ေထြ/အုပ္ ဌာန ကို အဂတိ မလိုက္စား ဖို႔ ဆုံးမလိုက္ တဲ့ “ေဒၚေအာင္ဆန္းစုၾကည္”

ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔နံနက္ ၁၀ နာရီတြင္ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ေတြ႕ဆုံစဥ္ ဆုံးမေျပာၾကား ခဲ့ျခင္းျဖစ္ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က “အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ အေရးႀကီးသည့္ ဌာနတစ္ခုျဖစ္ပါေၾကာင္း၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကို လူတိုင္းသိေသာ္လည္း ေကာင္းေသာသိျခင္းျဖစ္ဖို႔ လိုအပ္တယ္” လို႔ ဆိုပါတယ္။

ထို႔အျပင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန တြင္ တာဝန္ထမ္းေဆာင္ သူမ်ားသည္ အဂတိ တရားေလးပါး ကင္းရွင္းပါက ႏိုင္ငံေတာ္တိုးတက္လာမည္ျဖစ္ပါေၾကာင္း၊ မွန္ကန္ေျဖာင့္မတ္ လာမည္ျဖစ္ပါေၾကာင္း၊ မိမိလုပ္ငန္းႏွင့္ တာဝန္အေပၚ ဂုဏ္ယူရန္ႏွင့္ ေက်ပြန္ေအာင္ ထမ္းေဆာင္ေပးေစလိုပါေၾကာင္း၊ ႏိုင္ငံအတြက္ႏွင့္ ျပည္သူျပည္သူမ်ားအတြက္ တရားဥပေဒႏွင့္ အညီ ထမ္းေဆာင္ၾကေစလိုပါေၾကာင္း၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို ယုံၾကည္အားကိုး လာပါက ႏိုင္ငံ၏စနစ္ ေကာင္းသည္၊ မွန္ကန္သည္ဟု ဆိုႏိုင္ပါတယ္လို႔ အတိုင္ပင္ခံက ေျပာပါတယ္။

အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က အဂတိတရားေလးပါး အေၾကာင္းကို ဦးစြာေျပာၾကား လိုပါေၾကာင္း၊ အဂတိဆိုသည္မွာ သြားရမည့္လမ္း လြဲသြားရျခင္း ျဖစ္ပါေၾကာင္း၊ ဆႏၵဆိုသည္မွာ ကိုယ့္ဆႏၵကို လိုက္ေလ်ာျခင္း ျဖစ္ပါေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအားလုံး ကိုယ္ကိုယ့္ကို အလိုမလိုက္ရန္ လိုအပ္ပါေၾကာင္း၊ ႀကိဳက္ျခင္း မႀကိဳက္ျခင္းအေပၚမူတည္၍ ခြဲျခားမဆက္ဆံ သင့္ပါေၾကာင္း၊ တန္းတူညီမွ် ဘက္မလိုက္ဘဲ ဆက္ဆံသင့္ပါေၾကာင္း၊ မ်က္ႏွာမလိုက္ရျခင္းဟု ဆိုလိုပါေၾကာင္း၊ ေဒါသဆိုသည္မွာ လူတစ္ဦးတစ္ေယာက္အေပၚတြင္ မေကာင္းေသာ ေစတနာထားျခင္းဟု ဆိုလိုပါေၾကာင္း၊

ႀကိဳက္ေသာသူမ်ားကို ဦးစားေပးၿပီး မႀကိဳက္သူမ်ားကို ႏွိမ္ၿပီး ဆက္ဆံျခင္း မျပဳလုပ္သင့္ ပါေၾကာင္း၊ အလုပ္တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ား ျဖစ္ေသာေၾကာင့္ တန္းတူဆက္ဆံရန္ လိုအပ္ပါေၾကာင္း၊ လမ္းလြဲခဲ့လား မလြဲခဲ့ဘူးလား သိရွိရန္ လိုအပ္ပါေၾကာင္း၊ ပစၥည္းဥစၥာႂကြယ္ဝျခင္းထက္ မိမိတာဝန္ယူေဆာင္႐ြက္ရေသာ လုပ္ငန္း အတြက္ ဂုဏ္သိကၡာ ရွိရန္ လိုအပ္ပါေၾကာင္း၊ မိမိ၏ မႀကိဳက္ျခင္း၊ ေစတနာ၊ ေမတၱာ မထားႏိုင္ျခင္းေၾကာင့္ လမ္းလြဲမသြားေစဘဲ လမ္းမွန္အတိုင္းသြားရန္ လိုအပ္ပါေၾကာင္းမွာၾကားခဲ့တယ္လို႔သိရပါတယ္။

