ကနေပြီး သူ့ကို အဲဒီနံပါတ်ကိုပဲ ၂၅ စောင်ထိုးဖို့အတွက် အရမ်းတွေ တိုက်တွန်းနေခဲ့တာကြောင့် စိတ်ဆုံးဖြတ်ပြီး ၂၅ ဒေါ်လာနဲ့ 4-6-4-0 ကိုပဲ ၂၅ စောင်တိတိ ထိုးလိုက်ခဲ့ပါတော့တယ်။ Pick 4 ထီက ဒီနေ့ထိုးတဲ့ နံပါတ်တွေကို မနက်ဖြန် တစ်ခါတည်း ထီပေါက်စဉ်ထုတ်ပေးတာဖြစ်တဲ့အတွက် နောက်တစ်နေ့မှာတော့ Raymond အနေနဲ့ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွား စေခဲ့ပါတော့တယ်။

သူထိုးခဲ့တဲ့ 4-6-4-0 ကဏန်း ဟာ ထီပေါက် ကဏန်း ဖြစ်သွားခဲ့ပါတယ်။ တစ်စောင်ကို ဒေါ်လာ ၅၀၀၀ ဆိုတော့ ၂၅ ကြိမ် ဆိုတော့ ဒေါ်လာ ၁၂၅,၀၀၀ တောင် ရသွားခဲ့တာပါ။ တော်တော်လေး ကံကောင်းတဲ့ Raymond ပါပဲ။ ထီထိုးတုန်းက စိတ်ထဲမှာရှိနေတာ သူရဲ့ သားလေးနှစ်ယောက် တက္ကသိုလ်တက်တဲ့အခါ ပေးရမယ့် ပိုက်ဆံတွေ ကိုပဲ ရှိနေတာပါတဲ့။ အခုတော့ Raymond ဘဝလေး အဆင်ပြေချောင်လည်သွားပြီပေါ့။

credit – shwemom

Add a Comment

Your email address will not be published. Required fields are marked *

two + 3 =