




unicode

သူများတွေ နဲ့ မတူ တဲ့ အသည်း ယားစရာ ပုံစံလေးနဲ့ ခဏခဏပြန်ကြည့် ချင်လောက်အောင် Tik Tok ကစားပြ လိုက် တဲ့ ရွှေကစ်လေး ရဲ့ဗီဒီယို

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေ အရမ်းချစ်ရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်နေတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးခဲ့ရသလို ကြော်ငြာတွေ၊ Photo Shooting တွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ရွှေကစ်ရဲ့ အနုပညာလှုပ်ရှားမှု တိုင်းကတော့ အောင်မြင်မှုတွေရရှိနေတာပဲ ဖြစ်ပါတယ်။

ရွှေကစ်လေးက အခု ဆိုရင် အသက် (၃၂) နှစ်တိတိ ပြည့်သွားခဲ့ပြီဖြစ်ပေမယ့်လည်း လူငယ်လေးတစ်ယောက်လို အမြဲတမ်းနုဖတ်လှပနေတာ ဖြစ်ပါတယ်။ တစ်နေ့တခြားအလှတွေတိုးလာပြီး ပရိသတ်တွေရဲ့အချစ်ကို ဆက်တိုက်ရယူနေတဲ့ ကစ်လေးက အခုလည်း သူမရဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေထားပါတယ်။ Tik Tok App ကိုစတင် အသုံးပြုနေပြီဖြစ်တဲ့ ရွှေကစ်လေးက ချစ်စရာဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

ရွှေကစ်လေးက အသည်းယား စဖွယ်ကောင်းလောက်အောင် အမူအရာလေးတွေ လုပ်ပြထားပြီး အရုပ်မလေးလို လှသွေးကြွယ်နေတာပဲဖြစ်ပါတယ်။ သူများတွေနဲ့ မတူတဲ့ပုံစံလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ ကစ်ရဲ့ဗီဒီယိုလေးကတော့ ခဏခဏပြန်ကြည့်ချင်လောက်အောင်ကို
စွဲမက်ဖွယ်ကောင်းနေ တာ ဖြစ်ပါတယ်။ ကဲ ချစ် ပရိသတ်တွေ အတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source & Video Credit-Wutt Hmone Shwe Yi’s Tik Tok Acc

Add a Comment

Your email address will not be published. Required fields are marked *

four + 5 =