ဒါ့အျပင္ ႏိုင္ငံဝန္ထမ္းေတြအေနနဲ႔ စည္းမ်ဥ္း၊ စည္းကမ္း၊ ဥပေဒေတြကို လိုက္နာဖို႔လိုၿပီး မသိလို႔မွားတာဟာ ဆင္ေျခမဟုတ္သလို မသိဘဲမွားတာဟာလည္း ပိုေၾကာက္ဖို႔ေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။ ျပည္သူက ဒီမိုကေရစီစနစ္အရ တင္ေျမႇာက္ထားတဲ့အစိုးရဟာလည္း လုပ္ထုံး လုပ္နည္းေတြကို ကြၽမ္းက်င္ဖို႔ လိုအပ္ၿပီး မွန္မွန္ကန္ကန္ထိထိေရာက္ေရာက္ေဆာင္႐ြက္တက္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။ အဲဒီလိုလုပ္ႏိုင္ဖို႔ကလည္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ အရည္အခ်င္းျပည့္ဝမႈဟာ အေရးႀကီးတယ္လို႔ အတိုင္ပင္ခံက ေျပာပါတယ္။

ထို႔အျပင္ အတိုင္ပင္ခံက လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။ ကိုဗစ္ကာလမွာ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္ေရးဟာ ႏိုင္ငံေရးဂုဏ္သိကၡာျဖစ္သလို မဲေပးပိုင္ခြင့္ရွိသူေတြအားလုံး မဲေပးေအာင္နဲ႔ မဲေပးႏိုင္ေအာင္ကူညီဖို႔လိုအပ္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ညႇိႏႈိင္းဖို႔လိုအပ္တယ္လို႔လည္း အတိုင္ပင္ခံကဆိုပါတယ္။

ဒါ့အျပင္ ရခိုင္အေရးနဲ႔ ပတ္သက္လို႔လည္း အတိုင္ပင္ခံက ရခိုင္ျပည္နယ္ ကိစၥအတြက္ စီးပြားေရး ထိခိုက္မႈ အနည္းငယ္ရွိတာဟာ တစ္ႏိုင္ငံလုံးကို ထိခိုက္ႏိုင္တယ္ လို႔လည္း ေျပာခဲ့ပါတယ္။

unicode

ထွေ/အုပ် ဌာန ကို အဂတိ မလိုက်စား ဖို့ ဆုံးမလိုက် တဲ့ “ဒေါ်အောင်ဆန်းစုကြည်”

နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစဉ် ဆုံးမပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို လူတိုင်းသိသော်လည်း ကောင်းသောသိခြင်းဖြစ်ဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။

