Yone lay’s FB
unicode
Memory တွေ ပြန်တက် လာလို့ ပီတိဖြစ် လို့ တင်တာပါ ဆိုတဲ့ ယုန်လေး…
အခုဗီဒီယိုလေး ကို Memory တွေ ပြန်တက်လာလို့ ပီတိဖြစ် လို့ တင်တာပါ ဆိုပြီး ကိုယုန်လေးက တင်ထားတာပဲ ဖြစ်ပါတယ် …။ မြင့်မြတ် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ် ….။ မြင့်မြတ် ကတော့ သဘာဝကျတဲ့ ဇာတ်ရုပ်တွေ ပီပြင်တဲ့ သရုပ်ဆောင်ပုံ တွေကြောင့် အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်နေတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် …။
ပရိသတ်တွေ အားကျချစ်ခင်နေရပြီး အေးချမ်းတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက် ထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မြတ် ရဲ့ သားလေးမြတ်သူကတော့ ချစ်စရာ ကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် …။ ကိုယုန်လေးက ကိုမြင့်မြတ် ရဲ့သား မြတ်သူရဲ့ မွေးနေ့လေးမှာ စပရိုက်လုပ်ခဲ့ပါတယ်။
ကိုမြင့်မြတ် ရဲ့ ဇာတိ အင်းစိန်က အင်းစိန်ရွာမကျောင်း မှာ နေ့ဆွမ်းကပ်လှူပြီး ငယ်ငယ်က သင်ကြားပေးခဲ့တဲ့ ဆရာမတွေကို ဝတ္ထုငွေနဲ့ကန်တော့ခဲ့တာပါ …။ ဒီကိစ္စတွေက ကျနော် မသိဘူး ကိုယုန်လေးရယ် အဖေ နဲ့ အမေရယ်ပေါင်းပီး စီစဉ်ပေးခဲ့တာပါလို့ ကိုမြင့်မြတ်ကပြောပါတယ်။ ကိုမြင့်မြတ် နဲ့ ကိုယုန်လေး တို့ကြားက ခင်မင်မှုသံယောဇဉ်ကို လေးစားအားကျဖွယ် တွေ့မြင်ရပါတယ်နော် …။ ။
Yone lay’s FB
Add a Comment
Your email address will not be published. Required fields are marked *
seventeen − ten =