တစ်ရွာလုံး မီးရဖို့ သိန်း (၅၀) လှူဒါန်းမှု အပြင် တစ်အိမ်ချင်းစီ အတွက် ဆန်၊ဆီ ၊ငွေသားတချို့ လှူဒါန်း လိုက်တဲ့ ဖြူဖြူထွေး…
|တစ်ရွာလုံး မီးရဖို့ သိန်း (၅၀) လှူဒါန်းမှု အပြင် တစ်အိမ်ချင်းစီ အတွက် ဆန်၊ဆီ ၊ငွေသားတချို့ လှူဒါန်း လိုက်တဲ့ ဖြူဖြူထွေး…
ဟာသ ဗီဒီယိုလေးတွေနဲ့ ဖြူဖြူထွေး ကတော့ လူသိများအောင်မြင် လာခဲ့တာက အခု ဆိုရင် သရုပ်ဆောင် အဖြစ်ပါ ရပ်တည်နေရပြီ ဖြစ်ပါတယ် ။ ဟန်ဆောင်မှု ကင်းပြီး ပွင့်လင်းဖော်ရွေတဲ့ ဖြူဖြူထွေးဟာ တကယ့်ကိုချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ် ။
မာန်မာန ကင်းသူဖြစ်တဲ့ အပြင် အလှူအတန်း နဲ ပတ်သက်ရင်လည်း လက်မနှေး တတ်တာ ဖြစ်ပါတယ် ။ဖြူဖြူထွေးအနေနဲ့ သူမရဲ့ရွာလေးမှာဆိုရင် မကြာခဏဆိုသလို တတ်နိုင်သလောက်အလှူလေးတွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။
အခုလည်း သူမရဲ့ရွာလေးမှာရှိတဲ့ ရွာသူရွာသားတွေအတွက် ဆန်၊ ဆီ နဲ့ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွာလေးကိုမီးရရှိရေးအတွက် အလှူငွေ သန်း(၅၀) ကျပ်တိတိကိုလည်း ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။
တစ်ရွာလုံးကိုအိမ်မှာခေါ်ပြီး ဆန်တွေ၊ဆီတွေ အားရပါးရ လှူဒါန်း ခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက သူမရဲ့အိမ်ကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီ ကိုလည်း အိမ်တိုင်ရာရောက်သွားရောက်ပြီး
အလှူပစ္စည်းတွေပေး ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ကြည်နူးစရာအလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source:PhyuPhyuHtway