တကၠသိုလ္ တက္ေရာက္ရန္ အခက္အခဲရွိေနသည့္ ဝါးတစ္ရာ ေက်း႐ြာမွ ၄ ဘာသာ ဂုဏ္ထူးရွင္ (ရွယ္ေပးၾကပါအုံး … )

ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတစ္ရာေက်း႐ြာ ရွိ မမိုးမိုးသည္ ဩဂုတ္ ၉ ရက္ေန႔ တြင္ ထြက္ရွိသည့္ ၂၀၁၉ ၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ တြင္ေလး ဘာသာဂုဏ္ထူးျဖင့္ေအာင္ျမင္ခဲ့သူျဖစ္သည္။ သူသည္ မိသားစုစားဝတ္ေနေရးအေျခအေနေၾကာင့္ အေထာက္အပံ့မရရွိသည့္အတြက္ ေန႔ဘက္တြင္ စက္ပန္းထိုး သည့္အလုပ္အား

ေန႔စားျဖင့္လုပ္ကိုင္ကာ ညဘက္တြင္ ေက်ာင္းစာ လုပ္ရင္း က်ဴရွင္ကို ပညာဒါန သင္ေပးသည့္ဆီမွာ တက္ေရာက္ခဲ့ၿပီး တကၠသိုလ္ဝင္တန္းစားေမးပြဲကို ေျဖဆိုခဲ့ျခင္းျဖစ္သည္။မမိုးမိုးသည္ တကၠသိုလ္တက္ခ်င္ေၾကာင္း၊အမွတ္မွီပါက B.Ed တက္ခ်င္ေၾကာင္းႏွင့္ တစ္ဖက္တြင္လည္း သူမ၏မိသားစုက တကၠသိုလ္တက္ေရာက္လွ်င္ ကုန္က်မည့္ စရိတ္အား မေထာက္ပံ့ ေပးႏိုင္သည့္ အတြက္

တကၠသိုလ္ တက္ေရာက္ ခြင့္မရမည္ ကို ပူပင္ေသာက ေရာက္ေန က်သည္။ မမိုးမိုးသည္ ဖခင္မွာငယ္စဥ္ကတည္းက ဆုံးပါးသြားခဲ့သည့္အတြက္ မိခင္ျဖစ္သူႏွင့္အတူေနထိုင္ၿပီး ေမြးခ်င္း၈ေယာက္ရွိကာ မိသားစုထဲတြင္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမွာ မမိုးမိုးတစ္ေယာက္ သာရွိသည္။ ယခု တကၠသိုလ္ဝင္တန္းစာေမးပြဲအား ဒုတိယေျမာက္ ျပန္လည္ေျဖဆို ခဲ့ျခင္း ျဖစ္ကာ သခ်ၤာ၊ ဓာတုေဗဒ၊ ႐ူပေဗဒႏွင့္ ေဘာဂေဗဒဘာရပ္ တို႔ ဂုဏ္ထူးပါခဲ့သည္။

Credit Mizzima

unicode

တက္ကသိုလ် တက်ရောက်ရန် အခက်အခဲရှိနေသည့် ဝါးတစ်ရာ ကျေးရွာမှ ၄ ဘာသာ ဂုဏ်ထူးရှင် (ရှယ်ပေးကြပါအုံး … )

ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာကျေးရွာ ရှိ မမိုးမိုးသည် ဩဂုတ် ၉ ရက်နေ့ တွင် ထွက်ရှိသည့် ၂၀၁၉ ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင်လေး ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။ သူသည် မိသားစုစားဝတ်နေရေးအခြေအနေကြောင့် အထောက်အပံ့မရရှိသည့်အတွက် နေ့ဘက်တွင် စက်ပန်းထိုး သည့်အလုပ်အား

နေ့စားဖြင့်လုပ်ကိုင်ကာ ညဘက်တွင် ကျောင်းစာ လုပ်ရင်း ကျူရှင်ကို ပညာဒါန သင်ပေးသည့်ဆီမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။မမိုးမိုးသည် တက္ကသိုလ်တက်ချင်ကြောင်း၊အမှတ်မှီပါက B.Ed တက်ချင်ကြောင်းနှင့် တစ်ဖက်တွင်လည်း သူမ၏မိသားစုက တက္ကသိုလ်တက်ရောက်လျှင် ကုန်ကျမည့် စရိတ်အား မထောက်ပံ့ ပေးနိုင်သည့် အတွက်

တက္ကသိုလ် တက်ရောက် ခွင့်မရမည် ကို ပူပင်သောက ရောက်နေ ကျသည်။ မမိုးမိုးသည် ဖခင်မှာငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည့်အတွက် မိခင်ဖြစ်သူနှင့်အတူနေထိုင်ပြီး မွေးချင်း၈ယောက်ရှိကာ မိသားစုထဲတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူမှာ မမိုးမိုးတစ်ယောက် သာရှိသည်။ ယခု တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဒုတိယမြောက် ပြန်လည်ဖြေဆို ခဲ့ခြင်း ဖြစ်ကာ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာရပ် တို့ ဂုဏ်ထူးပါခဲ့သည်။

Credit Mizzima

Add a Comment

Your email address will not be published. Required fields are marked *

12 + 7 =