



Happy – Cele Zone

Photo – Soe Myat Thu Zar

unicode

အဖွဲ့နှစ်ဖွဲ့ခွဲ ကာ Mobile Legend ကို အကြိတ်အနယ် ယှဉ်ပြိုင် ကစား ခဲ့ကြတဲ့ စိုးမြတ်သူဇာ နဲ့ စိုးမြတ်နန္ဒာ တို့ရဲ့ Live Stream

ညီမနှစ်ယောက် အတူတူ Game ဆော့မယ့်အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းလောက် ကတ ည်းက မကြီးစိုးက သူမရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးခဲ့ပါတယ်။ မနေ့က ည (၇) နာရီ ခွဲမှာတော့ ညီမနှစ်ယောက်က တစ်ယောက်တစ်သင်းစီခွဲပြီး Custom Mode မှာ ကစားခဲ့ ကြ ပါတယ်။ ဂိမ်းကစားနေတဲ့ ပွဲစဉ်ကို မကြီးစိုးက Live လွှင့်ပြခဲ့ပြီး ပရိသတ်တွေ ကလည်း တော်တော်လေး သဘောကျ ခဲ့ကြပါတယ်။

ကစားချိန်သိပ်မကြာလိုက်ခင်မှာပဲ မကြီးစိုးတို့အသင်းဖက်က မဒါတို့ အသင်းကို အနိုင်ရသွား ခဲ့ပါ တယ်။ ကစားနေစဉ်တစ်လျှောက်လုံးမှာလည်း မကြီးစိုးရဲ့ ခပ်စွာစွာ အသံလေးတွေနဲ့ တစ်ဖက်အသင်းက သူတွေကို ကျိန်းဝါးနေသံတွေက ချစ်စရာကောင်းသလို ရယ်ချင်စရာ လည်း ကောင်းပါတယ်။

ဂိမ်းပွဲအပြီးမှာတော့ သူမနဲ့ အတူတူ ကစားချင်တဲ့သူတွေလည်း လာကစားနိုင်ကြောင်း ထပ်မံ Live လွှင့်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ ဒီ Live လေးမှာလည်း သူမရဲ့ခင်မင်ရသူတွေနဲ့ စစနော က်နောက် စကားပြောထားပြီး ရယ်မောစရာလေးတွေနဲ့ စိတ်အပန်းပြေစေတာတော့ အမှန် ပါပဲ။ စာဖတ်သူတို့ထဲမှာလည်း ML Crazy လေးတွေရှိရင် မကြီးစိုးနဲ့ အတူတူ ဆော့ချင် သွားဆော့ လို့ရတယ်နော်။

Happy – Cele Zone

Photo – Soe Myat Thu Zar

Add a Comment

Your email address will not be published. Required fields are marked *

2 × three =