ကျန်းမာရေး ဝန်ကြီး ဘာတွေ လုပ်နေလဲ ပြည်သူများ ရှင်းရှင်း လင်းလင်း သိရန်

ကျန်းမာရေး ဝန်ကြီး ဘာတွေ လုပ်နေလဲ ပြည်သူများ ရှင်းရှင်း လင်းလင်း သိရန်

“သူတို့အမေး ဝန်ကြီး အဖြေ” (ကမဝ ဘာတွေ လုပ်နေသလဲ)

– ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကုသရေး ကို ဘာလို့အဓိက လုပ်သလဲဆိုရင် အခြားက ရတဲ့ငွေကြေးတွေ ကို ကာကွယ် ထိန်းချုပ်ရေးပိုင်းမှာ သုံးထားလို့ အခု ကမ္ဘာ့ဘဏ်ချေးငွေကို ကုသရေးဘက် မှာ သုံးပါတယ်။

– စစ်တာနည်းရတာက အစပိုင်းမှာ ကျနော်တို့ဆီမှာ စစ်လို့မရပါဘူး။ နောက်ပိုင်းကျ စစ်လို့ ရလာပေမယ့် စစ်ဆေးရာမှာလိုအပ်တဲ့ Primer Prop တွေလိုပါတယ်။ အဲဒါတွေက မရောင်း ပါဘူး။ WHO ကနေတဆင့် ပေးတယ်။ ထိုင်း စင်ကာပူ ဂျပန် တရုတ်နဲ့ အမေရိကန်က ပေးတယ်။ အဲဒါကြောင့် စစ်လို့ ရလာပေမယ့် ကန့်သတ်ချက်ရှိလို့ အစပိုင်းမှာ နည်းနည်းပဲ စစ်နိုင်ပါတယ်။ ကပ်ရောဂါရဲ့ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဍာန်အရ သုံးသပ်ပီး စစ်ရပါတယ်။ ဒါကြောင့် ရှိတဲ့ အရင်းအမြစ်နည်းနည်းလေးနဲ့ အဆင်ပြေအောင် စစ်ရပါတယ်။

– Positive လူနာနဲ့ ထိတွေ့ တဲ့ Primary Contact တွေ အကုန် စစ်တယ်။ သူတို့ထဲ ထပ်တွေ့ရင် Secondary Contact ကို စစ်တယ်။ WHO က သတ်မှတ်တဲ့ PUI တွေကို အကုန်စစ်ပါတယ်။

– Q ၀င်ထားသူ စုစုပေါင်းက ၂ သိန်း ၁ သောင်းရှိလို့ အကုန် စစ်ဖို့ မဖြစ်နိုင်ပါ။ လက္ခဏာ ရှိသူတွေကို စစ်တယ်။ April 15 ကနေ May 15 အထိ ၁၀ % ကို စစ်တယ်။ အခု မေလ ၁၇ ရက်နေ့ကစပီး လေကြောင်း၊ ကုန်းကြောင်းက ၀င်လာသူ အကုန်လုံးကို စစ်နေပါတယ်။

– တိုးမြှင့်စစ်ဆေးဖို့ အတွက် မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မှာ စက်တပ်ဆင်ဖို့ ယူနန်က အဖွဲ့ရောက်နေပီ။ မနက်ဖြန်က စတပ်ဆင်မှာဖြစ်ပီး ဇွန်လဆန်းမှာ စစစ်နိုင်မယ်။ RTPCR စက်ဖြစ်ပီး Gold Standard ပါ။

– ကမ္ဘာ့ဘဏ်က ထပ်ပေးတဲ့ ဒေါ်လာ ၈ သန်းနဲ့ မြို့ ၁၆ မြို့မှာ စစ်ဆေးဖို့ လုပ်နေပါတယ်။ PCR မဟုတ်ရင်တောင် PCR နီးပါး ကောင်းမွန်တဲ့ နည်းတွေနဲ့ စစ်ဆေးမှာပါ။

