MASK တစ္ခု တည္း ကိုပဲ အၿမဲလိုလို ဝတ္ၿပီး ေက်ာင္းတက္ေလ့ ရွိတဲ့ ကေလးငယ္ ရဲ႕ အျဖစ္

အားလုံးသိတဲ့အတိုင္း ကိုဗစ္ကပ္ဆိုး ကာလႀကီးဟာ တစ္ကမာၻလုံးက ႏိုင္ငံတိုင္း ကို ႐ိုက္ခဲ့ပါတယ္။ အခုအခ်ိန္ထိလည္း ႐ိုက္ခတ္ေႏွဆဲပါဘဲ။ စီးပြားေရးလုပ္ငန္းေတြ ကေမာက္ကမျဖစ္တယ္။ ခရီးသြားလာေရး လုပ္ငန္းေတြ ေတာင္စဥ္ေရမရျဖစ္တယ္။ ေနာက္ၿပီး ကေလးေတြ ေက်ာင္းတက္ခ်ိန္ေတြ အကန႔္အသတ္ေတြ ျဖစ္ကုန္ပါတယ္။ ဒီလို ကာလအတြင္းမွာ နည္းပညာဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြကေတာ့ အြန္လိုင္းသင္ၾကားေရးစနစ္ကို စတင္စမ္းသပ္ခဲ့တာမ်ိဳးေတြ ရွိခဲ့ၿပီး၊ အထိုက္အေလွ်ာက္ ေအာင္ျမင္ခဲ့ပါတယ္။ သို႔ေပမယ့္ လူတိုင္းအဆင္ေျပတဲ့ သင္ၾကားေရးစနစ္ေတာ့ မဟုတ္ခဲ့ပါဘူး။ အင္တာနက္ဆက္သြယ္ေရး အခက္အခဲေတြ၊ ဖုန္းတစ္လုံးေတာင္ ဝယ္ဖို႔ အဆင္မေျပတဲ့ မိသားစုေတြလည္း ရွိေနခဲ့ပါတယ္။ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခါ ကေလးေတြအတြက္ မရွိမျဖစ္၊ မပါမျဖစ္ကေတာ့ Mask ျဖစ္ပါလိမ့္မယ္။

လက္ရွိအခ်ိန္မွာ Mask တစ္ခုရဲ႕တန္ဖိုးဟာ ဘာမွ ေျပာပ ေလာက္ေအာင္ မရွိေပမယ့္ Mask ကိုေစ်းႀကီးေပးဝယ္ေနရတဲ့ႏိုင္ငံေတြ ရွိေသးသလို၊ တစ္ေန႔ကို Mask အသစ္တစ္ခုသုံးဖို႔ အခက္အခဲရွိေနသူေတြလည္း အမ်ားႀကီးပါ၊အခုကေလးက အဲဒီသေဘာတရားကို သက္ေသခံပါလိမ့္မယ္။ သူဟာ ညစ္ႏြမ္းေနတဲ့ Mask ေလးနဲ႔ ေက်ာင္းကို လာေနရွာတာပါ။ တပ္ပါမ်ားေတာ့ Mask ရဲ႕ နား႐ြက္ခ်ိတ္ႀကိဳးေလးေတြက အရင္းက ျပဳတ္ေနတဲ့အတြက္ သူဟာ ျဖစ္သလို ဖန္တီးၿပီး ဒီ Mask ကေလးကိုပဲ မလြင့္ပစ္ႏိုင္ ျဖစ္သလို သုံးေနရပါတယ္။မေလးရွားမွာ ၾသဂုတ္(၁)ရက္ကစၿပီး အျပင္ထြက္တိုင္း Mask မတပ္သူ မည္သူမဆို ရင္းဂစ္(၁၀၀၀)အထိ ဒဏ္တပ္မယ္လို႔ အမိန႔္ထုတ္ ျပန္ထားပါတယ္။

