





unicode

အပြင်မှာ တခါမှ မမြင်ဖူးသေးတဲ့သူကို အွန်လိုင်းချစ်သူ အဖြစ်ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟ လာတဲ့ မင်းသမီးချော မေမီကိုကို

မေမီကိုကို ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲ ကနေ ပရိသတ်အားပေးမူကိုစတင်ရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယာက်ပဲဖြစ်ပါတယ်။ သူမရဲ့ရိုးသားကြိုးစားမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲအောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။လတ်တလောမှာလည်းမေမီကိုကိုဟာ ကြော်ငြာတွေနဲ့အနုပညာအလုပ်တွေကိုဆက်တိုက် လုပ်ကိုင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့မေမီကိုကိုက သရုပ်ဆောင်အလုပ်တွေ အပြင် အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကိုချဲ့ထွင်လုပ်ကိုင်နေခဲ့ပါတယ်။ မကြာသေးခင် ကလည်းသူမရဲ့ပထမဦးဆုံး သီချင်းလေးဖြစ်တဲ့”အလွမ်းပြေ”သီချင်းလေး ကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီးပရိသတ်အားပေးမှု ကိုအပြည့်အဝရရှိခဲ့ပါတယ်။

သူမရဲ့ “အနမ်းတစ်ပွင့်ရဲ့ကျိန်စာ” စာအုပ်အသစ်ကို ပရိသတ်ထံရောင်းချပေးခဲ့တဲ့ပွဲမှာတော့ မေမီကိုကိုက သူမရဲ့ အွန်လိုင်းချစ်သူအကြောင်းပြောပြလာခဲ့တာပါ မေမီကိုကိုက ” ချစ်သူကစိတ်ထားကောင်းတဲ့အသိုင်းအဝိုင်းကပါ တခုခြွင်းချက်ကတော့အပြင်မှာတခါမှမမြင်ဖူးသေးဘူး အွန်လိုင်းချစ်သူပေါ့ အွန်လိုင်းမှာကိုကတော်တော်လေးနက်မှုရှိတယ် အစစအရာရာလူကြီးဆန်တယ် တော်တော်များများကတော့ပြောမှာပါ လူတောင် အပြင်မှာမမြင်ဖူးပဲနဲု့ ဘာအရူးထတာလဲပေါ့ သူငယ်ချင်းတွေဆိုလဲတော်တော်အံဩတယ်

သူတို့ကိုယ်တိုင်လည်း မိတ်ဆက်ပေးတယ် Video Call ပြောကြည့်တဲ့အခ့ကျ သူတို့ကိုယ်တိုင် လည်း လက်ခံပေးတယ်သူတို့ ကိုယ်တိုင်လေးစား အားကျတဲ့သူ ဖြစ်သွားတယ်ပေါ့ ကိုယ်ကိုတိုင်ကလည်း သူ့ကိုတကယ်လေးစားအားကျမိတယ်ပေါ့ ဒါကြောင့် ချစ်သူ အဖြစ်ရွေးချယ်ဖြစ်ခဲ့တာပါ ” လို့ပြောပြ လာခဲ့တာဖြစ်ပါတယ်မေမီကိုကို ကတော့တကယ့်ကို ထူးဆန်းတဲ့ ချစ်သူရွေးချယ်မှုလေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်

Credit Shweyaungmyanmar

Add a Comment

Your email address will not be published. Required fields are marked *

13 + five =