



Source: Myo Min Soe

unicode

” ရွှေ(၂)ပိဿာ ပါဝင်မယ့် ရွှေဝတ်စုံ ကို ဖန်တီးနေကြောင်း ပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး “

ပရိသတ်ကြီးရေ ဒီဇိုင်နာမျိုးမင်းစိုး ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး အနုပညာရှင်တွေအားကိုးနေရတဲ့ ဒီဇိုင်နာတစ်ဦးဆိုလည်းမှားမယ်မထင်ပါဘူးနော်။ အလှူအတန်းတွေများစွာပြုလုပ်ထားသူဖြစ်ပြီး နိုင်ငံတော်ကပေးအပ်တဲ့ချီးမြင့်ထားတဲ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်သုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာရှင်တွေနဲ့လည်း မကြာခဏ ဆိုသလို TikTokလေးတွေရိုက်ကူးရတာကို သဘောကျလည်းဖြစ်ပါတယ်။ ဒီဇိုင်နာအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်နေတဲ့ သူဖြစ်တာကြောင့် ကြော်ငြာတွေကမ်းလှမ်းလာလဲမရိုက်ဖြစ်ဘဲ သူ့ရဲ့ ကျွမ်းကျင်ရာကိုပဲဆက်လက်လုပ်ကိုင်နေပါ။

လက်ရှိမှာလည်း ရွှေ(၂)ပိဿာ ပါဝင်မယ့် ဝတ်စုံကို ဖန်တီးနေကြောင်းကို “ရွှေ(၂)ပိသာနဲ့ရွှေဝတ်စုံမကြာခင်လာမည်နော်။”ဆိုတဲ့ စာလေးနဲ့ ဖန်တီးနေတဲ့ပုံရိပ်တွေကိုတင်လာခဲ့တာပါ။ ရွှေဆိုင်တစ်ခုရဲ့အော်ဒါကြောင့် ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ တကယ့်ကိုဒီဇိုင်နာလောကမှာထိပ်တန်းရောက်နေရတဲ့အချက် ကတော့အမြဲဆန်းသစ်တဲ့ဖန်တီးမှုတွေကြောင့်လို့ဆိုရမှာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myo Min Soe
Credit-CeleConnections

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 19 =