ချစ်စရာကောင်းတဲ့ ဖက်ရှင်လေး နဲ့ အမြဲတမ်းလှပပြီးမိမိုက်လွန်းနေတဲ့ “ရွှေကစ်လေး”

ပရိသတ်ကြီးရေ……သရုပ်ဆောင် ကောင်းမွန်တဲ့အပြင် ကလေး တစ်ယောက်လို ချစ်စဖွယ်မျက်နှာလေးနဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိထား သူကတော့ မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။ သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင် ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော် ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အတွက် အကယ်ဒမီ ဆုများစွာကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

၀တ်မှုန်ရွှေရည်ဟာ ဖြူဖွေးဝင်းဥနေတဲ့ အသားအရည်လေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ကလေးလေးတစ်ယောက်လိုအရွယ်တင် နုပျိုနေတာပါနော်။ ဒါ့ပြင်ကစ်ဟာ ဖက်ရှင်နဲ့ပက်သက်ပြီးလည်း အမြဲခေတ်မီစတိုင်ကျကျဝတ်တတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေရတာပါ။ ရွှေကစ်ဟာ အသက်ကြီးလာတယ်လို့ကို ထင်ရက်စရာ မရှိအောင်ကို အမြဲနုပျိုနေပြီး ဆယ်ကျော်သက်လေးအတိုင်းလှရက်သူပါ။

အခုဆိုရင်လည်း ရွှေကစ်ဟာပရိသတ်ကြီးအလွမ်းပြေဖို့ အတွက် ချစ်စဖွယ်ပုံလေးတွေကိုတင်ပေးလာပါတယ်။ အာ့တာကတော့ သူမ ရဲ့ Facebook စာမျက်နှာမှာ “ခေါင်မိုးပေါ်က ကောင်မလေး ” ဆိုတဲ့ captionလေးနဲ့ အမိုက်စားပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source-Wutt Hmone Shwe Yi’s Facebook acc
Dw.shweyoe