ဒါေပမယ့္ ဒီကေလးကေတာ့ ကိုဗစ္ကို အသာထား၊ ညစ္ႏြမ္းတဲ့ အေပအေရေတြက သူ႔ကို ဆိုးက်ိဳးတစ္ခုခုျဖစ္ေစမွာကိုေတာင္ စိုးရိမ္ေနရပါတယ္။မူလတန္းျပဆရာ Fazri Hassan က ကေလးတို႔အေနနဲ႔ Mask ဟာ က်န္းမာေရးအတြက္ ဘယ္လိုအေရးပါေၾကာင္း ရွင္းျပရင္ ဒီတပည့္ေလးရဲ႕ စုတ္ေပေနတဲ့ Mask ကို သိသြားတာပါ။ ဆရာျဖစ္သူ Fazri ဟာ ျမင္ျမင္ခ်င္း အေတာ္ေလး စိတ္ေကာင္းလည္း ျဖစ္ခဲ့ရသလို၊ Mask ကို ေသခ်ာစစ္ေဆးၾကည့္ေတာ့ ငိုခ်င္စိတ္ေတာင္ ေပါက္သြားပါသတဲ့။ကေလးေတြကို ေမးၾကည့္တဲ့အခါ ဒီတပည့္ေလးနဲ႔ သိပ္မျခားသူေတြ ပါပါတယ္။ တခ်ိဳ႕ဆို Mask တစ္ခုကို (၂)ရက္(၃)ရက္ ဆက္တိုက္ သုံးတာမ်ိဳးရွိပါသတဲ့။

အေၾကာင္းကေတာ့ မိဘေတြဟာ ဆင္းရဲသူေတြ ျဖစ္တာေၾကာင့္ တျခားေျပလည္သူေတြလို Mask ကို ထည္လဲမသုံးႏိုင္ၾကဘူးလို႔ Fazri က သူရဲ႕လူမႈကြန္ရက္မွာ ေျပာခဲ့ပါတယ္။ အခုထိ သူတို႔ဆီမွာ Mask ေတြက ေစ်းႀကီးတယ္လို႔ ေျပာလို႔ရေနေသးတယ္လို႔ ဆိုပါတယ္။Fazri ဟာ ေနာက္ဆုံးေတာ့ သူ႔အိတ္ထဲက ပိုက္ဆံ စိုက္ထုတ္ၿပီး၊ ကေလးေတြအတြက္ Mask အသစ္ေတြ ဝယ္ေပးခဲ့ပါတယ္။ သူ႔အေနနဲ႔ ဘယ္သူ႔ဆီကမွလည္း ပိုက္ဆံမေတာင္းခဲ့ေပမယ့္၊ ေရရွည္ သူ႔အိတ္ထဲကခ်ည္း စိုက္ထုတ္ဖို႔ဆိုတာကေတာ့ မလြယ္ပါဘူး။ ဆရာကေတာ့ ကေလးေတြ ေဘးကင္းလုံၿခဳံဖို႔အတြက္ ခိုင္မာတဲ့အစီအစဥ္ ဆြဲေနတယ္လို႔ သိရပါတယ္။

unicode

MASK တစ်ခု တည်း ကိုပဲ အမြဲလိုလို ဝတ်ပြီး ကျောင်းတက်လေ့ ရှိတဲ့ ကလေးငယ် ရဲ့ အဖြစ်

အားလုံးသိတဲ့အတိုင်း ကိုဗစ်ကပ်ဆိုး ကာလကြီးဟာ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်း ကို ရိုက်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ရိုက်ခတ်နှေဆဲပါဘဲ။ စီးပွားရေးလုပ်ငန်းတွေ ကမောက်ကမဖြစ်တယ်။ ခရီးသွားလာရေး လုပ်ငန်းတွေ တောင်စဉ်ရေမရဖြစ်တယ်။ နောက်ပြီး ကလေးတွေ ကျောင်းတက်ချိန်တွေ အကန့်အသတ်တွေ ဖြစ်ကုန်ပါတယ်။ ဒီလို ကာလအတွင်းမှာ နည်းပညာဖွံ့ဖြိုးတဲ့နိုင်ငံတွေကတော့ အွန်လိုင်းသင်ကြားရေးစနစ်ကို စတင်စမ်းသပ်ခဲ့တာမျိုးတွေ ရှိခဲ့ပြီး၊ အထိုက်အလျှောက် အောင်မြင်ခဲ့ပါတယ်။ သို့ပေမယ့် လူတိုင်းအဆင်ပြေတဲ့ သင်ကြားရေးစနစ်တော့ မဟုတ်ခဲ့ပါဘူး။ အင်တာနက်ဆက်သွယ်ရေး အခက်အခဲတွေ၊ ဖုန်းတစ်လုံးတောင် ဝယ်ဖို့ အဆင်မပြေတဲ့ မိသားစုတွေလည်း ရှိနေခဲ့ပါတယ်။ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကလေးတွေအတွက် မရှိမဖြစ်၊ မပါမဖြစ်ကတော့ Mask ဖြစ်ပါလိမ့်မယ်။