– Test Kit တွေ လုံးဝ မသုံးပါ။ သူက Diagnosis ရှာရာမှာ အသုံးမဝင်ပါ။ Ig M နဲ့ Ig G ပဲ စစ်လို့ ရပါတယ်။ False Positive, False Negative တွေနဲ့ ပိုရှုပ်ထွေးလို့ လုံးဝ မဝယ်ပါဘူး။

– COVID အတွက်နိုင်ငံတော်ငွေ ဘယ်လောက် သုံးစွဲသလဲဆိုရင် ပြည်သူ့ ကျန်းမာရေးက ၇.၃ ဘီလီယံ၊ ကုသရေးက ၁၁.၇ ဘီလီယံ၊ အရေးပေါ် ရန်ပုံငွေထဲက သန်း ၃၀၀နဲ့ ပြည်သူတွေ လှူဒါန်းငွေထဲက ၆၆ သန်း သုံးထားပါတယ်။

– ပိုက်ဆံတွေရတာ နောက်ကျတယ်လို့ မေးထားတယ်။ ပိုက်ဆံက တောင်းချင်တိုင်း တောင်း မရပါ။ သူတို့က Offer ပေးမှ ရတာပါ။ GAVI က ပေးထားတဲ့ သန်း ၁၀၀ အနက်က ၁၀% ကို COVID မှာ သုံးဖို့ အကြောင်းကြားပါတယ်။ သူတို့ စပြောတာက မတ်လ ၁၇ ရက်ပါ။ ချက်ခြင်းရေးပီး ၀န်ကြီးဌာနက Proposal ရေးတင်တာက မတ် ၂၇ ပါ။ Defend လုပ်ပီး ဧပြီ ၆ ရက်နေ့မှာ ဒေါ်လာ ၇.၄ သန်း ချပေးပါတယ်။ ဒုတိယအသုတ် ဧပြီ ၂၇ မှာ ဒေါ်လာ ၉သိန်း ၇သောင်းကျော်ပေးပါတယ်။

– Global Fund က မတ် ၁၉ မှာ စာလာပါတယ်။ ဒီအတွက် Proposal ကို မတ်လ ၂၆ မှာတင်ပါတယ်။ ညတွင်းချင်း Approved လုပ်ပီး အကြောင်းပြန်လာပါတယ်။ ဘာလို့ချက်ခြင်း Aprroved လုပ်ရသလဲဆိုရင် HIV, Malaria နဲ့ TB တွေမှာ လုပ်တဲ့လုပ်ဆောင်ချက်တွေ ကို အလွန်နှစ်ခြိုက်လို့ ကမ္ဘာပေါ်မှာတောင် အတုယူသင့်တဲ့နိုင်ငံဆိုပီး ညွှန်ထားတဲ့အတွက် ချက်ခြင်း Approved လုပ်ပေးတာပါ။ စုစုပေါင်း ၇.၂ သန်း ရပါတယ်။ ငွေကြေးရတာ နောက်မကျပါဘူး။

– နောက်တခုကတော့ အချက် အလက်တွေက Manipulate လုပ်ထားတယ်လို့ စွပ်စွဲပါတယ်။ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်အရ Data ကို တသက်လုံး Manipulate မလုပ်ပါဘူး။ မရှိရင် မရှိဘူး။ ရှိရင် ရှိတယ်။ မမှန်ရင် မမှန်ဘူးလို့ပဲ ပြောပါမယ်။ အဲဒီလိုတော့ ဘယ်တော့မှ မလုပ်ပါဘူး။

– ပြည်သူများ စိတ်မပူရန် တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုတာကို ကျနော် တို့ ဆေးပညာရှင်တွေ၊ ၀န်ထမ်းတွေနဲ့ လူမှုကူညီရေး အဖွဲ့ကလူတွေ အားလုံး တာဝန်ယူမှုအပြည့်နဲ့ လုပ်ဆောင်နေကြောင်း ပြောလိုပါတယ်။

(မနေ့က ညအထိ အလုပ်ဆင်းပီး အဖြေတွေ သေချာပြင်ဆင်ပေး လိုက်တဲ့ ပုဂ္ဂိုလ်များ အားလုံးကိုလဲ အထူးကျေးဇူးတင်မိပါတယ်။)

Nay Thway