




unicode

လွတ်လပ် ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေး နဲ့ ရင်ခုန်စရာ ကောင်းလောက်အောင် လှရက်လွန်း နေတဲ့ ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အနုပညာလောက မှာ အောင်မြင်မှုတွေနဲ့ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာ သူမက အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း လူမှုရေးအကျိုးပြုပရဟိတ လုပ်ငန်းတွေမှာ ကိုယ်ကျိုးမငဲ့ပဲ ပါဝင်လုပ်ကိုင်နေတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရွှေပိုးအိမ်က အနုပညာ နယ်ပယ်မှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။

သူမကတော့ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာအပြုံး ချိုချို လေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ သူလေးပါနော်..။လတ်တလောမှာဆိုရင်တော့ ရွှေပိုးအိမ်က Photo Shooting လေးတွေ ရိုက်ကူးပြီး ချစ်ခင်အားပေးတဲ့ သူတွေအတွက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာ ဆိုရင်လည်း ရွှေပိုးအိမ် က လွမ်းနေတဲ့ ပရိသတ်တွေအတွက် သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ရွှေပိုးအိမ်က လွတ်လပ်ပေါ့ပါး တဲ့ အလန်းစားဖက်ရှင် ဝတ်စုံလေးဝတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့ အကြည့်စူးစူးလေးတွေကလည်း မြင်မိသူတိုင်း ချစ်အားပိုစေမှာတော့ အမှန်ပါနော်…။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရင်ခုန်စရာ ကောင်းလောက်တဲ့ အမူအရာလေးတွေနဲ့ အထာကျကျ ပို့စ်ပေးနေတဲ့ ရွှေပိုးအိမ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source – Shwe Poe Eain’s fb account

Add a Comment

Your email address will not be published. Required fields are marked *

four × 3 =