ထို့အပြင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တွင် တာဝန်ထမ်းဆောင် သူများသည် အဂတိ တရားလေးပါး ကင်းရှင်းပါက နိုင်ငံတော်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မှန်ကန်ဖြောင့်မတ် လာမည်ဖြစ်ပါကြောင်း၊ မိမိလုပ်ငန်းနှင့် တာဝန်အပေါ် ဂုဏ်ယူရန်နှင့် ကျေပွန်အောင် ထမ်းဆောင်ပေးစေလိုပါကြောင်း၊ နိုင်ငံအတွက်နှင့် ပြည်သူပြည်သူများအတွက် တရားဥပဒေနှင့် အညီ ထမ်းဆောင်ကြစေလိုပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ယုံကြည်အားကိုး လာပါက နိုင်ငံ၏စနစ် ကောင်းသည်၊ မှန်ကန်သည်ဟု ဆိုနိုင်ပါတယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဂတိတရားလေးပါး အကြောင်းကို ဦးစွာပြောကြား လိုပါကြောင်း၊ အဂတိဆိုသည်မှာ သွားရမည့်လမ်း လွဲသွားရခြင်း ဖြစ်ပါကြောင်း၊ ဆန္ဒဆိုသည်မှာ ကိုယ့်ဆန္ဒကို လိုက်လျောခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအားလုံး ကိုယ်ကိုယ့်ကို အလိုမလိုက်ရန် လိုအပ်ပါကြောင်း၊ ကြိုက်ခြင်း မကြိုက်ခြင်းအပေါ်မူတည်၍ ခွဲခြားမဆက်ဆံ သင့်ပါကြောင်း၊ တန်းတူညီမျှ ဘက်မလိုက်ဘဲ ဆက်ဆံသင့်ပါကြောင်း၊ မျက်နှာမလိုက်ရခြင်းဟု ဆိုလိုပါကြောင်း၊ ဒေါသဆိုသည်မှာ လူတစ်ဦးတစ်ယောက်အပေါ်တွင် မကောင်းသော စေတနာထားခြင်းဟု ဆိုလိုပါကြောင်း၊

ကြိုက်သောသူများကို ဦးစားပေးပြီး မကြိုက်သူများကို နှိမ်ပြီး ဆက်ဆံခြင်း မပြုလုပ်သင့် ပါကြောင်း၊ အလုပ်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဖြစ်သောကြောင့် တန်းတူဆက်ဆံရန် လိုအပ်ပါကြောင်း၊ လမ်းလွဲခဲ့လား မလွဲခဲ့ဘူးလား သိရှိရန် လိုအပ်ပါကြောင်း၊ ပစ္စည်းဥစ္စာကြွယ်ဝခြင်းထက် မိမိတာဝန်ယူဆောင်ရွက်ရသော လုပ်ငန်း အတွက် ဂုဏ်သိက္ခာ ရှိရန် လိုအပ်ပါကြောင်း၊ မိမိ၏ မကြိုက်ခြင်း၊ စေတနာ၊ မေတ္တာ မထားနိုင်ခြင်းကြောင့် လမ်းလွဲမသွားစေဘဲ လမ်းမှန်အတိုင်းသွားရန် လိုအပ်ပါကြောင်းမှာကြားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နိုင်ငံဝန်ထမ်းတွေအနေနဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေကို လိုက်နာဖို့လိုပြီး မသိလို့မှားတာဟာ ဆင်ခြေမဟုတ်သလို မသိဘဲမှားတာဟာလည်း ပိုကြောက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ပြည်သူက ဒီမိုကရေစီစနစ်အရ တင်မြှောက်ထားတဲ့အစိုးရဟာလည်း လုပ်ထုံး လုပ်နည်းတွေကို ကျွမ်းကျင်ဖို့ လိုအပ်ပြီး မှန်မှန်ကန်ကန်ထိထိရောက်ရောက်ဆောင်ရွက်တက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အရည်အချင်းပြည့်ဝမှုဟာ အရေးကြီးတယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။

ထို့အပြင် အတိုင်ပင်ခံက လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ ကိုဗစ်ကာလမှာ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးဟာ နိုင်ငံရေးဂုဏ်သိက္ခာဖြစ်သလို မဲပေးပိုင်ခွင့်ရှိသူတွေအားလုံး မဲပေးအောင်နဲ့ မဲပေးနိုင်အောင်ကူညီဖို့လိုအပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ညှိနှိုင်းဖို့လိုအပ်တယ်လို့လည်း အတိုင်ပင်ခံကဆိုပါတယ်။

ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်လို့လည်း အတိုင်ပင်ခံက ရခိုင်ပြည်နယ် ကိစ္စအတွက် စီးပွားရေး ထိခိုက်မှု အနည်းငယ်ရှိတာဟာ တစ်နိုင်ငံလုံးကို ထိခိုက်နိုင်တယ် လို့လည်း ပြောခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

eleven + 5 =