လက်ရှိအချိန်မှာ Mask တစ်ခုရဲ့တန်ဖိုးဟာ ဘာမှ ပြောပ လောက်အောင် မရှိပေမယ့် Mask ကိုစျေးကြီးပေးဝယ်နေရတဲ့နိုင်ငံတွေ ရှိသေးသလို၊ တစ်နေ့ကို Mask အသစ်တစ်ခုသုံးဖို့ အခက်အခဲရှိနေသူတွေလည်း အများကြီးပါ၊အခုကလေးက အဲဒီသဘောတရားကို သက်သေခံပါလိမ့်မယ်။ သူဟာ ညစ်နွမ်းနေတဲ့ Mask လေးနဲ့ ကျောင်းကို လာနေရှာတာပါ။ တပ်ပါများတော့ Mask ရဲ့ နားရွက်ချိတ်ကြိုးလေးတွေက အရင်းက ပြုတ်နေတဲ့အတွက် သူဟာ ဖြစ်သလို ဖန်တီးပြီး ဒီ Mask ကလေးကိုပဲ မလွင့်ပစ်နိုင် ဖြစ်သလို သုံးနေရပါတယ်။မလေးရှားမှာ သြဂုတ်(၁)ရက်ကစပြီး အပြင်ထွက်တိုင်း Mask မတပ်သူ မည်သူမဆို ရင်းဂစ်(၁၀၀၀)အထိ ဒဏ်တပ်မယ်လို့ အမိန့်ထုတ် ပြန်ထားပါတယ်။

ဒါပေမယ့် ဒီကလေးကတော့ ကိုဗစ်ကို အသာထား၊ ညစ်နွမ်းတဲ့ အပေအရေတွေက သူ့ကို ဆိုးကျိုးတစ်ခုခုဖြစ်စေမှာကိုတောင် စိုးရိမ်နေရပါတယ်။မူလတန်းပြဆရာ Fazri Hassan က ကလေးတို့အနေနဲ့ Mask ဟာ ကျန်းမာရေးအတွက် ဘယ်လိုအရေးပါကြောင်း ရှင်းပြရင် ဒီတပည့်လေးရဲ့ စုတ်ပေနေတဲ့ Mask ကို သိသွားတာပါ။ ဆရာဖြစ်သူ Fazri ဟာ မြင်မြင်ချင်း အတော်လေး စိတ်ကောင်းလည်း ဖြစ်ခဲ့ရသလို၊ Mask ကို သေချာစစ်ဆေးကြည့်တော့ ငိုချင်စိတ်တောင် ပေါက်သွားပါသတဲ့။ကလေးတွေကို မေးကြည့်တဲ့အခါ ဒီတပည့်လေးနဲ့ သိပ်မခြားသူတွေ ပါပါတယ်။ တချို့ဆို Mask တစ်ခုကို (၂)ရက်(၃)ရက် ဆက်တိုက် သုံးတာမျိုးရှိပါသတဲ့။

အကြောင်းကတော့ မိဘတွေဟာ ဆင်းရဲသူတွေ ဖြစ်တာကြောင့် တခြားပြေလည်သူတွေလို Mask ကို ထည်လဲမသုံးနိုင်ကြဘူးလို့ Fazri က သူရဲ့လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။ အခုထိ သူတို့ဆီမှာ Mask တွေက စျေးကြီးတယ်လို့ ပြောလို့ရနေသေးတယ်လို့ ဆိုပါတယ်။Fazri ဟာ နောက်ဆုံးတော့ သူ့အိတ်ထဲက ပိုက်ဆံ စိုက်ထုတ်ပြီး၊ ကလေးတွေအတွက် Mask အသစ်တွေ ဝယ်ပေးခဲ့ပါတယ်။ သူ့အနေနဲ့ ဘယ်သူ့ဆီကမှလည်း ပိုက်ဆံမတောင်းခဲ့ပေမယ့်၊ ရေရှည် သူ့အိတ်ထဲကချည်း စိုက်ထုတ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဆရာကတော့ ကလေးတွေ ဘေးကင်းလုံခြုံဖို့အတွက် ခိုင်မာတဲ့အစီအစဉ် ဆွဲနေတယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

1 × three =