



Source: Sane’s fb

unicode

မလိမ္မာ ခဲ့တဲ့ အားနည်းချက်ကြောင့် (၁၀)တန်း စာမေးပွဲ ကျရှုံးခဲ့ရကြောင်း စိတ်မကောင်းစွာ အသိပေးလာတဲ့ နေခြည်ဦး ရဲ့ ညီမ စိမ်းလဲ့ရတနာ

သရုပ်ဆောင်၊ Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာ နဲ့ ပရိသ တ် တွေကို မိတ်ဆက်ပေးထားတာမို့ တော်တော်များများသိပြီးသား ဖြစ်မှာပါ။ စိမ်းလဲ့ရတ နာက အစ်မဖြစ်သူနဲ့မတူပဲ တစ်မျိုးလေးကွဲထွက်ပြီး ချစ်စရာကောင်းတာကြောင့် အနုပညာ လှုပ်ရှားမှုတွေမရှိပေမယ့် ပရိသတ်တွေက အားပေးချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ စိမ်းလဲ့ရ တနာက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာ တော့ စိမ်းလဲ့ရတနာက သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး သိချင်နေကြသူတွေကို အခုလိုပဲ စိတ်မကောင်းစွာ အသိပေးထားပါတယ်။

“ကိုယ့်ကိုယ်ကို အားပေးပြီးပြီဆိုတော့ သိချင်နေကြတဲ့သူတွေ အတွက် စိမ်းလဲ့update လုပ်ပေးချင်လို့ပါ။ စိမ်းလဲ့ရဲ့အားနည်းချက်တွေကြောင့် ဒီနှစ်စာမေးပွဲမအောင်ပါဘူး။ အားန ည်းချက်ဆိုတာထက် မလိမ္မာခဲ့တာပါ။ မျှော်လင့်တကြီးအားပေးဖို့ စောင့်နေတဲ့သူတွေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်။ စိမ်းလဲ့သေသေချာချာကြိုး စား ပြီးပြန်ဖြေပါ့မယ်။ စေတနာနဲ့ စိတ်ပူပေးကြတဲ့သူတွေရှိလို့ အရမ်းအားရှိရပါတယ်…။” ဆိုပြီး ဆယ်တန်းစာမေးပွဲကျရှုံးခဲ့ရတဲ့အကြောင်းကို ရိုးရိုးသားသား ပြောပြလာပါတယ်။

စိမ်းလဲ့ရတနာကတော့ သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး စောင့်မျှော်နေကြသူတွေကို စိတ်မကောင်းစွာ နဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ စိမ်းလဲ့တစ်ယောက် ပြီးခဲ့ပြီးတဲ့အမှားတွေကို သင်ခန်းစာယူပြီး နောက်နှစ်စာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ပါစေနော်။ ဖတ်ရှုပေး ကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sane’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

5 × four =